အမေဇုံတောမှာ သစ်မှောင်ခိုသမားတွေနဲ့ လူရိုင်းများ ပဋိပက္ခဖြစ်၊ လူရိုင်းတစ်ဦး သေဆုံး

102

အမေဇုံတောနက်ကြီးဟာ သစ်မှောင်ခိုသမားတွေ အများဆုံး သစ်ခိုးထုတ်တဲ့၊ ဧရာမ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ကွက်ကြီး ဖြစ်ပါတယ်။ အဲဒီတောနက်ကြီးထဲမှာ ပညာရှင်တွေ မဖော်ထုတ်နိုင်သေးတဲ့ လူရိုင်းမျိုးနွယ်စုတွေ အများအပြား ရှိနေသေးပြီး ပြီးခဲ့တဲ့(၂)နှစ်လောက်ကလည်း လူရိုင်းရွာတစ်ရွာလုံးနီးပါး သစ်မှောင်ခိုသမားတွေ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

အခုလည်း လူရိုင်းမျိုးနွယ်စုတွေဟာ သူတို့နေထိုင်တဲ့ တောအုပ်ကြီးကို ဖျက်ဆီးနေတဲ့ သစ်မှောင်ခိုသမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရာ၊ သူတို့ လူမျိုုးစုတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ တစ်ဦးသေဆုံးခဲ့ကြောင်း ခေါင်းဆောင်က ပြောပါတယ်။ သူကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် အသက်မသေခဲ့ပါဘူး။

တိုက်ခိုက်ခံရသူတွေကတော့ Paulo Paulino Guajajara နဲ့ သူတို့မျိုးနွယ်စုခေါင်းဆောင် Laercio Guajajara တို့ဖြစ်ပါတယ်။ Laercio ကတော့ အသက်မသေခဲ့ပါဘူး။ သူတို့ဟာ သစ်တောကာကွယ်ရေး အဖွဲ့ဝင်တွေလည်း ဖြစ်ပြီး၊ Maranhao ပြည်နယ် အရှေ့မြောက်ပိုင်း Arariboia မှာ ကင်းလှည့်စဉ်-

သစ်မှောင်ခိုသမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ သူတို့ဟာ မျိုးနွယ်စုတွေဖွဲ့ထားတဲ့ နယ်မြေကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ Guardians of the Forest မှာ တပ်သားတွေဖြစ်ပြီး၊ ဒီတပ်ဖွဲ့မှာတော့ ဒေသခံလူရိုင်း အစုအဖွဲ့(၁၀၀)လောက်နဲ့ ဖွဲ့စည်းထားတာပါ။

Paulo ဟာ လည်ပင်းကို သေနတ်နဲ့ထိမှန်ခဲ့ပြီး သေဆုံးခဲ့ရပါတယ်။ သူတို့ဟာ ချောင်းငယ်တစ်ခုမှာ ရေသောက်နေစဉ် သစ်မှောင်ခိုသမားတွေ ချောင်းမြောင်းပစ်တာကို ခံခဲ့ရတာပါ။ ဒီအတွက် အနီးဆုံးရဲစခန်းကို အမှုဖွင့်ထားသော်လည်း ထိရောက်တဲ့ ဖြေရှင်းမှုတော့ မရသေးပါဘူး။

နတ်သူကြီး-AlinnMyay(အလင်းမြေ)