သေသွားတဲ့ အိုင်အက်စ်ခေါင်းဆောင် အဘူရဲ့အစ်မကို တူရကီစစ်တပ်က ဖမ်းဆီးနိုင်ခဲ့

97

မကြာသေးခင်က အိုင်အက်စ်ခေါင်းဆောင် Abu Bakr al-Baghdadi ဟာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါမှာတော့ Abu ရဲ့ အစ်မဖြစ်သူကို သူမ ပုန်းအောင်းနေထိုင်ရာကနေ အရှင်ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

Abu ရဲ့ အစ်မကြီးအမည်မှာ Rasmiya Awad ဖြစ်ပြီး၊ အသက်(၆၅)ဖြစ်ပါတယ်။ သူမဟာ တူရကီစစ်တပ်တွေ ရောက်လာတော့ ကုန်ကားနောက်တွဲမှာ ပုံးအောင်းနေခဲ့တာဖြစ်ပြီး၊ ဆီးရီယား အနောက်မြောက်ပိုင်း အဇက်မြို့က တစ်နေရာမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမ ပုန်းအောင်းနေထိုင်ရာ ဒေသဟာ ယခင်က ဆီးရီးယားမြောက်ပိုင်း ပိုင်နက်တစ်ခုဖြစ်ပြီး၊ တူရကီတွေက တိုက်ခိုက် ထိန်းချုပ်ထားတဲ့ နယ်မြေအောက်မှာ မကြာသေးခင်က ကျရောက်ခဲ့ရတဲ့ နယ်မြေဖြစ်ပါတယ်။ Awad နဲ့အတူ ခင်ပွန်းသည်၊ ချွေးမနဲ့ ကလေးငါးဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။

သူူတို့ကို ဘယ်လိုပုဒ်မနဲ့ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပေမယ့် အိုင်အက်စ်ခေါင်းဆောင်နဲ့ နှီးနွယ်ပတ်သက်နေလို့၊ ဒါမှမဟုတ် နယ်မြေအကြမ်းဖက်မှုလုပ်ငန်းတွေမှာ တစ်နည်းတစ်ဖုံး ပတ်သက်လိမ့်မယ်ထင်လို့ ဖမ်းဆီးခဲ့တာလို့ ယူဆရပါတယ်။ သို့သော် သူတို့နဲ့အတူ အကြမ်းဖက်မှု ဖောက်ခွဲရေးပစ္စည်းတစ်စုံတရာ သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိပါဘူး။

နတ်သူကြီး-AlinnMyay(အလင်းမြေ)