ဖြစ်ပုံဆန်းတဲ့ ဆိုင်ကယ်စီးသူရဲ့ ဖြစ်ရပ်..

113

လမ်းဘေးရပ်ထားသည့် ပရိုဘောက် ကားကို ဆိုင်ကယ်ဖြင့် အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက် ဆိုင်ကယ်မောင်းသူ ကားအနောက်ခန်း အတွင်း ကျွံဝင်ညပ်နေတဲ့ အဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊ ဖျာပုံ-ရန်ကုန်အဝေးပြေးလမ်းပေါ်တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာ ၅ ရက်ညပိုင်းက လမ်းဘေးချ ရပ်ထားသည့် ပရိုဘောက် ကားကို တစ်ဦးတည်း ဆိုင်ကယ် စီးလာသည့်လူငယ်မှ ဝင်တိုက်ကာ မှန်ကွဲပြီး ကား၏ အနောက်ခန်း အတွင်းကျွံဝင်သွားပြီး ခက်ခက်ခဲခဲကယ်ထုတ်၍ ဆေးရုံတင်ပို့ထားရကြောင်းသိရသည်။

”ရပ်ထားတဲ့ ကားကို ရုပ်တရက်အရှိန် ပြင်းပြင်းနဲ့ ဝင်တိုက်တာပါ ဒါနဲ့ တစ်ခါ တည်း ပရိုဘောက် ကားရဲ့ အနောက် ခန်းအတွင်းကျွံဝင်သွားပါတယ် မနည်း ကယ်ထုတ်ပြီး အခုတော့ ဆေးရုံတင်ပို့ ထားပါတယ် ဒဏ်ရာကတော့ သိပ်ပြီး တော့ မဟန်ပါဘူး စိုးရိမ်ရတယ်”ဟု ဖျာပုံ မြို့ အမှတ် ၈၀ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲ အရာရှိ ဇာနီထွန်းကပြောသည်။

အဆိုပါ ဒဏ်ရာရသူကို ပြည်သူများမှဝိုင်း ဝန်ကယ်ထုတ်ကာဆေးရုံတင်ပို့လိုက်ပြီး ဖျာပုံမြို့အမှတ် ၈၀ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆိုယ်ကယ်မဆင်မခြင်မောင်းသူအား ဥပဒေ နှင့်အညီ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် ယင်းနေရာသည် လပိုင်းအတွင်း အသစ်ဖောက် အဆင့်မြှင့်တင်ထားသည့် ဖျာပုံ-ရန်ကုန် လမ်းမကြီးနေရာဖြစ်ကြောင်းသိရသည်။

သတင်းတာဝန်ခံ-ကျော်ခေတ်လင်းAlinnMyay(အလင်းမြေ)