တောဝက်ဘောလုံးအသင်းပိတ်မိခဲ့တဲ့ ဒဏ္ဍာရီထဲက ဒွိုင်နန်းနွမ် လှိုင်ဂူကြီးဖွင့်ပြီ.

118

အမျိုးသမီးတဦး လှဲအိပ်နေတဲ့ပုုံစံ ဖြစ်နေတဲ့ ထိုုင်းနိုုင်ငံ ချင်းရိုုင်ခရိုင်မဲဆိုုင်မြို ့အနီးက ဒွိုင်နန်းနွမ်တောင်တန်းကြီးဖြစ်ပါတယ်။

ယိုုးဒယားနဲ ့ဗမာ တွေဟာ ရှေးအခါ ကမူ ကိုယ့်မင်းကိုုယ့်ချင်း မင်းဆက်ခေတ်က ယခုု ဇင်းမယ် (ချင်းမိုုင်) လင်ဇင်း (ချင်းရိုုင်) ဒေသတွေဟာလည်း ရှမ်းစော်ဘွားတွေ တထီးတနန်း အုုပ်ချုပ်ရာ နယ်မြေဒေသတွေဖြစ်ခဲ့ပါတယ်။

ယိုုးဒယားပိုုင် ဇင်းမယ် လင်းဇင်း ဒေသတွေကိုု အနော်ရထာမင်းစော ဆင်ဖြူရှင် အလောင်းဘုုရား ဘုုရင်နောင် စသည်ဗမာမင်းဆက်တွေက အဆိုုပါဒေသတွေကိုု အကြိမ်ကြိမ်သိမ်းပိုုက်ခဲ့ကြတယ်လိုု ့ သမိုုင်းသုုတေင်္သီတွေရဲ ့ မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ယခုုမယ်ဆိုုင်မြို ့ဟာ ထိုုုုင်းအခေါ် ထိုုင်ယိုင် (ရှမ်းကြီး)တွေအများဆုုံးနေထိုုင်ရာဒေသပါ ၊ မယ်ဆိုုင်မြို ့ က နန်းနနွမ် ကျောက်လှိုုင်ဂူ ( တောဝက်ဘောလုံးအသင်းဝင် ၁၃ ဦး ပိတ်မိခဲ့တဲ့ဂူ) ရဲ ့ သမုုိ်င်းဟာလည်း ရှမ်းစော်ဘွားသမီးတော်တပါးနဲ ့ဆက်စပ်နေတယ်လိုု ့ မယ်ဆိုင်မြို ့သူမြို ့သားတွေ ရဲ ့ ရှေ းဟောင်းရာဇဝင်တွေမှာဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း လေးရာကျော်ကာလက ရှမ်းစော်ဘွား သမီးတော် တပါးနဲ ့ အညတရ မြင်းထိန်း တဦးတိုု ့ ချစ်ကြိုက်ခဲ့ကြပြီး ယခုု ဒွိုင်နန်းနွမ်းဒေသကိုု ထွက်ပြေးလာကြပါတယ်။

မိဘတွေက သဘောမတူ ကြတော့ သူတိုု ့နှစ်ဦးကိုုခွဲဖို ့ မြင်းတပ်တွေနဲ ့ တောနင်းရှာနေတဲ့အခါ ။ ကိုုယ်ဝန် အရင့်အမာဖြစ်နေတဲ့ မင်းသမီးနဲ ့မြင်းထိန်းတိုု ့ဟာ ကျောက်လှိုင်ဂူကြီးတခုု အတွင်း ဝင်ပုုန်းအောင်းနေခဲ့ကြပါတယ်။

ကျောက်ဂူအတွင်းမှာ မင်းသမီးဖွက်ပြီး မြင်းထိန်းဟာ တောင်အောက်ကိုု အစာရေစာ ရှာဘိုု ့ ထွက်လာခဲ့ရာမှာ မင်းသမီးရဲ ့ ဖခင် စော်ဘွားရဲ ့ မြင်းတပ်တွေနဲ ့တွေ ့ပြီး အသတ်ခံခဲ့ရပါတယ်။

မင်းသမီးဟာ သူ မချစ်သူ ပြန်ရောက်မလာလိုု ့ စိတ်ပူပန်ပြီင်္း စောင့်မေ ျှာ် နေချိန်မှာ ကိုုယ်ဝန်အရင့်အမာနဲ ့မနာမကျန်းဖြစ် လဲနေချိန် သူမကိုုရှာနေကြတဲ့ မြင်းတပ်တွေ ကျောက်ဂူကြီးနားနီးလာပြီဆိုုတာကိုု သိခဲ့တဲ့အချိန်မှာ မင်းသမီးဟာ သူမဦးခေါင်းကိုု ကျောက်နဲ ့ထုုပြီး သတ်သေခဲ့တယ်လိုု ့ ဆိုုပါတယ်။

ဒွိုင်နန်းနွမ် တောင်တန်းကြီးကိုု အဝေးကကြည့်ရင် အမျိုးသမီးတဦးအိပ်နေတဲ့ပုုံဟာ သေဆုုံးသွားတဲ့မင်းသမီး ရဲ ့ ပုုံရိပ်ဖြစ်တယ်လိုု ့ ဒေသခံ တွေကယုုံကြည်နေတာပါ။

ကိုုယ်ဝန်နဲ ့ သေဆုုံးသွားခဲ့တဲ့ မင်းသမီးဟာ နန်းနွမ်းတောင်တန်းကြီးရဲ ့တောင်ပိုုင်မယ်တော်ကြီးလိုု ့ သတ်မှတ်ကိုုးကွယ်ကြပါတယ်။

နန်းနွမ် ကျောက်တောင်ကြီးကိုု အများစုုကသိတ်မသွားရဲကြပါဘူး ။

တောကြမ်းတယ် ၊ ကျောက်လှိုင်ဂူထဲဝင်မယ်ဆိုုရင် အပြောအဆိုုဆင်ချင်ရတယ်၊ တောင်းပိုုင်မယ်တော်ကြီး ကိုုခွင့်တောင်းပွဲပေးပြီးမှ ဝင်ကြရပါတယ်လို ့ဆိုကြတယ် ။ဝင်ကြည့်တဲ့သူတွေ လမ်းမှားပြီးပြန်မထွက်နိုုင်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

(အဲဒီဂူသမိုင်းကိုရေးသားကြတဲ့စာပေတွေထဲက လွမ်းမောဖွယ်ရာ ဒွိုင်နန်းနွမ် ရဲ ့ဒဏ္ဍာရီ တပုဒ်ဆိုပါတော့)

( ဒွိုင်ဆိုတာ တောင်ကိုခေါ်တာပါ )

ရှမ်းမင်းသမီးလေးရဲ ့လှိုင်ဂူ နိုဝင်ဘာလက စဖွင့်ပြီ

မြန်မာနွယ်ဖွားနိုင်ငံမဲ့ကလေးများပါတဲ့တောဝက်ဘောလုံးအသင်းဝင် ၁၃ဦးပိတ်မိနေခဲ့တဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုင်မြို ့အနီးက နန်းနနွမ် ခေါ်ထလွမ် Tham Luang cave (ရှမ်းမင်းသမီးအိပ်နေသည့် တောင်တန်း) လို့အမည်ရတဲ့ကျောက်လှိုင်ဂူ ကို ကို ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အများပြည်သူ ကြည့်ရူ ့နိုင်ရန် နိုဝင်ဘာလ ၁ရက်နေ့ကကစပြီး မနက်(၈) နာရီကနေ ညနေ(၄း၃၀) အချိန်အထိ ထိုင်းအစိုးရ ကစတင် ဖွင့်လစ်ပေးခဲ့ ပါတယ် ဒါဟာ သမိုင်းဝင်နိုင်ငံတကာသိတဲ့ဖြစ်ရပ်ဖြစ်ခဲ့တဲ့နေရာဖြစ်တာကြောင့်ကော သဘာဝပတ်ဝန်းကျင်ကို ဆက်လက်ထိမ်းသိမ်းနိုင်ဖို့ပညာပေးတဲ့အနေနဲ့ဖွင့်လှစ်ပြသတာဖြစ်တယ်လို့ ထလွမ် Tham Luang သဘာဝ သစ်တော ထိမ်းသိမ်းရေး ဒါရိုက်တာ) နိင််ကျုံခလိုင် ၀ါရဖုန် Jongklai Woraphongsathorn က ပြောဆိုခဲ့ပါတယ်

၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုင်မြို့က မြန်မာနိုင်ငံသား ရှမ်းနွယ်ဖွား နိုင်ငံမဲ့ လူငယ်တွေ ပါဝင်တဲ့ တောဝက်ဘောလုံး အသင်းဟာ ကျောက်လှိုဏ်ဂူအတွင်း ခေတ္တလည်ပတ်ဖို့ ဝင်ကြည့်ခဲ့တဲ့အချိန် မိုးတွေရွာလာပြီး လှိုဏ်ဂူအတွင်းမှာ တောင်ကျရေတွေ တက်လာတာကြောင့် ဂူပြင်ကို ပြန်မထွက်နိုင်တော့ပဲ ၁၇ ရက်တာ ပိတ်မိနေခဲ့ကြတာပါ။ နောက်ဆုံး အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ကို ကယ်ဆယ်ရင်းနဲ့ အောက်စီဂျင် ပြတ်လပ်ခဲ့တာကြောင့် ထိုင်းရေတပ်က တပ်ကြပ်ကြီး တဦးကတော့ သေဆုံးသွားခဲ့ရပါတယ်။

ဒီလှိုင်ဂူဟာမိုးတွင်းမှာတောင်ကျရေကြောင့် အန္တရယ်များပေမဲ့ အခု အခါမှာတော့ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ထိုင်းနိုင်ငံသားတွေကြည့်ရူနိုင်အောင် နိုဝင်ဘာလ ၁ရက်နေ့ကစတင်ပြိး ဖွင်လှစ်ပေးလိုက်ပါတယ် ။

Aye Aye Mar – Social Action for Children and Women – SAW