လွန်ခဲ့တဲ့(၁၅)နှစ်က ဓာတ်ပုံအတူရိုက်ဖူးတဲ့ လူနှစ်ဦးရဲ့ ထူးဆန်းလွန်းတဲ့တိုက်ဆိုင်မှု

136

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကံချင်း တိုက်ရိုက်မတူနိုင်ပါဘူး။ မိသားစုဝင်အချင်းချင်းတောင်၊ ဒါမှမဟုတ် ကံစပ်လို့ရထားတဲ့ အိမ်ထောင်ဘက် အချင်းချင်းတောင် ကံချင်းမတူနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ တိုက်တိုက်ဆိုင်ဆိုင် ကံတရားတွေ တူတဲ့အခါ ထင်မှတ်မထားတဲ့ အမှတ်တရလေးတွေက လက်တွေ့ဘဝမှာပါ ကူးစက်လာတတ်ပါတယ်။

အခုလည်း ကောင်လေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ (၁၅)နှစ်က လေယာဉ်မယ်တစ်ဦးနဲ့ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲပါတယ်။ ကံချင်းတူတော့ အလုပ်ချင်းတူပုံများ သူ အသက်(၂၀)ပြည့်တဲ့အချိန်မှာ သူဟာ အဲဒီဝါရင့် လေယာဉ်မယ်ကြီးနဲ့အတူ တာဝန်ထမ်းဆောင်နေပါပြီ။

ဒီတိုက်ဆိုင်မှုဟာ သာမန်အားဖြင့် ဘာမှမဟုတ်ဖူးလို့ ပြောလို့ရပေမယ့်၊ သူတို့နှစ်ယောက်အတွက်ကတော့ အလွန်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုကြီးဖြစ်ပါတယ်။ ကောင်လေးနာမည်ကတော့ Xu Yang Feng ဖြစ်ပြီး၊ (၂၀၁၄)ခုနှစ်တုန်းက သူ ပထမဆုံး လေယာဉ်စစီးဖူးစဉ်၊ လေယာဉ်မယ်တစ်ဦးနဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

သူဟာ ထိုစဉ်တုန်းက အသက်(၅)နှစ်သား အရွယ်သာရှိပါသေးတယ်။ သူဟာ ပထမဆုံး လေယာဉ်စစီးဖူးတဲ့ ခရီးစဉ်မို့ ပျော်လွန်းလို့ လေယာဉ်မယ်ကြီးနဲ့ အမှတ်တရဓာတ်ပုံရိုက်ခွင့် တောင်းခဲ့တာပါ။ သူ့မိဘတွေက ဒီဓာတ်ပုံကို ရိုက်ပေးခဲ့ပါတယ်။

(၂၀၁၉)မှာ Xu ဟာ Civil Aviation Flight Academy မှာ တတိယနှစ်ကျောင်းသား ဖြစ်နေပါပြီ။ နောက်ပြီး ဒီနှစ်မှာပဲ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းမှာ လက်တွေ့အလုပ်သဘော ဆင်းရပါတယ်။ ဖြစ်ချင်တော့ လွန်ခဲ့တဲ့(၁၅)နှစ်က ဓာတ်ပုံအတူတူရိုက်ခဲ့တဲ့ လေယာဉ်မယ်ကြီးက သူ့ရဲ့ စီနီယာပါ။

လေယာဉ်မယ်ကြီးရဲ့နာမည်ကတော့ Fang ဖြစ်ပြီး၊ သူမကလည်း လွန်ခဲ့တဲ့(၁၅)နှစ်က ဓာတ်ပုံအတူတူ ရိုက်ခဲ့တဲ့ကိစ္စကို ကောင်းကောင်းကြီး မှတ်မိနေတယ်လို့ ပြောပါတယ်။ Fang ဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် အခုအချိန်ထိ နုပျိုချောမောနေတုန်းပါဘဲ။ Xu ကတော့ သူရဲ့ ကုသိုလ်ကံကို အလွန်အံ့သြနေပါတယ်။

နေသူရိန် D Nae Khit Media