ညလုံးပေါက် ဂိမ်းဆော့ရင်း ခုံပေါ်ကနေ လျှောကျ သေဆုံးခဲ့ ၁၇ အရွယ် ကောင်းလေးရဲ့ ဖြစ်ရပ်

239

ဒီနေ့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတဲ့ စိတ်မကောင်းစရာနိုင်ငံတကာ သတင်းလေးတပုဒ်ကတော့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက် ဂိမ်းအဆော့လွန်ကာ ကွန်ပျူတာခုံပေါ်မှာပင် သေဆုံးသွားခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်

ဖြစ်စဉ်မှာ ထိုင်းလူငယ်လေးဟာ ညလုံးပေါက်ဂိမ်းကစားပြီး မိုးလင်းလာလျှင်လည်း လိုက်ကာများဆွဲချကာ ဆက်လက်ကစားခဲ့ကြောင်း လူငယ်၏မိဘများက ဆိုသည် ထမင်းစားချိန်ရောက်သဖြင့် ထမင်းစားခိုင်းလျှင်လည်းမစားကြောင်း ဘယ်လိုပြောပြော မစားကြောင်းမိဘများက ပြန်ပြောခဲ့ကာ သေဆုံးသည့်နေ့က သွားကြည့်ရာမှ ကွန်ပျုတာခုံပေါ်တွင် လဲကျသေဆုံးနေခဲ့ကြောင်းသိခဲ့ရသည်ဟုဆိုသည် ဆေးမှုးများ၏ပြောကြားချက်အရ ကွန်ပျုတာရှေ့မှမထဘဲ နေ့ညဆက်တိုက် ဂိမ်းဆော့နေသဖြင့် လေဖြတ်သေဆုံးခဲရခြင်းဖြစ်ကြောင်း သိခဲ့ရပါတယ်

မည်သည့်အရာကိုမဆို တန်ဆေးလွန်ဘေး ဖြစ်တတ်ကြောင်း ဒီဖြစ်ရပ်လေးကသက်သေပါပဲနော် Shwe Yaung Lan မီဒီယာမှ ပရိသတ်ကြီး သင်ခန်းစာယူနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်

Writer – Magic(Shwe Yaung Lan)