ပျောက်သွားတဲ့ လက်စွပ်ကိုရှာရင်း၊ ထင်မှတ်မထားဘဲ ရွှေသိုက်ကြီးတွေ့ရှိခဲ့သူ

45

အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းရဲ့ ပျောက်သွားတဲ့ လက်စွပ်ကို ကူရှာရင်း ထင်မှတ်မထားဘဲ ရွှေသိုက်ကြီး တွေ့ရှိခဲ့ပါတယ်။ အဲဒိီရွှေသိုက်ကြီးဟာ လွန်ခဲ့တဲ့နှစ်များစွာက သွန်းလုပ်ခဲ့တဲ့ ရွှေဒင်္ဂါးတွေဖြစ်ပြီး ပေါင်အားဖြင့် (၁)သိန်းကျော် တန်ဖိုးရှိကြောင်း သိရပါတယ်။

ဒီသတင်းကို The Sun က ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်လိုက်တာပါ။ ရွှေတွေကို တွေ့ရှိခဲ့သူအမည်ကတော့ Paul Raynard ဖြစ်ပါတယ်။ သူဟာ အသက်(၄၄)နှစ်ပါ။ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကလည်း သတ္တုရှာဖွေစက်နဲ့ ရွှေရှာတဲ့ အလုပ်လုပ်ပါတယ်။

ဒါပေမယ့် လုပ်သက်တော်တော်ကြာတဲ့အထိ ချမ်းသာမယ့်ရွှေမျိျုး မတွေ့ခဲ့ရပါဘူး။ အခုအခါမှာတော့ Paul ဟာ သူငယ်ချင်းပျောက်ဆုံးသွားတဲ့ လက်စွပ်ကို ကူရှာပေးရင်းနဲ့ ရွှေဒင်္ဂါး (၈၄)ပြားကို တွေ့ခဲ့ရတာပါ။ တစ်ချို့ရွှေဒင်္ဂါးတွေကတော့ အဋ္ဌမမြောက်ဟင်နရီဘုရင် လက်ထက်က သွန်းလုက်ခဲ့တာတွေပါ။

သက္ကရာဇ်အားဖြင့် (၁၅၀၀)ခုနှစ်က ဝန်းကျင်လောက်ကပါ။ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်(၅၀၀)ကျော်နေပြီဖြစ်တဲ့ ရွှေတွေပါ။ ဒီရွှေတွေကို သူငယ်ချင်း Michael Gwynne နဲ့အတူ တွေ့ရှိခဲ့တာမို့ နှစ်ယောက်ဆိုင်ပါတယ်။ လက်စွပ်ပျောက်တဲ့ သူငယ်ချင်းက မွေးမြူရေးလုပ်ငန်း လုပ်သူပါ။

သူက အကူအညီတောင်းလို့ Michael နဲ့ Paul တို့က အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရွှေတွေကို Ulster Museum မှာအပ်နှံထားပါတယ်။ ရှာခိုင်းတဲ့လက်စွပ်ကတော့ အခုထက်ထိ မတွေ့ရသေးပေမယ့်၊ သူတို့ကို ပြတိုက်က ထိုက်တန်တဲ့ဆုကြေး ချီးြုမင့်မှာပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)