လေယာဉ်ဦးပိုင်းမှာ ကောင်မလေး တင်မိလို့၊ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လေယာဉ်မှူး

42

တရုတ်နိုင်ငံက လေယာဉ်ကပ္ပတိန်တစ်ဦးဟာ လေယာဉ်ဦးပိုင်းထဲမှာ အမျိုးသမီးခရီးသည် ချောချောလေးတစ်ဦးကို ဝင်ခွင့်ပြုခဲ့တဲ့အတွက် ထင်မှတ်မထားပါဘဲ၊ ဘဝနဲ့ချီတဲ့ ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့ရပါတယ်။ သူဟာ လေယာဉ်မှူးတွေ လိုက်နာရမယ့် ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ခဲ့မိတာပါ။

ဒီအကြောင်းကို NextShark က ဖော်ပြထားတာဖြစ်ပြီး AlinnMyay(အလင်းမြေ)က ဘာသာပြန်တင်ဆက်လိုက်တာပါ။ အဆိုပါ လေယာဉ်မှူးဟာ လေယာဉ်ဦးပိုင်းလို အထူးကန့်သတ်နေရာကို ပုဂ္ဂိုလ်ရေးအရ လွဲမှားစွာ အသုံးပြုခဲ့တာပါ။ ခရီးသည်ဟာ လေယာဉ်ခလုတ်တွေကို မလိုအပ်ဘဲ လျှောက်နှိပ်ရင်-

ကျန်တဲ့ခရီးသည်တွေအတွက် ကံဆိုးမိုးမှောင် ကျသွားနိုင်ပါတယ်။ ဒီဥပဒေကို လေယာဉ်မှူးတိုင်း လိုက်နာရပါတယ်။ ယခင်ကလည်း အီဂျစ်လေယာဉ်မှူးတစ်ယောက်ဟာ ဆယ်လီတစ်ဦးကို လေယာဉ်ထိန်းချုပ်ခလုတ်တွေ ကိုင်တွယ်စေခဲ့လို့ ရာသက်ပန် လိုင်စင်ပိတ်သိမ်းခံခဲ့ရသလို၊ လက်ထောက်လေယာဉ်မှုက (၁)နှစ် ပျံသန်းခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

မကြာသေးခင်က ရုရှားမှာ လေယာဉ်မှူးဟာ လေကြောင်းအရာရှိမဟုတ်တဲ့ ချစ်သူကို ဦးပိုင်းမှာ စီးနင်းလိုက်ပါစေခဲ့လို့၊ သူ့ကိုလည်း ရုရှားလေကြောင်းအာဏာပိိုင်တွေက လိုင်စင်ရာသက်ပန် ပိတ်သိမ်းခဲ့ပါတယ်။ အခု ဒီတရုတ်လေယာဉ်မှူးကလည်း ဒီလိုအပြစ်ကို ကျူးလွန်ခဲ့တာပါဘဲ။

သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိဘဲ၊ Air Guilin လေကြောင်းလိုင်းမှ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ဦးပိုင်းကို ဝင်ခဲ့တဲ့ ကောင်မလေးကတော့ Chen Yuying  လို့ သိရပြီး၊ ပြီးခဲ့တဲ့ ဆယ်လကြာက အဖြစ်အပျက်ဆိုပေမယ့်၊ သူမရဲ့ဓာတ်ပုံတွေဟာ အပေါ်က အရေးယူမှုတွေအပြီးမှာ လိုင်းပေါ် ပြန်တက်လာခဲ့တာပါ။

Chen ဟာ Guilin Tourism University မှ တတိယနှစ်ကျောင်းသူလေးဖြစ်ပြီး၊ လွန်ခဲ့တဲ့ဆယ်နှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုသော်လည်း လေယာဉ်မှုကို လေကြောင်းဆိုင်ရာ ဥပဒေတွေက အတိအကျ ပြဋ္ဌာန်းထားတဲ့အတွက် ရာသက်ပန် လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)