ကွင်းထဲဝင်လာတဲ့ ကြက်ကို ကန်ထုတ်ခဲ့တဲ့ ဘောလုံးသမား အနီကတ်ပြခံရ

70

ခရိုအေးရှားနိုင်ငံက၊ ဆီမီးပရော်ဖတ်ရှင်နယ် ဘောလုံးပွဲစဉ်တစ်ခုမှာ ဘောလုံးသမားတစ်ဦးဟာ ကွင်းထဲကို ဝင်ရောက်လာတဲ့ ကြက်တစ်ကောင်ကို သေသည်အထိ ကန်ကျောက်ခဲ့တဲ့အတွက်၊ အဲဒီပွဲစဉ်ကို တာဝန်ယူကိုင်တွယ်နေတဲ့ ဒိုင်လူကြီးက ယင်းကစားသမားကို အနီကတ်ပြထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။

ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမားအမည်ကတော့ Ivan Gazdek လို့ သိရပြီး၊ အသက်(၂၃)နှစ်အရွယ် NK Jelengrad အသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။ သူဟာ ကွင်းထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ကြက်တစ်ကောင်ကို အားနဲ့လွှဲကန်ပြီး မောင်းထုတ်ခဲ့တာပါ။

ဒီအကြောင်းကို DailyStar သတင်းမှာ ဖော်ပြထားပြီး၊ AlinnMyay(အလင်းမြေ) က ဘာသာပြန်တင်ဆက်လိုက်တာပါ။ ကြက်က သေသွားတော့ Ivan ဟာ ကြက်သေကောင်ကို ကွင်းရဲ့တစ်ခြားတစ်ဖက်ကို လွှင်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ကွင်းထဲကို ဝင်လာတဲ့ ကြက်တွေကတော့ တော်တော်လေး များပါတယ်။

Ivan ကို ဒိုင်လူကြီးက အားကစားသမားနဲ့ မလျှော်တဲ့အပြုအမူကို ပြုလုပ်လို့ဆိုပြီး အနီကတ်ပြခဲ့တာပါ။ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလို့ သိရပါတယ်။ သူဟာ ကြက်အုပ်ပိုင်ရှင်ကိုလည်း တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ အနီကတ်ပြခံရပေမယ့် NK အသင်းဟာ အဲဒီပွဲမှာ (၈-၁)နဲ့ နိုင်ခဲ့ပါသတဲ့။

နတ်သူကြီး-AlinnMyay(အလင်းမြေ)