ဖခင်ဖြစ်သူမှ သမီးအရင်း ကိုးတန်းကျောင်းသူကို အကြိမ်ကြိမ်သားမယာပြု့ကျင့်

51

သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်နေ မ ——၊ (၁၇)နှစ်၊ (ဘ)ဦးစိုင်းကျော်ဇော၊ (၉)တန်းကျောင်းသူသည် ၁၆-၁၀-၂၀၁၈ ရက်နေ့ (၁၉းဝ၀) အချိန်ခန့်တွင် မိခင်ဖြစ်သူမှာ တောင်ကြီးမြို့သို့ရောက်ရှိနေပြီး ၎င်း၏ဖခင်အရင်းဖြစ်သူ ဦးစိုင်းကျော်ဇော(၄၃)နှစ်၊ (ဘ)ဦးသန်းရွှေ၊ ဆောက်လုပ်ရေးကန်ထရိုက်နှင့် အတူ နေအိမ်၌ရှိနေစဉ် ဖခင်ဖြစ်သူမှ နေအိမ်အိပ်ခန်းအတွင်းခေါ်၍ အင်္ကျီချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်စေလျက် ဖုန်းဖြင့် ညစ်ညမ်းခွေများအတင်းပြသ၍ သားမယားအဖြစ်(၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းဖော်ပြချက်အရသိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ်ဖခင်အားကြောက်ရသဖြင့် မည်သူ့ကိုမျှမပြောပြခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာ ဆောက်လုပ်ရေးကန်ထရိုက်အလုပ်ဖြင့် ခရီးထွက်လေ့ရှိပြီး ခရီးထွက် ရာမှပြန်လည်ရောက်ရှိတိုင်း မိခင်ဖြစ်သူအလစ်တွင် ၎င်းနေအိမ်အိပ်ခန်းအတွင်း မကြာခဏဝင်ရောက်၍ သားမယားအဖြစ်ပြုကျင့်ကြောင်၊ သားမယားပြုကျင့်ပြီး နောက်တားဆေးတိုက်ကြောင်း ၆-၁၁-၂၀၁၉ ရက်နေ့ (၂၂းဝ၀) အချိန်ခန့်တွင် ဖခင်ဖြစ်သူမှာနေအိမ်အိပ်ခန်းအတွင်း ဝင်ရောက်ပြီး သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ပြီးနောက် ၎င်းအိပ်ခန်းအတွင်း သွားရောက်အိပ်စက်၍

၇-၁၁-၂၀၁၉ ရက်နေ့ (၀၂း၃၀) အချိန် မ ——— ၏ နေအိမ်အိပ်ခန်းအတွင်း ထပ်မံရောက်ရှိလာကာ သားမယားအဖြစ်(၁)ကြိမ်ထပ်မံပြုကျင့်ပြီး အိပ်ပျော်သွားစဉ် နံနက် (၀၅းဝ၀) အချိန် ဖခင်ဖြစ်သူမှ လာရောက်နှိုးပြီး မ ———- ၏ ဖုန်းအား စစ်ဆေး၍ ရည်းစားထားရမလားဟု ပြောဆိုပြီး တံမျက်စည်း စတီးလက်ကိုင်ရိုး၊ သစ်သားချောင်းတို့ဖြင့် ရိုက်နှက်ခဲ့သဖြင့် ၎င်းတွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ ယာလက်ခုံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ဝဲ/ယာခြေသလုံးပေါက်ပြဲ၊ ယာခါးဖူးယောင်၊ ယာဂျိုစောင်းဖူးယောင်၊နောက်စေ့ဖူးယောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သထုံခရိုင်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုနောက် ၇-၁၁-၂၀၁၉ရက်နေ့ (၁၅း၄၀)အချိန် မ———- မှ ၎င်းအား သားမယားအဖြစ်ပြုကျင့်ပြီး ရိုက်နှက်ခဲ့သူ ဦးစိုင်းကျော်ဇောအား ဥပဒေအရ အရေးယူပေးရန်တိုင်တန်းသဖြင့် သထုံမြို့မရဲစခန်း (ပ) ၂၃၀၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၂၅ (အမှုကြီးအမှတ်စဉ်၊၁၀/၂၀၁၉) အရ အမှုဖွင့်လှစ်ပြီး တရားခံအားအမှုဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းဓာတ်ပုံ – မွန်ပြည်နယ်ရဲတပ်ဖွဲ့ AlinnMyay(အလင်းမြေ)