‘ပိုက်ဆံမပါတဲ့ အချစ်က အသုံးမဝင်’ဘူးဆိုပြီး ကောင်လေးကို လမ်းခွဲခဲ့တဲ့ ကောင်မလေး

35

အမျိုသမီးတစ်ယောက်ဟာ လိုချင်တာ ဝယ်မပေးနိုင်တဲ့ ချစ်သူအမျိုးသားကို “ပိုက်ဆံမပါတဲ့အချစ်က အသုံးမဝင်ဘူး”လို့ ပြောပြီး လမ်းခွဲခဲ့ကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားပြီး၊ AlinnMyay(အလင်းမြေ) က ဘာသာပြန်လိုက်တာပါ။

အဲဒီအကြောင်းကို UTAR Confessions အမည်ရ FB Group ထဲမှာ ပြန်လည်မျှဝေထားတာပါ။ အဆိုပါ ကောင်မလေးဟာ သူမရဲ့ ချစ်သူက တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ဝယ်ပေးနိုင်ခြင်းမရှိတဲ့အတွက် အခုလို လမ်းခွဲခဲ့တာပါတဲ့။ ဒါပေမယ့် မှတ်ချက်တွေအရတော့-

သူမဟာ ငွေကြေးအတွက် အချစ်ကို ရွေးချယ်ခဲ့သူဖြစ်ကြောင်း၊ အသားကိုသား အဆီကိုစုပ်ပြီး ဘာမှမကျန်တော့ချိန်မှာ အပြစ်ဖို့ လမ်းခွဲခဲ့တာဖြစ်ကြောင်း စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ သူမကတော့ ချစ်သူဆိုတာ ငွေမရှိရင် ဘာမှ တန်ဖိုးမရှိကြောင်း၊ ဘာမှ ဝယ်မပေးနိုင်တဲ့ချစ်သူကို လက်တွဲမိတာ နောင်တရမိတယ်လို့ ပြောပါတယ်။

သူတို့ဟာ ကွာလာလမ်ပူက ထိပ်သီးတက္ကသိုလ်တစ်ခုမှာ ပထမဆုံး စတင်ဆုံတွေ့ခဲ့ကြတာဖြစ်ကြောင်း၊ နောက်တော့ နှစ်ယောက်သား ချစ်သူဖြစ်သွားပြီး တက္ကသိုလ်ပြီးတော့ အလုပ်ကိုယ်စီ လုပ်ခဲ့ကြောင်း၊ လစာကောင်းပေမယ့် သူမ လိုအပ်တဲ့ လိုအပ်ချက်တွေကို ကောင်လေးက ပြည်စုံအောင် လုပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။

သူမဟာ တစ်ရက်မှာ စျေးအလွန်ကြီးတဲ့ Chanel bag တစ်ခုကို ဝယ်ပေးဖို့ ပူဆာခဲ့ရာ၊ အဲဒီ Bag ဟာ ကောင်လေးရဲ့ (၃)နှစ်လုပ်ခလစာနဲ့ တူညီနေလို့ ကောင်လေးက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါသတဲ့။ ကောင်မလေးက အလွန်ဒေါသထွက်သွားပြီး အကြီးအကျယ် ပြဿနာ ဖြစ်ခဲ့ပါတယ်။

နောက်တော့ ကောင်လေးက သူ့ဇာတိ ဆာရာဝက်ကို ပြန်သွားခဲ့ကြောင်း၊ လတော်တော်ကြာတဲ့အခါ သူမရတဲ့ လစာလေးနဲ့ သူမ အဆင်မပြေတော့ကြောင်း၊ ငှားထားတဲ့ အခန်းခက တစ်ခါကို ရင်းဂစ်(၂၀၀၀)အထိ ပေးရတာမို့ သူမအတွက် ဘယ်လိုမှ အဆင်မပြေကြောင်း၊ အခုအချိန်မှာ တန်ဖိုးရှိတဲ့ ချစ်သူကို ဆုံးရှုံးလိုက်ရလို့ သူမ ခဏခဏ ငိုမိတယ်လို့ ပြောခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)