မိမိကိုယ်ကို ကိုယ်ပျောက်လူသားလို့ထင်ပြီး၊ အိမ်ထဲကို အဝတ်မဲ့ဝင်ခိုးတဲ့သူခိုး

33

သူခိုးတစ်ယောက်ဟာ ဝတ်လှစ်စားလှစ် အနေအထားနဲ့ နေအိမ်တစ်ခုကို ဖောက်ထွင်းဝင်ရောက်ခဲ့ရာ၊ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေက သူ့အပြုအမူတွေကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားပြီး AlinnMyay(အလင်းမြေ) က ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။

သူ့ကို သက်ဆိုင်ရာက အတည်ပြုဖမ်းဆီးနိုင်တော့ ဘာလို့ အဝတ်မဲ့ ဖောက်ထွင်းရတာလဲ မေးမြန်းခဲ့ပါတယ်။ အဲဒီသူခိုးက သူ့ကိုယ်သူ ကိုယ်ပျောက်လူသားလို့ ထင်မိတာကြောင့် CCTV တွေ ဘာတွေကိုတောင် ဂရုမစိုက်ဘဲ အတင့်ရဲဝင်ခိုးမိတာဖြစ်ကြောင်း ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ဖြစ်ခဲ့တာပါ။ သူခိုးကို North Jakarta Police Precinct Unit က ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့တာပါ။ သူခိုးက အဝတ်မဲ့ခိုးယူရခြင်းဟာ သူ့ကို ကိုယ်ပျောက်စေတယ်လို့ ယုံကြည်ကြောင်းနဲ့၊ ခိုးရတာလည်း လွယ်ကူပါတယ်တဲ့။

ဒါပေမယ့် သူ ကိုယ်ပျောက်တယ် မပျောက်ဖူးဆိုတာကတော့ CCTV ဗွီဒီယိုမှတ်တမ်းတွေက သက်သေပါဘဲ။ သူ့အမည်ကိုတော့ HL လို့သာ အတိုကောက်ဖော်ပြထားပြီး၊ သူဟာ စာကြည့်တိုက်က Tablet အလုံး(၃၀)အထိ ခိုးယူခဲ့ပါတယ်။ အခုတော့ သူ့ကို ရဲက စစ်ဆေးနေဆဲပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)