သေနတ်သမားကို လက်ထောက်ချနေခြင်း

45

သေနတ်သမားကို လက်ထောက်ချနေတဲ့ မီဒီယာတချို့

ှှှှှှပစ်ခတ်သတ်ဖြတ်ခံရမှုအတွင်းကနေ လွတ်မြောက်လာတဲ့ လူတစ်ဦးရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ အလုပ်အကိုင်ကို အတိအကျရေးသားပြီး သတင်းတွေမှာ ဖော်ပြသင့်ပါသလား…?

အထူးသဖြင့် စစ်ရေးပရိပက္ခတွေကြားက လုံခြုံမှုကင်းမဲ့နေတဲ့ ဒေသတွေက သတင်းတွေမှာပေါ့။

ဒီလိုဖော်ပြလိုက်တာဟာ သေနတ်သမားတွေကို ထပ်ပြီး လာပစ်ပါအုံး၊ တစ်ယောက်တော့ကျန်ပါသေးတယ်၊ သူဟာ ဘယ်မှာနေပါတယ်၊ နာမည်က ဘယ်လို ခေါ်ပါတယ်၊ ဆိုပြီး တိတိကျကျသတင်းပေး ဖိတ်ခေါ်လိုက်သလိုဖြစ်နေတယ်လို့ ယူဆပါတယ်။

သတင်းဖော်ပြမှုကြောင့် အဲ့ဒီလူ ထပ်ပြီး ပစ်သတ်ခံရရင် သတင်းရေးသားဖော်ပြသူတွေရဲ့ တာဝန်မကင်းပါဘူး။

သတင်းတိုင်းဟာ တိကျမှန်ကန်ခြင်း၊ ဘက်မလိုက်ခြင်း၊ တာဝန်ယူမှုရှိခြင်းတွေရှိဖို့က အဓိကကျပေမယ့် မလိုအပ်ပဲ တိတိကျကျဖော်ပြမှုတွေဟာ ပြစ်မှုတွေကို ထပ်မံဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်။

ကိုယ်ခြင်းစာတရားမဲ့တဲ့ သတင်းဖော်ပြမှုပါ။ လူတိုင်းမှာ မိသားစုရှိကြပါတယ်။ သင်ဟာ ပစ်ခတ်ခံရမှုအတွင်းက လွတ်မြောက်လာသူတစ်ဦး ဆိုရင်ကော … သင့်နာမည်၊ နေရပ်လိပ်စာနဲ့ အလုပ်အကိုင်ကို အများသိအောင် သတင်းမှာ

အတိအကျဖော်ပြရင် လက်ခံနိုင်ပါ့မလား…?

သတင်းရင်းမြစ်တွေကို သတင်းထောက်က အပြည့်အဝကာကွယ်ပေးရပါမယ်လို့ ကျင့်ဝတ်စည်းမျဉ်းတွေရှိပါတယ်။

ပဋိပက္ခနယ်မြေက သတင်းတွေကို ကွင်းမဆင်းဘဲ ဖေ့ဘုတ်နဲ့ ဖုန်းကို အခြေခံပြီး ရေးနေသူတွေအနေနဲ့ လူသားခြင်းစာနာစိတ်၊ ကိုယ်ခြင်းစာတရားထားပြီး မျှမျှတတ ရေးသားစေချင်ပါတယ်။

ဆရာတော်တွေ ပြည်သူတွေကို မြို့ထဲ ကျောင်းထဲဝင်ပြီး ပစ်ခတ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ များပြားလှတဲ့ ရှမ်းပြည်နယ်က သတင်းတွေကိုပေါ့။

ဒီစာစုနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် အယူအဆကွဲပြားနိုင်ပါတယ်။

ကျွဲကြီး

ေသနတ္သမားကို လက္ေထာက္ခ်ေနတဲ့ မီဒီယာတခ်ိဳ႕

ွွွွွွပစ္ခတ္သတ္ျဖတ္ခံရမႈအတြင္းကေန လြတ္ေျမာက္လာတဲ့ လူတစ္ဦးရဲ႕ အမည္၊ ေနရပ္လိပ္စာနဲ႔ အလုပ္အကိုင္ကို အတိအက်ေရးသားၿပီး သတင္းေတြမွာ ေဖာ္ျပသင့္ပါသလား…?

အထူးသျဖင့္ စစ္ေရးပရိပကၡေတြၾကားက လံုျခံဳမႈကင္းမဲ့ေနတဲ့ ေဒသေတြက သတင္းေတြမွာေပါ့။

ဒီလိုေဖာ္ျပလိုက္တာဟာ ေသနတ္သမားေတြကို ထပ္ၿပီး လာပစ္ပါအံုး၊ တစ္ေယာက္ေတာ့က်န္ပါေသးတယ္၊ သူဟာ ဘယ္မွာေနပါတယ္၊ နာမည္က ဘယ္လို ေခၚပါတယ္၊ ဆိုၿပီး တိတိက်က်သတင္းေပး ဖိတ္ေခၚလိုက္သလိုျဖစ္ေနတယ္လို႔ ယူဆပါတယ္။

သတင္းေဖာ္ျပမႈေၾကာင့္ အဲ့ဒီလူ ထပ္ၿပီး ပစ္သတ္ခံရရင္ သတင္းေရးသားေဖာ္ျပသူေတြရဲ႕ တာဝန္မကင္းပါဘူး။

သတင္းတိုင္းဟာ တိက်မွန္ကန္ျခင္း၊ ဘက္မလိုက္ျခင္း၊ တာဝန္ယူမႈ႐ွိျခင္းေတြ႐ွိဖို႔က အဓိကက်ေပမယ့္ မလိုအပ္ပဲ တိတိက်က်ေဖာ္ျပမႈေတြဟာ ျပစ္မႈေတြကို ထပ္မံဖိတ္ေခၚေနသလိုျဖစ္ေနပါတယ္။

ကိုယ္ျခင္းစာတရားမဲ့တဲ့ သတင္းေဖာ္ျပမႈပါ။ လူတိုင္းမွာ မိသားစု႐ွိၾကပါတယ္။ သင္ဟာ ပစ္ခတ္ခံရမႈအတြင္းက လြတ္ေျမာက္လာသူတစ္ဦး ဆိုရင္ေကာ … သင့္နာမည္၊ ေနရပ္လိပ္စာနဲ႔ အလုပ္အကိုင္ကို အမ်ားသိေအာင္ သတင္းမွာ

အတိအက်ေဖာ္ျပရင္ လက္ခံႏိုင္ပါ့မလား…?

သတင္းရင္းျမစ္ေတြကို သတင္းေထာက္က အျပည့္အဝကာကြယ္ေပးရပါမယ္လို႔ က်င့္ဝတ္စည္းမ်ဥ္းေတြ႐ွိပါတယ္။

ပဋိပကၡနယ္ေျမက သတင္းေတြကို ကြင္းမဆင္းဘဲ ေဖ့ဘုတ္နဲ႔ ဖုန္းကို အေျခခံၿပီး ေရးေနသူေတြအေနနဲ႔ လူသားျခင္းစာနာစိတ္၊ ကိုယ္ျခင္းစာတရားထားၿပီး မွ်မွ်တတ ေရးသားေစခ်င္ပါတယ္။

ဆရာေတာ္ေတြ ျပည္သူေတြကို ၿမိဳ႕ထဲ ေက်ာင္းထဲဝင္ၿပီး ပစ္ခတ္ေနတဲ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြ မ်ားျပားလွတဲ့ ႐ွမ္းျပည္နယ္က သတင္းေတြကိုေပါ့။

ဒီစာစုနဲ႔ ပတ္သက္ၿပီး လြတ္လြတ္လပ္လပ္ အယူအဆကြဲျပားႏိုင္ပါတယ္။

ကြၽဲႀကီး