ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုံမှန်စားပေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေနည်း

30

ကြက်သွန်နီ ကြက်သွန်ဖြူတွေကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ရင်သားကင် ဆာဖြစ်နိုင်ခြေနည်းစေတယ်လို့ အမေရိ ကန်နဲ့ ပူအာတိုရီကိုက သိပ္ပံသုတေသီ တွေက ဆိုပါတယ်။ ကြက်သွန်နီ၊ ကြက် သွန်ဖြူတွေကို အစိမ်းအတိုင်းစားပေး တာ၊ ဟင်းတွေမှာ ထည့်ချက်ပြီး စားသုံး တာမျိုးတွေကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းစေ တယ်လို့ လေ့လာမှုမှာ ဖော်ပြထားခဲ့ပါ တယ်။

အသက် ၃၀ ကနေ ၇၉ နှစ်ကြား အမျိုးသမီး ၆၀၀ ကျော်နဲ့ လေ့လာခဲ့တာ ဖြစ်ပြီး ဒီထဲက ၄၇ ရာခိုင်နှုန်းသောအမျိုး သမီးတွေက ကင်ဆာကုသမှုခံယူနေရသူ တွေလည်း ပါရှိပါတယ်။ သုတေသီတွေ က ဒီအမျိုးသမီးတွေကို စားသောက် နေ ထိုင်မှုပုံစံတွေအကြောင်း အထူးမေးခွန်း တွေဖြေဆိုစေခဲ့ကာ ဆန်းစစ်လေ့လာခဲ့ ကြတာဖြစ်ပါတယ်။

ဖြေဆိုမှုတွေအရ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ ပုံမှန် စားသုံးနေခဲ့တဲ့ အမျိုးသမီးတွေမှာ ရင် သားကင်ဆာဖြစ်နိုင်ခြေနည်းပါးစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ကြပြီး ပုံမှန်စား သုံးသင့်တဲ့ပမာဏအတိအကျကိုပါ ဆက်လက်လေ့လာသွားမယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ရင်သားကင်ဆာ က အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး WHO ရဲ့ထုတ်ပြန်ချက် အရ နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာ ဖြစ်ပွားနေသူ နှစ်သန်းကျော်ရှိနေတယ် လို့ သိရပါတယ်။

(DM, 3.10.19) သံသာ

ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ပုံမွန္စားေပးျခင္းျဖင့္ ရင္သားကင္ဆာျဖစ္နိုင္ေျခနည္း

ၾကက္သြန္နီ ၾကက္သြန္ျဖဴေတြကို ပုံမွန္စားသုံးေပးမယ္ဆိုရင္ ရင္သားကင္ ဆာျဖစ္နိုင္ေျခနည္းေစတယ္လို႔ အေမရိ ကန္နဲ႔ ပူအာတိုရီကိုက သိပၸံသုေတသီ ေတြက ဆိုပါတယ္။ ၾကက္သြန္နီ၊ ၾကက္ သြန္ျဖဴေတြကို အစိမ္းအတိုင္းစားေပး တာ၊ ဟင္းေတြမွာ ထည့္ခ်က္ၿပီး စားသုံး တာမ်ိဳးေတြေၾကာင့္ အမ်ိဳးသမီးေတြမွာ ရင္သားကင္ဆာျဖစ္နိုင္ေျခနည္းေစ တယ္လို႔ ေလ့လာမႈမွာ ေဖာ္ျပထားခဲ့ပါ တယ္။

အသက္ ၃၀ ကေန ၇၉ ႏွစ္ၾကား အမ်ိဳးသမီး ၆၀၀ ေက်ာ္နဲ႔ ေလ့လာခဲ့တာ ျဖစ္ၿပီး ဒီထဲက ၄၇ ရာခိုင္ႏႈန္းေသာအမ်ိဳး သမီးေတြက ကင္ဆာကုသမႈခံယူေနရသူ ေတြလည္း ပါရွိပါတယ္။ သုေတသီေတြ က ဒီအမ်ိဳးသမီးေတြကို စားေသာက္ ေန ထိုင္မႈပုံစံေတြအေၾကာင္း အထူးေမးခြန္း ေတြေျဖဆိုေစခဲ့ကာ ဆန္းစစ္ေလ့လာခဲ့ ၾကတာျဖစ္ပါတယ္။

ေျဖဆိုမႈေတြအရ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြ ပုံမွန္ စားသုံးေနခဲ့တဲ့ အမ်ိဳးသမီးေတြမွာ ရင္ သားကင္ဆာျဖစ္နိုင္ေျခနည္းပါးေစနိုင္တာကို ေလ့လာေတြ႕ရွိခဲ့ၾကၿပီး ပုံမွန္စား သုံးသင့္တဲ့ပမာဏအတိအက်ကိုပါ ဆက္လက္ေလ့လာသြားမယ္လို႔ သုေတ သီေတြက ဆိုပါတယ္။ ရင္သားကင္ဆာ က အမ်ိဳးသမီးေတြမွာ အျဖစ္အမ်ားဆုံး ကင္ဆာျဖစ္ၿပီး WHO ရဲ့ထုတ္ျပန္ခ်က္ အရ ႏွစ္စဥ္ႏွစ္တိုင္း ရင္သားကင္ဆာ ျဖစ္ပြားေနသူ ႏွစ္သန္းေက်ာ္ရွိေနတယ္ လို႔ သိရပါတယ္။

(DM, 3.10.19) သံသာ