နိုင်ငံခြားသားအယာင်ဆောင်ပြီး အကြီးအကျယ် ငွေ အလိမ်ခံရခြင်း

148

နိုင်ငံခြားသားအယာင်ဆောင်ပြီး အကြီးအကျယ် ငွေ အလိမ်ခံရခြင်း..။ ကျေးဇူးပြု၍ ဒီဗွီဒီယိုဖိုင်လေးကို ရှယ်ပေးကြပါ

နိုင်ငံခြားသား အယာင်ဆောင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုပြီး ရိုးသားတဲ့ မိန်းကလေးတွေကို အကူအညီတောင်းခံသလိုနဲ့ နောက်ဆုံးမှာ ငွေ အကြီးအကျယ်လိမ်ယူသွားတဲ့ ဖြစ်စဉ်တစ်ခုကို ငွေလိမ်ခံရသူရဲ့ မိခင်ဖြစ်သူမှ လူမှုကွန်ယက်စာမျက်နှာကနေ ရင်ဖွင့် ပြောပြလာခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်သည် ကာယကံရှင်မိသားစုကိုယ်တိုင်က ရှက်စရာကောင်းတယ်ဆိုတာ သိသော်လည်း အခြားသူများအားလုံးကို သူတို့ မိသားစုလို ယခုလိုဖြစ်စဉ်မျိုးဖြင့် အလိမ်မခံရစေလိုသော ရည်ရွယ်ချက်ဖြင့် အများကဲ့ရဲ့ချင်လည်း ကဲ့ရဲ့ပါစေဆိုပြီး သတ္တိမွေးကာ တင်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ဖြစ်စဉ်မှာ နိုင်ငံခြားသား အယာင်ဆောင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုပြီး Under UN Delivery Company ကနေပါဆယ်ပို့မယ် ဆိုပြီး တန်ဆာခအနေနဲ့ ပထမအကြိမ် (၈) သိန်းကျပ်တောင်းပါတယ်။ နောက် (၁၅) မိနစ်ကြာသောအခါ ဒေါ်လာပမာဏ အလွန်များသောကြောင့် အစိုးရ အခွန် အဖြစ်(၃၁) သိန်း ထပ်တောင်းခဲ့ကြောင်း၊ နောက်ထက်မိနစ်(၂၀) ကြာသောအခါ (၇၅) သိန်း ထပ်မံလွှဲခိုင်းခဲ့ကြောင်း ဖော်ပြပြောထားပါတယ်။

အဆိုပါ လူလိမ်ရဲ့ အားသာချက်မှာ တစ်ခုလပ်၊ မုဆိုးမ Single များကို သားကောင်အဖြစ် ရွေးချယ်ပြီး လိမ်လည်နေကြောင်းပြောပြထားပါသည်။

ဖြစ်စဉ်အကြောင်းအရာ အသေးစိတ်ကို ဗွီဒီယိုဖိုင်မှာ ကြည့်ရှုနားထောင်နိုင်ပါသည်။ အဆိုပါဖြစ်စဉ်မျိုးဖြင့် အခြားသူများ မည်သူမျှ အလိမ်မခံရအောင် တဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။ယခုလို ကာယကံရှင်ကိုယ်တိုင်မှလည်း မိမိတို့လို အခြားသူများ အလိမ်မခံရလေအောင် မိမိတို့ရဲ့ဖြစ်စဉ်များကို သတ္တိမွေးကာ အများသိအောင်ဖော်ပြပေးသော စိတ်ရင်းစေတနာများကိုလည်း အထူးပင်လေးစားအပ်ပါသည်။

အားလုံး လူလိမ်များရဲ့ ပစ်မှတ်မှ ကင်းလွတ်နိုင်ကြပါစေ။

Video Credit – သရဖီ

AlinnMyay(အလင်းမြေ)