အင်္ဂါ သား သမီးများ အတွွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တစ်လလုံးစာ ဗေဒဟောစာတမ်းနှင့် ယတြာများ

39

အင်္ဂါ သား သမီးများ အတွွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တစ်လလုံးစာ ဗေဒဟောစာတမ်းနှင့် ယတြာများ

AlinnMyay(အလင်းမြေ) မီဒီယာမှ ပရိတ် သတ် ကြီး အတွက် November 2019 လ အတွင်း ဖြစ်ပေါ် လာ မည့် ၇ ရက် သားသမီး များ အတွက် ၊ သိင်္ခမောင် ဗေဒင် ကံကြမ္မာ ဟောစာတမ်း ………

အလင်းမြေ သတင်းမီဒီယာ ကိုဖတ်ရှု့ နေကြကုန်သော ၇ ရက် သား/သမီး များ ကျမ်းမာ ချမ်းသာ ဝမ်းသာ သော စိတ် မြဲပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည် ။

အင်္ဂါ သား/သမီး များအတွက် ၂၀၁၉ ခုနစ် နိုဝင်ဘာလ ဆရာ သိင်္ခမောင်- သိင်္ခ မင်းခေါင် ဗေဒင် ယတြာ (ပြည်မြို့)

အင်္ဂါ သား သမီး များသည် ယခု လတွင် ငွေကြေးကိစ္စအထူး သတိထားရပါမည် ။

အမှု့ဖြစ်သူကို ငွေချေးဌားခြင်း ၊ခဏ လေးပါဟု ခေ ျးဌားပြီး အချိန်တန် ပြန် မဆပ်နိုင်သော သူများ တွေ့ရတတ်ပါသည်။

မိမိကလဲ အလွှယ်လေး ယူတာပါဟု ယူဆထားပြီး သူများ ဆီက မချေးဌားသင့်ပါ ၊ ယူစဉ်အခါကတော့ ဘယ်ကရရင် ဘယ်လိုပြန်ပေးနိုင်တာပဲ ဟု တွက်စကာ ယူမည်ဖြစ်ပြီး ပြန်ပေးသော အခါမှ အခက်အခဲ ဖြစ်ကာ တခြားကိစ္စကြောင့် ငွေကုန် ကြေးကြများရတတ်ပါသည်။ ငွေကြေး လက်လွှန်ပြီး ဆုံးပါးရတတ်သလို ၊ ခါးပိုက်နိုက် ခံရခြင်း သူခိုးခိုးခံရခြင်း ၊ ငွေ နေရာ အထားမှားကာ ပြန်ရှာမရ ပျောက်ဆုံးတတ်ခြင်း ၊ ခွေး ၊ ကြောင် တို့ကြောင့် ဖြစ်စေ ကား ကြောင့်ဖြစ်စေ မိခင် ကြောင့် ဖြစ်စေ ချစ်သူ ခင်သူ မိတ်ဆွေကြောင့် ဖြစ်စေ မိမိ ပိုင်ငွေများ ထိန်းသိမ်း စုစည်းမရ ကုန်ဆုံးတတ်ပါသည် ။

အမှု့ဖြစ်လျင် ငွေကုန် သံပြာဖြစ်တတ်ပါသည် ။

ငွေကုန်သလောက် အကျိုးမရောက် ဖြစ်ရမည် ။ ကားအ တွက် ထင်မှတ်ထားသော ငွေကြေးထက် ပိုမို ကုန်ကျ ရ တတ် ပါသည် ။

အင်္ဂါ သားသမီးများ သည် ယခု လတွင် မိမိ ထိန်းသိမ်း ထား သော ငွေများ အလကားသပ်သပ် မကုန်ဆုံးသွားစေရန် အတွက် မိမိရဲ့ ကံဇာတာ အထောက် အကူ ပြု လာစေရန် အတွက်……..

သုံးလောက ထွဋ် တင် မြတ်စွာ ဘုရားရှင်ကို မိမိရဲ့မွှေး နေ့ တိုင်းမှာ မိမိ ရဲ့ သက်စေ့ အတိုင်း ထက် ပိုမိုသော ပန်း ပွင့်များ ဖြစ်သော ပိန်းပန်းပွင့် ရောင်စုံများ နင့် ကြယ်တံ ခွန် ပန်းများ ကို လှပသော ရွှေနားကွပ် ဖလားတွင် ထည့်ကာ မွှေးနေ့ နံနက် ၆းဝ၀ နာရီ တွင် ကပ်လျူ ပူဇော်ကာ မိမိ ဖြစ်စေချင်သော ဆန္ဓကို တောင်းဆု ယူရမှာ ဖြစ်ပါတယ် ။

နိုဝင်ဘာလ တွင် အင်္ဂါ သားသမီးများ အတွက် ကံ ကြမ္မာ အထောက်အပ့ံ ဖြစ်စေသော ရတနာကို ပြောပေးပါ ဆိုရင် တော့ ဂေါ်မုတ် ကျောက် နင့် မြ ကျောက် ကို အဆောင် အဖြစ် သုံးစွဲပေးရမှာ ဖြစ်ပါတယ် ဗျာ ။

လက်စွပ် ၊ လည်ဆွဲ ၊ ဘယက် ၊ ဟမ်းချိန်း များ အဖြစ် အသုံး ပြုရမှာ ဖြစ်ပါတယ် ။

ကံဇာတာ ပွင့်လန်း စေသော အရောင် များကို ပြောပေး ရ မယ် ဆိုရင် တော့ဗျာ အခု ရောက်နေသော နိုဝင်ဘာလ တွင် အင်္ဂါ သား သမီး များသည် မိမိ တို့ ဝတ်ဆင်သော အဝတ် အစား ဖြစ်စေ မိမိ အခန်း တွင် သုံးစွဲသော စားပွဲ ၊ ကုလား ထိုင်၊ လိုက် ကာ၊ အိပ်ယာခင်း၊ ဆောင် နင့် မိမိ ပါတ်ဝန်း ကျင် ရုံးခန်း နေရာ ၊အလုပ်ခန်း နေရာများတွင် သုံးစွဲ သင့် သော အရောင် များမှာ န့ံသာ ရောင် နင့် ဆင်စွယ် အ ရောင် များ ဖြစ်ပါသည် ။

အင်္ဂါ သား သမီးများ အတွက် နိုဝင်ဘာလ တွင် ကံ ကောင်း စေသော ဂဏန်း ၊ အကျိုးပေးသော ဂဏန်းများမှာ ၂ ၊ ၃ ၊ ၇ တို့ ဖြစ်ပါသည် ။

ထို့ကြောင့် ၂ ၃ ၇ များများပါသော ငွေစက္ကူကို ရှာရမှာ ဖြစ်ပါတယ်၊ ရပြီဆိုလျင် အဆောင် အဖြစ် အသုံးပြုနိုင်ရန် အတွက် ကျတော် ဆရာ သိင်္ခမောင်မှ သန ချေခြင်း ၊ သိဒ္ဓိ ဓာတ် သွင်းခြင်းများကို လိုအပ်လျင် ဖြစိစေ ပြုလုပ်လိုပါ လျင် ဖြစ်စေ ဆကိသွယ်နိုင်ပါသည်။

အင်္ဂါ သား သမီး များ အတွက် နိုဝင်ဘာ တွင် လာဘ် ဝင် စေမည့် နေ့ များမှာ ၃ ရက် ၊ ၇ ရက် ၊ ၁၀ ရ က် ၊ ၂၁ ရက် ၊ ၂၃ ရက် ၊ ၂၄ ရက် နေ့များ့ဖြစ် ပါသည် ။

ယင်းနေ့ များသည် အင်္ဂါ သား/သမီးများ အတွက် လာဘ် ဝင်စေ သော ငွေကြေးကံ ကောင်းစေသော နေ့များ ဖြစ်ပါ သည် ခင်များ ။

ထို့ကြောင့် မိမိ ဆီသို့ ငွေများများ ဝင်သောနေ့သည် ယခုဖော်ပြထားသော နေ့များဖြစ်ပါက မိမိ ထံတွင် တည်မြဲ စေသော ငွေများ၊ မိမိဘဝမှာ ပြည့်စုံ လုံလောက် စေသော ဘဝအတွက် အထောက်အကူ ဖြစ်စေသော ငွေများ ဖြစ်စေ ပါသည် ။

အထူး ယတြာ ၊ ။ အင်္ဂါ သား/သမီး များသည် နိုဝင် ဘာလ တွင် ကံဇာတာ ပွင့်လန်းခြင်း ၊ မိမိ နင့်အပြိုင် ရန် များကို ယှဉ်ပြိုင် နိုင်ခြင်း ဝင်သောငွေများ တည်မြဲစေရန် အလို့ဌာ ပြုလုပ်ရမည့် ယတြာမှာ ………

မိမိ အိမ်တွင် ရှိနေသော ဖန်ခွက် အကွဲ အစများ ၊အက် နေသော ဖန်ခွက် ဖန်ပုလင်းများ ကို အမှိုက်ပုံတွင် မြေတစ် တောင်ခန့် တူးကာ မြေမြုတ် စွန့်ပေးရမှာ ဖြစ်ပါတယ်။

သက်ကြီး ရွှယ်အို ဘိုးဘွားများ နင့် သံဃာ များကို လှပ သော ဖန် ခွက် ရေတကောင်း အဖြူရောင်ဖြစ်စေ ၊ န့ံသာ ရောင် ဖြစ်စေ တို့ကို ကြက်သွန်နီ တပိသာ တို့နင့် တကွ လို အပ် သလို လျူပေး ပါက မိမိ တို့ဘဝ တွင်လဲ ပြည့်ပြည့် စုံစုံ လုံလုံ လောက်လောက် ဖြစ်ပြီး မကုန်ခမ်းသင့်သော ငွေ ပူ များ ကင်းဝေးပါစေလို့ ဆုတောင်းမေတ္တာ ပို့သ အပ်ပါ သည် ။

၂၀၁၉ ခုနစ် နိုဝင်ဘာလ အတွက် ဟောစာတမ်း ကို AlinnMyay(အလင်းမြေ) မီဒီယာကို ဖတ်ရှု့ကြကုန်သော ခုနစ်ရက် သားသမီးများ စိတ်၏ ချမ်းသာ ခြင်း ကိုယ်၏ ကျန်းမာ ခြင်း များ လိုရာ မရှိ ပြည့်စုံကြပါစေ လို့ ကျတော် သိင်္ခမောင် ဗေ ဒင် ယတြာ မှ ဆုတောင်း မေတ္တာများ ပို့သအပ်ပါသည် ခင်များးး

ဆရာ သိင်္ခမောင်- သိင်္ခ မင်းခေါင် ဗေဒင် ယတြာ (ပြည်မြို့) ဖုန်း – ၀၉၆၇၈၃၃၅၅၅၉

#AlinnMyay(အလင်းမြေ)