ဘာဖြစ်ချင်လည်း ပြော.. အေးဆေး.. ဆိုပြီး ပြောလာတဲ့ စွမ်းဇာနည်

100

စွမ်းဇာနည်တစ်ယောက်ကတော့မန္တလေးနန်းတော်ရာမှာပွဲငှားပြီးပွဲပျက်ခဲ့တယ်လို့သိရပါတယ်။ပွဲပျက်ခဲ့တာကလည်းတော်တော်လေးကိုကြမ်းတမ်းခဲ့တာဖြစ်ပါတယ်။ပွဲစဉ်သုံးရက်အတွင်းနောက်ရက်ကမယ်။နောက်ရက်ကမယ်ဆိုပြီးလုံးဝမကသွားဘူးလို့ပရိပ်သတ်တစ်ယောက်ကဆိုပါတယ်။

ပွဲစဉ်ပျက်သွားတာနဲ့ပတ်သတ်ပြီးနန်းတော်ရာပရိပ်သတ်တွေက စွမ်းဇာနည်ရဲ့ကားလေးစီးကိုသိမ်းဆည်းထားပေမယ့်ဒီမနက်မှာတော့စွမ်းဇာနည်ကသူရဲ့ဖေ့ဖုတ်အကောင့်မှာ ဘာဖြစ်ချင်လဲပြော အေးဆေးဆိုပြီးပရိတ်သတ်ကိုမထီမဲ့မြင်ပြောထားတာတွေ့ရပါတယ်။အဆိုပါတင်ထားတဲ့Postအောက်မှာပရိပ်သတ်တွေပေါက်ကွဲခဲ့ကျပြီးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

“ဘာမှမဖြစ်ချင်ပါဘူးဟယ်။ရှင့်ကို့ကြည့်ချင်ကြတဲ့ ပရိတ်သတ်ကို အားနာပါ။ပွဲကို စီစဉ်ပေးတဲ့လူကြီးသူမတွေကို အားနာပါ။ ဈေးသည်တွေကို အားနာပါ။၃ည ငှားထားတယ် ဖျာတွေပထမည၊ဒုတိယည အကုန်နီးပါးကုန်နေပြီ။တတိယညလဲ နေရာကောင်းတွေကုန်နေပါပြီ။ပထမညကို ညနေစောင်းမှ မကနိုင်လို့ နောက်နေ့ကပေးမယ် ပြောပြီးဖျက်နောက်မနက် လုံးဝ မကနိုင်တော့ဘူး ပြောပြီး‌ဖျက်လိုက်ရော မိမိဂုဏ်သိက္ခာနဲ့ပရိတ်သတ်ကို မလေးစားတဲ့မင်းကျဆုံးခြင်း၊ပျောက်ကွယ်ခြင်းတွေ ရမှ သူများကို အပြစ်မတင်မိပါစေနဲ့”

“အရင်ကနယ်တွေမှာဆိုစွမ်းရဲ့ပစ္စည်းတွေမီးရှို့တာတွဇာတ်ရုံထဲကခုံတွေရိုက်ချိုးခံရတာတွေဘာကြောင့်လဲဆိုတာမသိခဲ့ဘူး အခုကိုယ်သိခဲ့တာကပရိတ်သတ်ပေါ်စေတနာထားမှပရိတ်သတ်ကလဲပြန်စေတနာထားသလိုပေါ့ကိုယ်ကမှန်နေရင်ဘယ်သူမှအဲ့လိုအကြမ်းမဖက်ပါဘူး မင်းသားရကျွန်မတို့ နန်းတော်ရာကွက်သစ်ကလူတွေကမင်းသားတို့ဇာတ်ကိုအကြမ်းမဖက်ပဲအေးအေးဆေးဆေးပဲနေပြခဲ့ကြပါတယ်

အရင်နှစ်တွေက ကျွန်မတို့ဆီမှာ က ပြသွားတဲ့ စည်းစနစ်ကြပြီးပရိတ်သတ်တွေကိုလေးစားတတ်တဲ့ ဖိုးချစ်တို့ဟန်ဇာတို့လိုမင်းသားတွေဖြစ်အောင်အရင်ကြိုးစားပါအုံး ဒါမှမဟုတ်စပေါ်ကာစက စွမ်းဇာနည်ကိုပဲမျက်လုံးထဲမြင်ပြီးဘယ်လိုလုပ်ဒီနေရာကိုခက်ခက်ခဲခဲရောက်အောင်ကြိုးစားခဲ့တာလေးမြင်ယောင်ကြည့်ပါ အခုဆိုကျွန်မတို့ရပ်ကွက်ကအစအနီးနားဝန်းကျင်ရပ်ကွက်ကြီးတွေကပါစွမ်းဆိုရင်လက်မခံကြတော့ပါဘူးနော်”

ပရိပ်သတ်ကြီးရေသင်ကောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲသုံးသတ်ပေးပါဦးနော်။အောက်မှာမူရင်းpostပါတွဲတင်ပေးထားပါတယ်နော်။ဒီလုပ်ရပ်ကိုတော့အယ်ဒီတာကတော့အနုပညာရှင်တစ်ယောက်အနေနဲ့မိမိမှားတာကိုမတောင်းပန်တဲ့အပြင်ပရိပ်သတ်ကိုပြန်လည်စော်ကားတာကအဆင့်အတန်းမရှိတဲ့လုပ်ရပ်လို့ပဲမြင်ပါတယ်နော်။သင်ကောဘယ်လိုမြင်ပါသလဲ။

Writer ; Aung Zaw Linn(Aungparsay.co)