တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ် စားရခြင်း အကြောင်း နှင့် အရသာရှိတဲ့ မယ်ဇလီဖူးသုပ်နည်း

58

တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ် စားရခြင်း အကြောင်း နှင့် မယ်ဇလီဖူးသုပ်နည်း

တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ် စားရခြင်း အကြောင်း

တန်ဆောင်မုန်းလ အခါတွင် ဆေးပင် အပေါင်းကို စေါင့်သောနတ် တို ့သည် မယ်ဇလီပင် စေါင့်နတ်မင်း အား တစ်ညီတစ်ညွတ်တည်း လာရောက် ခစားကြ သည်။ မယ်ဇလီဖူး ကို စားသုံး ခဲ့သော် ၊ (၉၆) ပါး သော ရောဂါများ ကင်းရှင်း၍ ဘုန်းကြီး အသက် ရှည်နိုင် သည် ဟု  “ သာရကော မုဒိ ” ဆေးကျမ်း ကပြဆို ပါသည်။

ထို ့ကြောင့် ၊ မြန်မာ့ ရှေးရိုး အစဉ်အလာ အရ တန်ဆောင်မုန်း လပြည့် အခါသမယ တွင် ၊ မယ်ဇလီဖူး ကို အဆာ စုံစွာ သုပ်၍ မိသားစုဝင်များ အားလုံး စားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများ အားလည်း ၊ မယ်ဇလီဖူး သုပ် အထုပ်ငယ်များ ကို ဆေးဝါး အဖြစ် ပေးဝေလျက် ဒါနပြုလေ့ ရှိကြ ပါသည်။

နက္ခတ်၊ ကြယ်တာရာ စုံညီစွာ ပေါ်ထွန်းသောကြောင့် ၊ ဆေးအာနိသင်များ နိုးကြွ ထက်မြက်စေ၍ “ဆေးပေါင်းခ သည့် ည” – ဟုလည်း ၊ယုံကြည်ကြသည်။

ဤ ညအခါ၌  ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ ဆေးရွက်၊ အမြစ် ၊ အဖု ၊ အဥ တို ့ကို အထူး သိမ်းဆည်း ထားကာ အလိုရှိရာ အခါ၌ ၊အသုံးပြုကြ သည်။

လပြည့်နေ ညဉ့်လယ် လမွန်းတည့် အချိန်၌ ၊ လရိပ် သည် ရေအပြင်ပေါ်ကျရောက်သော အခါ ၊ “လမွန်း တည့်ရေ” ကို သောက်သုံး၍ ၊ ဆေးအာနိသင် များပြည့်ဝလျက် ကျန်းမာရေး ကို ကောင်းမွန်စေသည် – ဟု ယူဆကြ သည်။

ဤအခါ၌ ၊ လက်လှမ်း မီရာ ဆေးပင် ၊ဆေးရွက် တို ့ကို ခူးဆွတ်ကာ စားသုံးလေ့ ရှိကြ သည်။

တန်ဆောင်မုန်းလ တွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ် ပညာရှင် တို ့က၊ “စောရနက္ခတ် (ခေါ်) သူခိုး နက္ခတ်” ဟု ၊ ဆိုလေ့ရှိကြ သည်။

ထို ့ကြောင့် လပြည့်နေ ့ညအခါတွင် “ ကျီးမနိုးပွဲ ” (ခေါ်) “သူခိုး ကာလ” အဖြစ် ကလေး ၊ လူငယ် များ ပျော်ရွှင်စွာ ဆော့မြူးလေ့ ရှိကြ သည်။

တစ်ညလုံး နံနက် ကျီးမနိုး မီတိုင်အောင် ၊ အိမ်ရှင် မသိစေပဲ အလွယ် တစ်ကူ တွေ ့ရှိ ချီမနိုင် သော ပစ္စည်းများ ကို ယူ၍ လမ်းမတွင် စုပုံထားခြင်း ၊ ပုဆိုး ထမီ ရရာ တို့ကို အလံထူ၍ ထားခြင်း စသည်တို ့ဖြင့် ၊ နံနက် အခါ၌ လူ ရယ်ဖွယ်ဖြစ် အောင် ဖန်တီး ထား တတ် ကြ သည်။

တစ်ညနေခင်းလုံး အိမ်ပေါက်စေ့ လိုက်ကာ အလှူငွေနှင့် စားစရာများ အလှူခံကြပြီး၊ တစ်ညခင်း လုံး ချက်ပြုပ်၊ စားသောက်ကာ မြူတူး ပျော်ရွှင်ကြ သည်။

ငွေကြေးပြည့်စုံ သူတို့ ကမူ ၊ လပြည့်နေ ့ညတွင် “မခေါ်မုံ ့လုံး”(ခေါ်) မုံ ့လုံး ရေပေါ်များ ကျွေးခြင်း၊ ကြက်သား ဆန်ပြုပ် တိုက်ကျွေးခြင်း ၊ မယ်ဇလီဖူးသုပ် ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို ့ကို ပြုကာ ၊ ကုသိုလ် ယူလေ့ ရှိကြ သည်။ (Shwe Nyar Thar)

ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်လေး ကို ရှယ်သုပ်စားကြမယ်။

၁။ မယ်ဇလီဖူး ကို မကျည်းသီးမှည့် နည်းနည်းပြုတ်ပါ ။ အခါးဓါတ် လျော့သွား အောင် ဖြစ်ပါတယ် ။ အခါးကြိုက်ရင်တော့ မကျည်း မထဲ့ပါနဲ့ ။ ပြုတ်ပီးရေစစ်ထား ပါ။

၂။ အရိုးတွေ ဖယ်ပီး အဖူးကို ဆုံထဲထည့် မညှက်တညှက် ထောင်းထားပါ။

၃။ ကြက်သွန်နီ ကို ဆီချက်ချက်ထားပါ။

၄။ ပုဇွန်ခြောက် ၊မြေပဲ ၊နှမ်း ၊ငရုတ်သီးမှုန် ့တွေကို လှော်ပီး ထောင်းထည့်ပါ ။ ထို့နောက် ကြက်သွန်နီ ဆီချက်လေးထည့်ပါ။

၅။ ကြက်သွန်နီ အစိမ်းကို ပါးပါးလှီးပီး ရေဆေးထည့် ၊ သံပုရာသီး ၊ ဆား ၊ကြက်သားမှုန့်၊ ပုဇွန်ငံပြာရည် နည်းနည်း စီ ထည့်ပီးလက်လေးနဲ ့ညစ်ညစ်ပီး နာနာနယ် ပေးပါ။

ကဲ ရပါပြီး ဆေးပေါင်းခပြီး ရေနွေးလေးနဲ့ မြည်းလို့ အရသာရှိလှတဲ့ မယ်ဇလီဖူးသုပ် လေး ပါ။ (Credit – Ma Soe Moe)

တန်ဆောင်းမုန်း လပြည့်နေ့ မှာ သုပ်စား ဖို့ မျှဝေပေး ကြပါ အုံးနော်။