လူမဆန်စွာ အဓမ္မကျင့်ကာ သတ်ပြီး ရေကန်ထဲပစ်ချခံခဲ့ရတဲ့ သေဆုံးသူ မနှင်းကဗျာ သတင်းနောက်ဆက်တွဲ

0
173

လူမဆန်စွာအဓမ္မကျင့်ကာသတ်ပြီး ရေကန်ထဲပစ်ချခံခဲ့ရတဲ့ သေဆုံးသူ မနှင်းကဗျာ သတင်းနောက်ဆက်တွဲ

ကျိုက်ခမီမြို့တွင်ဖြစ်ခဲ့သော ၄ နှစ်သမီးအား လူမဆန်စွာ အဓ္ဓမ ကျင့်ကာသတ်ပြီး ရေကန်ထဲပစ်ချခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ

ယမန်နေ့က ကျိုက်ခမီမြို့မှာ ဖြစ်ခဲ့တဲ့ အဓမ္မ ပြုကျင့်၍ ရေကန်ထဲ ပစ်ချသတ်ဖြတ်ခြင်း ခံခဲ့ရသော သမီးလေး (မနှင်းကဗျာ) ၏ အသုဘ အလောင်းအား ရဲမှုခင်းဆိုင်ရာကိစ္စရပ်များအတွက် ရင်ခွဲစစ်ဆေး ပြီး ဖြစ်၍ ကျိုက္ခမီမြို့မြန်မာသုသာန်၌ ဟိတကာရီဗုဒ္ဓဘာသာလူငယ်များ နာရေးကူညီမှုအသင်းမှနေ၍ အစစအရာရာဆောင်ရွက်ကူညီခဲ့ကာ မီးသဂြိုလ် ပြီးစီးခဲ့ပါပြီး။

အဖြစ်မှန်များအား အများပြည်သူများသိရှိစေရန် တင်ပြအပ်ပါသည်။လူမဆန်သောတရားခံ ၏နာမည်မှာ ချစ်ကို ဖြစ်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာ ကျေးရွာပိုင် ကျုံမငေး ဘက်မှဟု သိရကာ ကျိုက္ခမီမြို့သို့ရွှေ့ပြောင်း ရေလုပ်သားအဖြစ်လာရောက် လုပ်ကိုင်ခဲ့ပါသည်။

သေဆုံးသူ မနှင်းကဗျာ ၏ နေအိမ် ခြံတစ်ဝင်းထဲ၌ သီးခြားအိမ်ဖြင့် နေထိုင်ခဲ့ပြီး ခင်မင်နေကြသူများဖြစ်ကာ(၅.၆.၂၀၁၉) ည ၇:၀၀ အချိန်ခန့်တွင် အမဖြစ်သူ (၁၂)နှင့် အတူ ဆော့ကစားနေသော မနှင်းကဗျာအား မုန့်ဝယ်ကျွေးမည်ဟု ပြောဆိုခေါ် ဆောင်သွားခဲ့ကြောင်းသိရပြီး

ည၈:၀၀ခန့်မှ အမေဖြစ်သူနှင့် အိမ်နီးချင်း များသိရှိကာ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရသည့် အတွက် ရဲစခန်း၌ လူပြောက်တိုင် ချက်ဖွင့်ကာ ၎င်း တို့နှစ်ဦးအား ထပ်မံရှာဖွေကြစဉ် တရားခံ ချစ်ကိုမှာ လုံချည်ရေစို ဖြင့် ပြန်လည် ရောက်ရှိလာပြီး ၎င်း အားမေးမြန်းရာ သူမသိဟု သာငြင်းဆိုပြီး ၎င်းကိုယ်တိုင်ပင် ဟန်ဆောင် ရှာဖွေ ပေးခဲ့သေးသည်။

ထို့နောက် ရပ်ကွက်တွင်း နေထိုင် သူအချို့မှ တရားခံချစ်ကိုမှာ ခလေးချီကာ ထွက်သွားသည်က်ုတွေ့ရှိကြောင်းဝိုင်းဝန်းပြောဆိုကြ၍ ၎င်း အားထပ်မံမေးမြန်းရာ ဆက်လက်ငြင်းဆိုနေသဖြင့် တာဝန်ရှိ ရဲတပ်ဖွဲ့ အားအကြောင်းကြားပြီး ဖမ်းဆီးစစ်ဆေးမေးမြန်း မှ ရေကန်ထဲသို့ပစ်ချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါသည်။

တရားခံ ပစ်ချခဲ့ရာ ရေကန်အတွင်းသို့ တာဝန်သိရပ်ကွက်ပြည်သူများ နှင့် ရပ်မိရပ်ဖများ မှ ဆက်လက်ရှာဖွေ ရှာ ရာ ရေကန်ထောင့်မှ ပေါ်ထွက်လာပြီးဆယ်ယူခဲ့ချိန်တွင် အသက်မရှိတော့ပါ။ဆက်လက်၍ တရားခံ အား ကျိုက္ခမီရဲစခန်းသို့လည်းကောင်း Db အား ဆေးရုံသို့လည်ကောင်း ဟိတကာရီ လူနာတင်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးခဲပါသည်။

နောက်တစ်နေ့ နံနက် ၁၀:၃၀ တွင်သံဖြူဇရပ်မြို့ နယ်ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ပြီး ရင်ခွဲစစ်ဆေးခဲ့ရာ ဆေးမှတ်တမ်းတွေ့ရှိချက်များအရ အဓမ္မ ပြုကျင့်ပြီး ခလေးမှာသေဆုံးပြီးနောက် မှ ရေကန်ထဲသို့ ပစ်ချခဲ့ကြောင်း သိရှိရ၍ လူမဆန်စွာ ရက်ရက်စက်စက် ယုတ်မာခဲ့ သော တရားခံ ချစ်ကိုအား အဓမ္မပြုကျင့် လူသတ်မှု အလောင်း ဖျောက်ဖျက် မှုဖြင့် ထိုက်သင့်သောပြစ်ဒဏ်များကျခံ စေရန် ကျိုက္ခမီ ရဲ တပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်နေပါကြောင်း တင်ပြအပ်ပါသည်။

ဒီလိုအဖြစ်ဆိုးမျိုး မှ ဘဝဆက်တိုင်းမကြုံရမဆုံရပါစေနဲ့ သမီးလေး နှင်းကဗျာရေ ဝဋ်ကြွေးတွေရှိရင်လဲ ကြေပါစေလို့ ဝမ်းနည်း စွာ ဆုတောင်းလိုက်ပါတယ်ကွယ်။ Thet Win Paing