ဗုဒ္ဓဟူး သား သမီးများ အတွွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တစ်လလုံးစာ ဗေဒဟောစာတမ်းနှင့် ယတြာများ

56

ဗုဒ္ဓဟူး သား သမီးများ အတွွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တစ်လလုံးစာ ဗေဒဟောစာတမ်းနှင့် ယတြာများ

AlinnMyay(အလင်းမြေ) မီဒီယာမှ ပရိတ် သတ် ကြီး အတွက် November 2019 လ အတွင်း ဖြစ်ပေါ် လာ မည့် ၇ ရက် သားသမီး များ အတွက် ၊ သိင်္ခမောင် ဗေဒင် ကံကြမ္မာ ဟောစာတမ်း ………

အလင်းမြေ သတင်းမီဒီယာ ကိုဖတ်ရှု့ နေကြကုန်သော ၇ ရက် သား/သမီး များ ကျမ်းမာ ချမ်းသာ ဝမ်းသာ သော စိတ် မြဲပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည် ။

ဗုဒ္ဓဟူး သား/သမီး များအတွက် ၂၀၁၉ ခုနစ် နိုဝင်ဘာလ ဆရာ သိင်္ခမောင်- သိင်္ခ မင်းခေါင် ဗေဒင် ယတြာ (ပြည်မြို့)

ဗုဒ္ဓဟူး သား/သမီး များသည် ယခု လတွင် အညံ့ကင်းကာ ၊ တိုးတက်မည်၊ အလိုရှိရာ ပြည့်စုံမည် ။ဟု အဟောထွက် ပါသည် ၊ ထို့ကြောင့် ဗုဒ္ဓဟူး သားသမီး တို့သည် ယခုလ တွင် စိတ်ထား သန့်သန့် ရှင်းရှင်း ဖြင့် ဖြူစင်သော စိတ် ထားကာ ကောင်းမြတ်သော အလုပ်များ ပြုလုပ်ပေးပါလျင် လိုရာပန်းတိုင် ရောက်နိုင်ကြောင်းပါဗျာ ။

ဗုဒ္ဓဟူး သားသမီးများ သည် ယခု လတွင် မိမိရဲ့ ကံဇာတာ အပွင့် အလန်းများ အထောက် အကူ ပြု လာစေရန် အတွက်……..

သုံးလောက ထွဋ် တင် မြတ်စွာ ဘုရားရှင်ကို မိမိရဲ့မွှေး နေ့ တိုင်းမှာ မိမိ ရဲ့ သက်စေ့ အတိုင်း ထက် ပိုမိုသော ပန်း ပွင့်များ ဖြစ်သော လီလီ ပန်း များ နင့် ငွေ ပန်း များ ကို လှပသော ဖန်ခွက် တွင် ထည့်ကာ မွှေးနေ့ နံနက် ၆းဝ၀ နာရီ တွင် ကပ်လျူ ပူဇော်ကာ မိမိ ဖြစ်စေချင်သော ဆန္ဓကို တောင်းဆု ယူရမှာ ဖြစ်ပါတယ် ။

နိုဝင်ဘာလ တွင် ဗုဒ္ဓဟူး သား/သမီးများ အတွက် ကံ ကြမ္မာ အထောက်အပ့ံ ဖြစ်စေသော ရတနာကို ပြောပေးပါ ဆိုရင် တော့ ကျောက်စိမ်း နင့်ပုလဲ ရတနာ ကို အဆောင် အဖြစ် သုံးစွဲပေးရမှာ ဖြစ်ပါတယ် ဗျာ ။

ကံဇာတာ ပွင့်လန်း စေသော အရောင် များကို ပြောပေး ရ မယ် ဆိုရင် တော့ဗျာ အခု ရောက်နေသော နိုဝင်ဘာလ တွင် ဗုဒ္ဓဟူး သား/သမီး များသည် မိမိ တို့ ဝတ်ဆင်သော အဝတ် အစား ဖြစ်စေ မိမိ အခန်း တွင် သုံးစွဲသော စားပွဲ ၊ ကုလား ထိုင်၊ လိုက် ကာ၊ အိပ်ယာခင်း၊ ဆောင် နင့် မိမိ ပါတ်ဝန်း ကျင် ရုံးခန်း နေရာ ၊အလုပ်ခန်း နေရာများတွင် သုံးစွဲ သင့် သော အရောင် များမှာ လိမ္မော် ရောင် နင့် နို့နစ် အရောင် များ ဖြစ်ပါသည် ။

ဗုဒ္ဓဟူး သား/သမီးများ အတွက် နိုဝင်ဘာလ တွင် ကံ ကောင်း စေသော ဂဏန်း ၊ အကျိုးပေးသော ဂဏန်းများမှာ ၆ ၊ ၀ ၊ ၄ တို့ ဖြစ်ပါသည် ။

ထို့ကြောင့် ၆ ၀ ၄ များများပါသော ငွေစက္ကူကို ရှာရ မှာ ဖြစ်ပါတယ်၊ ရပြီဆိုလျင် အဆောင် အဖြစ် အသုံးပြုနိုင် ရန် အတွက် ကျတော် ဆရာ သိင်္ခမောင်မှ သန ချေခြင်း ၊ သိဒ္ဓိ ဓာတ် သွင်းခြင်းများကို လိုအပ်လျင် ဖြစိစေ ပြုလုပ် လိုပါ လျင် ဖြစ်စေ ဆကိသွယ်နိုင်ပါသည် ။

ဗုဒ္ဓဟူး သား/သမီး များ အတွက် နိုဝင်ဘာ တွင် လာဘ် ဝင် စေမည့် နေ့ များမှာ ၅ ရက် ၊ ၉ ရက် ၊ ၁၂ ရ က်၊ ၁၃ ရက် ၊ ၂၆ ရက် နေ့များ့ဖြစ် ပါသည် ။

ယင်းနေ့ များသည် ဗုဒ္ဓဟူး သား/သမီးများ အတွက် လာဘ် ဝင်စေ သော ငွေကြေးကံ ကောင်းစေသော နေ့များ ဖြစ်ပါ သည် ခင်များ ။

ထို့ကြောင့် မိမိ ဆီသို့ ငွေများများ ဝင်သောနေ့သည် ယခုဖော်ပြထားသော နေ့များဖြစ်ပါက မိမိ ထံတွင် တည်မြဲ စေသော ငွေများ၊ မိမိဘဝမှာ ပြည့်စုံ လုံလောက် စေသော ဘဝအတွက် အထောက်အကူ ဖြစ်စေသော ငွေများ ဖြစ်စေ ပါသည် ။

အထူး ယတြာ ၊ ။ ဗုဒ္ဓဟူး သား/သမီး များသည် နိုဝင် ဘာလ တွင် ကံဇာတာ ပွင့်လန်းခြင်း ၊ မိမိ နင့်အပြိုင် ရန် များကို ယှဉ်ပြိုင် နိုင်ခြင်း ဝင်သောငွေများ တည်မြဲစေရန် အလို့ဌာ ပြုလုပ်ရမည့် ယတြာမှာ ………

စိတ်ရိုး ကို ဟင်းချက်ပြီး ထမင်းနင့် ရောနယ်ကာ လမ်းဘေး တွင် ကျွေးမွှေးသူ မရှိသော ခွှေးလေ ခွှေးလွှင့် များကို သန့်ရှင်းသော ဖက်ရွှက် ၊ စက္ကူများဖြင့် ထည့်ကာ ကျွေးမွှေးပေးရမှာ ဖြစ်ပါတယ် ။

ယင်း သို့ ပြုလုပ် လျူပေး ပါက မိမိ တို့ဘဝ တွင်လဲ ပြည့်ပြည့် စုံစုံ လုံလုံ လောက်လောက် ဖြစ်ပြီး မကုန်ခမ်း သင့်သော ငွေ ပူ များ ကင်းဝေးပါစေလို့ ဆုတောင်းမေတ္တာ ပို့သ အပ်ပါ သည် ။

၂၀၁၉ ခုနစ် နိုဝင်ဘာလ အတွက် ဟောစာတမ်း ကို AlinnMyay(အလင်းမြေ) မီဒီယာကို ဖတ်ရှု့ကြကုန်သော ခုနစ်ရက် သားသမီးများ စိတ်၏ ချမ်းသာ ခြင်း ကိုယ်၏ ကျန်းမာ ခြင်း များ လိုရာ မရှိ ပြည့်စုံကြပါစေ လို့ ကျတော် သိင်္ခမောင် ဗေ ဒင် ယတြာ မှ ဆုတောင်း မေတ္တာများ ပို့သအပ်ပါသည် ခင်များးး

ဆရာ သိင်္ခမောင်- သိင်္ခ မင်းခေါင် ဗေဒင် ယတြာ (ပြည်မြို့) ဖုန်း – ၀၉၆၇၈၃၃၅၅၅၉

#AlinnMyay(အလင်းမြေ)