သတိရှိရှိနဲ့ ဖြည်းဖြည်းမောင်းကြပါ..။ ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်ရာမှ လူနာ ၂၀ ဦးခန့်

90

သတိရှိရှိနဲ့ ဖြည်းဖြည်းမောင်းကြပါ..။ ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်ရာမှ လူနာ ၂၀ ဦးခန့်အား ကွန်ယက်အဖွဲ့များစုပေါင်း၍ မုဒုံဆေးရုံ မော်လမြို်င်ဆေးရုံများသို့ပို့ဆောင်ထားရ

၁၁.၁၁.၂၀၁၉ ရက်နေ့ နံနက် ၇ နာရီချိန်ခန့်တွင် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာနှင့် တံခွန်တိုင်ကျေးရွာ အနီးရန်ကုန်တိုင်း(တောင်ဒဂုံ)မြို်နယ်မှ ဘုရားဖူးကားနှင့် အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်မိပြီး ကားညှပ်ပိတ်မိလူနာနှင့်ဒဏ်ရာရလူနာဦးရေများကြောင်းသတင်းရသဖြင့် ကွန်ယက်အဖွဲ့များချိတ်ဆက်၍ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေကယ်ဆယ်ယာဉ်နှင့် အရေးပေါ်လူနာတင်ယာဉ်တို့ ချက်ချင်းထွက်ခွာရာ အခင်းဖြစ်နေရာအရောက်တွင် ကားညှပ်ပိတ်မိလူနာများအားကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရလူနာ(၂၀)ဦးခန့်အား ကွန်ယက်အဖွဲ့များစုပေါင်း၍ မုဒုံဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး မုဒုံဆေးရုံမှတစ်ဆင့် လူနာ (၁၄) ဦးအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်တွင် ပူးပေါင်းကူညီပေးခဲ့ကြသော မုဒုံအရေးပေါ်လူနာတင်ယာဉ်ကွန်ယက်အဖွဲ့ဝင်များဖြစ်သော ကျုံဖိုက်(မေတ္တာမွန်)အဖွဲ့၊ တံခွန်တိုင်အဖွဲ့ ၊ တော်ကူး(အားမာန်သစ်)အဖွဲ့၊ နိုင်းပြိုင်/ကျောက်တလုံး(မေတ္တာရိပ်)အဖွဲ့၊ ကွေ့ဝမ်း(စိတ်ကူးများ)အဖွဲ့ ၊လက်တက်လူနာတင်ယာဉ်အဖွဲ့ ၊ စေတနာအလင်းရောင်(မုဒုံ)အဖွဲ့နှင့် မိတ်ဖက်အဖွဲ့ဖြစ်သော ကမာဝက်လူနာတင်ယာဉ်အဖွဲ့တို့အား ကျေးဇူးအထူးတင်ရှိကြောင်း မုဒုံမြို့နယ် အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ မှတ်တမ်းတင်ထားကြောင်းတွေ့ရသည်။

မုဒုံမြို့နယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် မီးဘေး/ရေးဘေး ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မုဒုံမြို့နယ်နှင့် နီးစပ်ရာမြို့နယ်သို့ အမြန်ဆုံးအချိန်နှင့်တပြေညီ အခမဲ့ ကူညီကယ်ဆယ်ပေးနေပြီး မုဒုံမြို့တွင် ယာဉ်မတော်တဆမှုများ ဆေးရုံလွှဲပြောင်းလူနာများအား (၂၄) နာရီ (အခမဲ့) ကူညီကယ်ဆယ်ပို့ဆောင်နေသော အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။

“မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့”

Mudon Emergency Rescue Team

အရေးပေါ်ဖုန်း 09773996114,09773996115

အသင်းတာဝန်ခံ 09694219889,09775031133

အကျိုးဆောင် 09790151252

၅၀-က၊ဗိုလ်ချုပ်လမ်း(အောင်ဓမ္မရိပ်သာရှေ့) မြို့မ(၁)ရပ်ကွက်၊မုဒုံမြို့၊မွန်ပြည်နယ်။

သတင်းဓာတ်ပုံ – မုဒုံမြို့နယ် အရေးပေါ်လူမှုကယ်ဆယ်ရေး

#AlinnMyay(အလင်းမြေ)