ကင်ဆာရောဂါရှိကြောင်း ဘယ်လိုသိနိုင်မလဲ.. လူတိုင်းသိထားသင့်လို့ မျှဝေပေးလိုက်ပါတယ်

355

ကင်ဆာရောဂါရှိကြောင်း ဘယ်လိုသိနိုင်မလဲ.. လူတိုင်းသိထားသင့်လို့ မျှဝေပေးလိုက်ပါတယ်

ကင်ဆာရောဂါတွေ အဖြစ်များလာတာ ဘာ ကြောင့်ပါလဲဆရာ။

လူတွေရဲ့ စားသောက်နေထိုင်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် ဖြစ်ရ တာပါ။ အစားအသောက် စားသုံးရာမှာ အရင်က မြန်မာမုန့်တွေကို ဒီနေ့လုပ်၊ ဒီနေ့ပဲ ပူပူနွေးနွေးစားသုံးခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ မုန့်ပဲသရေစာတွေ ပြု လုပ်ရာမှာ တာရှည်ခံအောင် ပြုလုပ်လာ ကြတယ်။ တာရှည်ခံအောင် ပြုလုပ်ရာမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပေါင်းတွေကို ထည့်သွင်းပြုလုပ်လာကြတယ်။ ဟိုတုန်း က ဝက်အူချောင်းပြုလုပ်ရာမှာ ထည့်တဲ့ ယမ်းစိမ်းလောက်ပဲ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ထည့်ခဲ့ကြပါတယ်။ အခုဆိုရင် ကြာရှည်ခံ ခေါက်ဆွဲထုပ်၊ အချိုရည်တွေ စတဲ့ စားစရာတွေက ကင်ဆာဖြစ်စေတဲ့ အပြင် တစ်ဖက်မှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုကိုလည်း များစေပါတယ်။ ဆီး ချိုသွေးချိုရောဂါနဲ့ ကင်ဆာရောဂါ ဆက် စပ်မှုရှိနေပါတယ်။

ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပါ တယ်။ အဆင်သင့်အစာတွေ၊ အာလူး ကြော်၊ ကြက်ကြော်တွေ စားသုံးတာများ လာလို့ အဝလွန်တာတွေ ဖြစ်လာပါတယ်။ ကြော်တဲ့ဆီတွေက မသန့်တာ၊ ထပ်ခါ ထပ်ခါ ပြန်ကြော်ဆီတွေဖြစ်တာကြောင့် အဝလွန်တာ၊ ဆီးချိုသွေးချိုဖြစ်တာတွေ ကနေ ကင်ဆာရောဂါဖြစ်ပွားမှုကို များ လာစေပါတယ်။ အသားစားတာတွေများ လာတာကြောင့် အစာအိမ်ကင်ဆာ၊ အူမ ကြီးကင်ဆာ ဖြစ်ပွားနှုန်းတွေကို မြင့် တက်စေပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားမလုပ်တာကြောင့် အဝ လွန်တာတွေ ဖြစ်စေပါတယ်။ အဓိကက အစားအသောက်တွေ၊ ကိုယ်လက်လှုပ် ရှားမှုမရှိတာ၊ အဝလွန်တာတွေကြောင့် ကင်ဆာဖြစ်ပွားမှုတွေ များလာရတာပါ။ အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီးပြောရ ရင် စက်ရုံအလုပ်ရုံတွေများလာတာ၊ မြို့ ပြလူနေမှုများလာတာ၊ ကားတွေများလာ လို့ ကားအိတ်ဇောကထွက်လာတဲ့အငွေ့ တွေ လေထုထဲမှာများနေတာ စတာတွေ ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လို့ အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို များစေပါ တယ်။

ကင်ဆာတွေထဲမှာ ဘယ်လိုကင်ဆာရောဂါ မျိုးတွေ အဖြစ်များပါသလဲ ဆရာ။

အစားအသောက်နဲ့ ပတ်သက်ပြီး အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အဝလွန်တာနဲ့ ပတ်သက်ပြီး အမျိုးသမီး တွေမှာ ရင်သားကင်ဆာ၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ကူးစက်မှုတွေ များ လာတာကြောင့် အသည်းကင်ဆာ၊ အရှေ့ တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ က ကွမ်းစားတာ အများဆုံး ဖြစ်လို့ ခံတွင်းကင်ဆာတွေ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ကင် ဆာက ရင်သားကင်ဆာပါ။ သားအိမ် ခေါင်းကင်ဆာက ဒုတိယအဖြစ်များဆုံး ပါ။ ပြီးတော့မှ အူမကြီးကင်ဆာက နောက် ကလိုက်ပါတယ်။ အမျိုးသားတွေမှာတော့ အဆုတ်ကင်ဆာက အဖြစ်များဆုံးဖြစ်ပြီး အူမကြီး ကင်ဆာ၊ အသည်းကင်ဆာ စတာတွေ အဖြစ်များပါတယ်။ ဖြစ်ပွားမှု များတာတွေကို လေ့လာတဲ့အခါ အစား အသောက်၊ အနေအထိုင်တွေနဲ့ ဆက်စပ် နေတာကို တွေ့ရပါတယ်။ အသည်းကင် ဆာကတော့ ဘီပိုး၊ စီပိုးနဲ့ မသန့်တဲ့အ ရက်တွေ သောက်သုံးတာကြောင့်ပါ။ ဘီ ပိုး၊ စီပိုးရှိပြီး မသန့်တဲ့အရက်ပါ သောက် သုံးနေရင်တော့ ၅-၁၀ နှစ်အတွင်းမှာ အသည်းကင်ဆာဖြစ်ပွားနိုင်ခြေများပါ တယ်။

ကင်ဆာရောဂါရှိကြောင်း ဘယ်လိုသိနိုင် ပါမလဲဆရာ။

ကင်ဆာဖြစ်ပြီဆိုတာ သိပြီဆိုတာနဲ့ ကုသဖို့ လုပ်ဆောင်ရပါမယ်။ နောက်တစ် ခုကတော့ စိတ်ပိုင်းဆိုင်ရာကို ကုသရမှာပါ။

လူနာရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် လူနာကိုယ်တိုင်အပြင် လူနာရဲ့ မိသားစု အတွက်ပါ လုပ်ပေးဖို့ လိုပါတယ်။ ကုသမှု အပိုင်းကိုတော့ ဆရာဝန်တွေနဲ့တိုင်ပင်ပြ သဖို့ လိုပါတယ်။ ကင်ဆာရောဂါကို ကုသ ရာမှာ ခွဲစိတ်ကုသလို့ ရမလားဆိုတာ အရင်ဆုံး စစ်ဆေးရပါတယ်။ ကင်ဆာ ရောဂါအဆင့်ကို ခွဲခြားပြီး ခွဲစိတ်ဖယ်ရှား လို့ရရင် ခွဲစိတ်ဖယ်ရှားရပါမယ်။ တစ်ခု လုံးဖယ်ရှားပြီးရင်တော့ အသားစယူပြီး စစ်ဆေးရပါမယ်။ ကင်ဆာရောဂါအဆင့် ပေါ်မူတည်ပြီး ဆေးသွင်းကုသရမှာလား၊ ဓာတ်ရောင်ခြည်ပေးပြီး ကုသရမှာလားဆို တာတွေကို ဆရာဝန်က ဆုံးဖြတ်ပေးပါ လိမ့်မယ်။ တချို့လူနာတွေမှာ ကင်ဆာ ဆေးသွင်းတာရော၊ ဓာတ်ရောင်ခြည်ကု သတာရော နှစ်မျိုးစလုံးပေးရတာမျိုး တွေ ရှိပါတယ်။ ကင်ဆာအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး ကုသရတာတွေကို တတ်ကျွမ်းနားလည်တဲ့ ကင်ဆာအထူးကု သမားတော်ကြီးတွေနဲ့ တိုင်ပင်ပြီး ကုသ မှုခံယူရမယ့် နည်းလမ်းတွေကို သိရှိအောင် မေးမြန်းထားဖို့ လိုပါတယ်။ ကိုယ့်ရောဂါ ရဲ့အဆင့်က အစောပိုင်းကုသလို့ ရတဲ့ အဆင့်လား၊ နောက်ကျတဲ့အဆင့် သက် သာအောင်ပဲ ကုသရမယ့် အနေအထား လားဆိုတာကို သေချာအောင် လူနာကိုယ် တိုင် မဟုတ်ရင်တောင် လူနာရဲ့ မိသားစု ဝင်တွေက ဆရာဝန်နဲ့ သေချာစွာ မေး မြန်းဆွေးနွေးထားဖို့လိုပါတယ်။

ကင်ဆာရောဂါအစောဆုံးအဆင့်မှာ သိရှိနိုင် တဲ့ ရောဂါလက္ခဏာတွေက ဘာတွေပါသလဲ ဆရာ။

အမျိုးသမီးတွေမှာ သားအိမ်ခေါင်း ကင်ဆာရဲ့ သတိပေးလက္ခဏာတွေဖြစ် တဲ့ ပုံမမှန်သွေးဆင်းတာ၊ အဖြူဆင်းတာ တွေ ဖြစ်တယ်၊ ရင်သားမှာ အရေပြားမှာ မသင်္ကာဖွယ်ရာ အဖုအကျိတ်တွေ့တယ်၊ အူမကြီးကင်ဆာမှာ ဝမ်းသွားတဲ့အလေ့ အထပုံသဏ္ဌာန်တွေ ပြောင်းလဲတယ် စတဲ့ တစ်ခါမှ မဖြစ်ဖူးတဲ့ မခံစားဖူးတဲ့ လက္ခဏာမျိုးတွေ ခံစားရပြီဆိုရင် ဆရာဝန် နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ တချို့ဆို အစာမကြေသလိုဖြစ်တယ်၊ ပျို့ချင်၊ အန် ချင်ဖြစ်တယ်ဆိုပြီး လာပြလို့ စစ်ဆေး ကြည့်လိုက်တော့ သားဥအိမ်ကင်ဆာဖြစ် နေတာကို တွေ့ရှိရတာမျိုးတွေ တွေ့ရပါ တယ်။ အဲဒီလို လက္ခဏာစပြတာနဲ့ အာ ထရာဆောင်းရိုက်ပြီး စစ်ဆေးလိုက်တာ ကြောင့် ရောဂါကို စောစောစီးစီးသိရလို့ စောစောစီးစီးကုသနိုင်ပါတယ်။ အသည်း ရောင်၊ အသားဝါ ဘီပိုး၊ စီပိုးရှိသူတွေမှာ ခြောက်လတစ်ခါလောက် အသည်းကင် ဆာအဖြစ် ပြောင်းလဲမှု ရှိ၊ မရှိကို အာထ ရာဆောင်း စစ်ဆေးမှု ပြုလုပ်ပြီး စောင့် ကြည့်သင့်ပါတယ်။

ကင်ဆာရှိ၊ မရှိ ဘယ်လို စမ်းသပ်ရှာဖွေမှုတွေ ကနေ သိရှိနိုင်ပါသလဲဆရာ။

ကင်ဆာရောဂါကို စောစောစီးစီး သိရှိအောင် အဖုအကျိတ်တွေ၊ ရောဂါလက္ခ ဏာတွေကို ကိုယ်တိုင်သိရှိအောင် ဂရုတ စိုက်ရှာ.ဖွေစစ်ဆေးသင့်ပါတယ်။ ဆရာဝန် တွေနဲ့လည်း Screening တွေ ပြုလုပ် သင့်ပါတယ်။ Screening လုပ်တယ်ဆို တာက ကင်ဆာတွေကို စောစီးစွာ တွေ့ရှိ ရင် ကုသပျောက်ကင်းနိုင်တာကြောင့် စစ်ဆေးသင့်တယ်လို့ ထုတ်ပြန်ထားတာ တွေရှိပါတယ်။ အမျိုးသမီးတွေမှာ သား အိမ်ခေါင်း စစ်ဆေးတာ၊ ရင်သားဓာတ်မှန် ရိုက်စစ်ဆေးတာ၊ အာထရာဆောင်းရိုက် ပြီး စစ်ဆေးတာ စတာတွေက အတည်ပြု ထားပြီးသား ကင်ဆာစောစီးစွာ တွေ့ရှိ အောင် စစ်ဆေးနိုင်တဲ့ နည်းတွေပါ။

အသည်းရောင် အသားဝါ ဘီပိုး၊ စီ ပိုးရှိသူတွေမှာ အသည်းကို အာထရာ ဆောင်းရိုက်တာ၊ Alpha Feto Protein (AFP) များ၊ မများ စစ်ဆေးတာ၊ အမျိုး သားတွေမှာ ဆီးကျိတ်ကင်ဆာအတွက် PSA များ၊ မများ စစ်ဆေးတာ စတာတွေ စစ်ဆေးလို့ရပါတယ်။ အမျိုးထဲမှာ အူမ ကြီးကင်ဆာရှိဖူးသူတွေအနေနဲ့က စအို ကနေ Colonoscope နဲ့ စစ်ဆေးတာ တွေ ပြုလုပ်လို့ ရပါတယ်။ ဒါပေမဲ့ တချို့ ကင်ဆာတွေကတော့ ကြိုတင်သိရှိနိုင် အောင် Screening လုပ်ပြီး စစ်ဆေးလို့ မရပါဘူး။ ဥပမာ- အမျိုးထဲမှာ အဆုတ် ကင်ဆာဖြစ်ဖူးသူရှိလို့ ရင်ဘတ်ဓာတ်မှန် ရိုက်ပြီး စစ်ဆေးမှုတွေ လုပ်ရမလားလို့ ဆရာ့ကိုမေးရင် Recommend မပေး နိုင်ပါဘူး။ ဆေးလိပ်ဖြတ်တာနဲ့ ကြိုတင် ကာကွယ်မှုတွေပဲ လုပ်လို့ရပါတယ်။ချောင်းဆိုးတာ ရက်ရှည်တယ်၊ မပျောက် ဘူးဆိုတော့မှ အဆုတ်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်၊ အထွေထွေရောဂါအထူးကုသမားတော်၊ အတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း Good Health