အလှူခံပုံး ခိုးနေသည့်သူခိုးကို ဒုတ်နဲ့ ဝင်ရိုက်ပြီး ဖမ်းဆီးခဲ့သည့် အမျိုးသမီးအား ဆုငွေ ချီးမြှင့်

98

အလှူခံပုံးခိုးယူဖေါက်တဲ့သူခိုးကို ဖမ်းဆီးခဲ့သည့်အမျိုးသမီးကိုဆုငွေကျပ်နှစ်သိန်း ချီးမြှင့်

စစ်ကိုင်းမြို့ပါရမီရပ် မဟာစည်းခုံကြီး ဘုရား အလှူခံပုံးခိုးယူဖေါက်နေသည့်သူခိုးကို ဒုတ်ဖြင့်ဝင်ရောက် ရိုတ်နှက်ဖမ်းဆီးခဲ့သည့် နေ့စောင့်ဝန်ထမ်းအမျိုး သမီးအား စစ်ကိုင်းကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကြီးမှ ၉ . ၁၁ . ၂၀၁၉ ရက်နေ့ နေ့လည် ၂ နာရီတွင် ဆုငွေ ကျပ်နှစ်သိန်းကို ဆုချ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းကျောက်မျက်အသင်း ဥက္ကဋ္ဌ ဦးအောင်းကြီးက ကျွန်တော်က စစ်ကိုင်းတဲကြီးသား ဖြစ်တဲ့အတွက် စစ်ကိုင်းမြို့ ပါတ်သတ်တဲ့ ကိစ္စတွေကို တိုးတက်ရာ တိုးတက်ကြောင်း တက်နိုင်သည့်ဖက်က စေတနာ သန့်သန့်နဲ့ကူညီခဲ့တာ ဖြစ်ကြောင်း

ယခုလည်းဂုဏ်ပြုထိုက်သူကိုဂုဏ်ပြတာဖြစ်ပြီးတာဝန်ကိုကျေပွန်စွာထမ်းဆောင်သည့်ဝန်ထမ်းကိုချီးမြှင့်တာဖြစ်ပြီးတရားဥပဒေစိုးမိုးရေအတွက်ကို ရည်ရွယ်၍ စစ်ကိုင်းသားတယောက်အဖြစ် ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့နှင့်ပါတ်သတ်ပြီး တရားဥပဒေစိုးမိုးရေး မြို့ရွာဖွံ့ဖြိုး တိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့သူများရှိပါက ယခုလို ကူညီထောက်ပံ့ချီးမြှင့်မည်ဖြစ်ပြီး စစ်ကိုင်းကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသို့ဆက်သွယ်ပေးကြပါရန် သတင်းမီဒီယာ အဖွဲ့သို့ပြောကြားသည်။

ကျော်ထူး(စစ်ကိုင်း)