လူ့အသက်တစ်ချောင်းအတွက် ကူညီပေးကြပါ.. မိဘကိုလုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေးပါ

201

လူ့အသက်တစ်ချောင်း ကျန်းမာရေးအတွက်အရေးပေါ် အကူအညီ လိုအပ်နေသူလေးအကြောင်း နှင့် ဒီမိန်းကလေး အသက်ဆက်ရှင်မှ မိခင်ကို လုပ်ကျွေးမည့်သူရှိမှာဖြစ်ပါတယ်တဲ့..။

ဒီပို့လေးရဲ့ အရင်းအမြစ်သည် “ဇော် မင်း ထိုက်” အကောင့်ပိုင်ရှင်ဖြစ်ပြီး အဆိုပါအကောင့်ပိုင်ရှင်ထံ အကူအညီတောင်းခံ၍ ကာယကံရှင် မိန်းကလေးကိုယ်တိုင် ခွင့်ပြုချက်ဖြင့် ပုံများနှင့် ဗွီဒီယိုဖိုင်ကို တင်ပေးပြီး အကူအညီတောင်းခံပေးခြင်းဖြစ်ကြောင်း “ဇော် မင်း ထိုက်” အကောင့်ပိုင်ရှင်မှ တင်ပြထားပါသည်။

အဆိုဘာ အကူအညီတောင်းခံမှုကို AlinnMyay(အလင်းမြေ) မီဒီယာ မှ “ဇော် မင်း ထိုက်” အကောင့်ပိုင်ရှင် ရဲ့ ခွင့်ပြုချက်တောင်းခံ၍ ကူညီဖြန့်ဝေပြီး ထပ်ဆင့် အကူအညီ တောင်းခေံပေးလိုက်ပါသည်။

သူ့အမည်ကတော့ မသန်းသန်းစိုးလို့ခေါ်ပါတယ်။ ဇာတိကတော့ မကွေးမြို့နယ်ကြာကန်ကျေးရွာဖြစ်ပြီး နှလုံးအစို့ရှင် မကောင်းလို့ သူ့ကျန်းမာရေးအတွက် ဆေးကုသချင်ပါတယ်တဲ့။

သူ့မှာ အဖေမရှိတော့သလို အမေမုဆိုးမကလည်း တစ်နေ့လုပ်မှတစ်နေ့စားဖြစ်တဲ့အတွက် ဆေးဝါးကုသဖို့အတွက် ငွေကြေးက အင်မတန်မှကို ခက်ခဲနေလို့ အကူအညီတောင်းလာတဲ့အတွက် ကာယကံရှင် မသန်းသန်းစိုး အသက် (၂၆)နှစ်ရဲ့ ခွင့်ပြုချက်နဲ့အတူ အခုလိုတင်ပေးလိုက်တာပါ။

ဒီ ညီမငယ်လေးဟာ မိဘကိုလုပ်ကိုင်ကျွေးခဲ့တဲ့ သမီးအလိမ္မာ လေး ဖြစ်ပြီးတော့ ကုန်ခြောက်လေးတွေကိုရောင်းပြီး မိဘကိုလုပ်ကိုင်ကျွေးခဲ့သလို ရန်ကုန်မြို့အထည်ချူပ်မှာလည်း(၄)နှစ်လောက် အလုပ်လုပ်ပြီး အညာကမိခင်မုဆိုးမကြီးကို ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူလေးပါ။

သူဟာ မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ ဆေးကုသခဲ့သလို ပြင်ပဆေးခန်းမှာလည်း သူ့မှာရှိတဲ့ငွေလေးနဲ့ ကျန်းမာရေးအတွက်ကုသခဲ့တယ်လို့လည်းပြောပါတယ်။

အခုတော့ ဆေးကုစရာကလည်း ပိုက်ဆံမရှိတော့လို့ အညာက သူ့ရဲ့မိခင်အိမ်မှာပြန်ရောက်နေပြီး သူ့ကျန်းမာရေးအတွက် ဆေးကုသချင်တယ် သူအသက်ရှည်ရှည်နေပြီး မိဘကိုလုပ်ကိုင်ကျွေးချင်သေးတယ် သူ့ကျန်းမာရေးအတွက် ဆေးဝါးကုသဖို့ ကူညီနိုင်မဲ့လူကို အကူအညီတောင်းကာ ကူညီရှာဖွေပေးပါအကူအညီတောင်းလာလို့ အခုလို ကူညီပေးလိုက်ရခြင်းဖြစ်ပါတယ်။

ဇော်မင်းထိုက် (ကျေးလက်မြေအဖွဲ့) ဆက်သွယ် လှူဒါန်းလိုသူများ အနေဖြင့် ဖုန်း – ၀၉.၄၅၅၂၉၄၄၄၂ ကို ဆက်သွယ် ကူညီလှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အကူအညီတောင်းခံပေးလိုက်ပါသည်။

အရင်းအမြစ် – ဇော်မင်းထိုက် #AlinnMyay(အလင်းမြေ)