၁၄ နှစ်ကောင်လေးနဲ့ လက်ထပ်ခဲ့မှုအပေါ်၊ ကလေးမုန့်ပေးကြိုက်ရလည်း တန်တယ်ဆိုတဲ့ အမျိုးသမီး

225

လက်ရှိအချိန်မှာ အသက်(၂၁)နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ အသက်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်ရာကနေ နောက်ဆုံး အောင်မြင်စွာ လက်ထပ်နိုင်သည်အထိ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားတာပါ။

ဒီသတင်းကို AlinnMyay ကနေ ဘာသာပြန်တင်ဆက်လို်က်တာ  ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာတော့ အဲဒီအမျိုးသမီးဟာ ကောင်လေးနဲ့ လက်ထပ်ပွဲဆင်နွှဲထားတဲ့ပုံရိပ်တွေကို ရွှန်းရွှန်းဝေအောင် မျှဝေခဲ့လို့၊ အများက မလိုတမာနဲ့ မနာလိုစွာ ပြောဆိုခြင်းတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်ကြပြီး၊ နာမည်တွေကိုတော့ မူလပို့စ်မှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီပို့စ်ကို စတင်ဖြန့်ဝေသူက သတို့သမီးကိုယ်တိုင်လို့ ယူဆရပြီး Facebook အကောင့်နာမည်မှာ Mãĸ Õřñ ဖြစ်ပါတယ်။ သူမရဲ့ ပို့စ်ကို ပြန်လည်မျှဝေသူ (၄၁၀၀)အထိ ရှိပြီး-

မှတ်ချက်ရေးသူ (၂၂၂)ယောက်၊ Like ပြုလုပ်သူ (၉၉၅)ယောက်ရှိခဲ့ပါတယ်။ သူတို့စုံတွဲဟာ နေ့ချင်းညချင်း ဆယ်လီဖြစ်သွားခဲ့ပြီး၊ Mãĸ Õřñ ဆိုရင် နေ့ချင်းညချင်း သတင်းမီဒီယာတွေထက်မှာ နေရာပေးခံခဲ့ရပါတယ်။ Post တင်ထားတဲ့ ရက်စွဲအရတော့ သူတို့ဟာ နိုဝင်္ဘာ(၉)ရက်မှာ မင်္ဂလာဆောင်ခဲ့ပုံရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ တရားဝင်အိမ်ထောင်ပြုနိုင်တဲ့အသက်ဟာ (၁၈)နှစ်လို့ သိရပါတယ်။ သတို့သားသတို့သမီး (၁၈)နှစ်ပြည့်ပြီးမှာ တရားဝင် အိမ်ထောင်ပြုလို့ရတာမျိုးပါ။ တစ်ချို့ကလည်း Mãĸ Õřñ အနေနဲ့ အရေးယူခံရနိုင်တယ်လို့ မှတ်ချက်ရေးတာမျိုးတွေ ရှိခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)