ကြောင်အရွယ်အစားသာရှိတဲ့ ရှားပါးသမင်မျိုးစိတ်ကို သိပ္ပံပညာရှင်များ ရှာတွေ့

111

သိပ္ပံပညာရှင်တွေဟာ ကြောင်တစ်ကောင်ရဲ့ အရွယ်အစားသာရှိတဲ့ ရှားပါးသမင်ငယ်မျိုးစိတ်ကို အတည်ပြုနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ တကယ်တော့ ဒီသမင်မျိုးစိတ်ကို နှစ်ပေါင်း(၃၀)အကြာမှ ထပ်မံအတည်ပြုနိုင်ခဲ့ကြတာပါ။ ဒီသမင်ကိုတော့ အလွယ်အားဖြင့် “ကြွက်သမင်”လို့ ခေါ်ကြပါတယ်။

ဒီအကြောင်းကို Metro သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး AlinnMyay ကနေ ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။ သမင်ရဲ့မူလအမည်ကတော့ Chevrotain ဖြစ်ပါတယ်။ သမင်နဲ့နီးစပ်တဲ့ မျိုးဗီဇဖြစ်ပြီး၊ ငွေရောင်တောက်နေတဲ့ ကျောကအမွေးတွေက ထင်ရှားပါတယ်။

ဗီယက်နမ်က တောအုပ်တစ်ခုမှာ Chevrotain ကို ခြေရာခံနိုင်ခဲ့တာဖြစ်ပြီး၊ သူတို့ဟာ (၁၀)ပေါင်အောက်သာ အလေးချိန်ရှိကြပါတယ်။ ယခင်က သူ့မျိုးစိတ်နဲ့သူ အတော်လေး ပေါမျာခဲ့သော်လည်း ဒေသခံမုဆိုးတွေရဲ့ ခေတ်အဆက်ဆက် လက်ချက်တွေကြောင့် လုံးဝနီးပါး ပျောက်ကွယ်နေပါတယ်။

တစ်ချို့သိပ္ပံပညာရှင်တွေကတော့ ဗီယက်နမ်ကြွက်သမင်လို့ ခေါ်ကြပါတယ်။ (၁၉၉၀)ခုနှစ်မှာ သူ့ကို တွေ့ရှိခဲ့တာ နောက်ဆုံး မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး၊ ဒီအတောအတွင်းမှာ ပျောက်ကွယ်နေခဲ့တာပါ။ အခုတွေ့တဲ့ ကြွက်သမင်ကတော့ အနည်းဆုံး နှစ်ကောင်ကိုတော့ လောလောဆယ် တွေ့ထားပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)