လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော သွေးပွဲစားများဟုဆိုသော ဓာတ်ပုံများနှင့် ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်

92

လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော သွေးပွဲစားများ သတင်းတွင် ဖော်ပြခဲ့သော ဓာတ်ပုံများနှင့် ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်

၉.၁၁.၂၀၁၉ ရက်နေ့က မန္တလေး ဆေးရုံကြီး သွေးလှူဘဏ်မှာ အသက်သွေး အလှူအပေါ် ကိုယ်ကျိုးစီးပွား ရှာဖွေနေကြတဲ့ သွေးပွဲစားများ ဟုဆို၍ လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါသတင်းအရင်းအမြစ်သည် ကိုသေတ္တာ အကောင့်ပိုင်ရှင် ကိုကျော်စွာမှ အခမဲ့ သွေးအလှူရှင်တွေ နှင့် သွေးလှူဘဏ်များရှိနေသော်လည်း သွေးလိုနေသော လူနာရှင်များသည် သွေးတစ်ပုလင်းရယူရန်အတွက် ငွေကျပ်ငါးသောင်းပေးနေရသည်ဟု ဒေါ်အေးအေးဝင်း (ဝေဇယန္တာ လူမှုကူညီရေးအသင်း) မှ ပြောပြချက်များဖြင့် သွေးသွင်းလူနာများအတွက် မခံမရပ်နိုင်ဖြစ်ကာ ဒေါ်အေးအေးဝင်းအား မေးမြန်နေသော ဗွီဒီယိုဖိုင်ကို ကိုသေတ္တာ အကောင့်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။ ထိုသို့တင်ပြခဲ့ရာတွင် ဗွီဒီယိုဖိုင်နှင့်တကွ သွေးပွဲစား ဟုထင်ခဲ့မိသော လူသုံးဦးရဲ့ ပုံများကိုလည်း တစ်ပါတည်းတွဲကာ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါပို့အား AlinnMyay(အလင်းမြေ) သတင်းမီဒီယာပေ့မှ အကောင့်ပိုင်ရှင် ကိုသေတ္တာ(ခ)ကိုကျော်စွာအား ဆက်သွယ်ကာ ခွင့်ပြုချက်တောင်းခံပြီး တဆင့်ပြန်လည် ဖြန့်ဝေပေးခဲ့ရာမှ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံပိုင်ရှင်များဖြစ်သော ထာဝရမေတ္တာရှင်သွေးလှူရှင်များအသင်း၏ အသင်းသား ကိုမောင်မျိုး၊ မနောကြာဖြူ လူမှုကူညီရေးအသင်းသားများဖြစ်ကြတဲ့ ကိုရန်နိုင်ကျော် နှင့် ဒေါ်ချို တို့ မှ တွေ့ရှိကာ မိမိတို့သည် သွေးပွဲစားများ မဟုတ်ကြောင်း၊ အဆိုပါ သတင်းတွင် မိမိတို့ရဲ့ ဓာတ်ပုံများ ထည့်သွင်းဖော်ပြမှုကြောင့် မိမိတို့ရဲ့ ဂုဏ်သိက္ခာအား ထိခိုက်ညှိုးနွမ်းစေသည်ဖြစ်၍ ပြန်လည်ဖျက်ပေးရန်နှင့် အများပြည်သူများသိစေရန် သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ် တောင်းပန်ရန် ပြောကြားလာခဲ့ပါသည်။

ထို့ကြောင့် သတင်း စတင် တင်ပြခဲ့သူ ကိုသေတ္တာ (ခ) ကိုကျော်စွာမှလည်း ပရဟိတသမားများ အချင်းချင်း အခုလို အထင်အမြင်လွဲမှားခဲ့ခြင်းအား ဒီနေ့ (၁၄.၁၁.၂၀၁၉) ရက်နေ့ နေ့လည် (၂)နာရီအချိန်၊ မတ္တရာမြို့ အောင်မြေသုခ ပရိယတ္တိစာသင်တိုက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဓာတ်ပုံများ မှားယွင်းဖော်ပြခဲ့ကြောင်း နှင့် အဆိုပါမှားယွင်းဖော်ပြခဲ့မှုအတွက် ကာယကံရှင်များ အား လေးလးစားစား တောင်းပန်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံပိုင်ရှင်များဖြစ်ကြသော ထာဝရမေတ္တာရှင်သွေးလှူရှင်များအသင်း၏ အသင်းသား ကိုမောင်မျိုး၊ မနောကြာဖြူ လူမှုကူညီရေးအသင်းသားများဖြစ်ကြတဲ့ ကိုရန်နိုင်ကျော် နှင့် ဒေါ်ချို တို့ မှလည်း အဆိုပါတောင်းပန်မှုကို ကျေနပ်စွာ လက်ခံခဲ့ကြောင်းသိရသည်။

#AlinnMyay(အလင်းမြေ)

လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ခဲ့ေသာ ေသြးပြဲစားမ်ား သတင္းတြင္ ေဖာ္ျပခဲ့ေသာ ဓာတ္ပံုမ်ားႏွင့္ ပတ္သက္ၿပီးသတင္းစာရွင္းလင္းပြဲျပဳလုပ္

ႏိုဝင္ဘာ(၁၄) AlinnMyay(အလင္းေျမ)

၉.၁၁.၂၀၁၉ ရက္ေန႔က မႏၲေလး ေဆး႐ုံႀကီး ေသြးလႉဘဏ္မွာ အသက္ေသြး အလႉအေပၚ ကိုယ္က်ိဳးစီးပြား ရွာေဖြေနၾကတဲ့ ေသြးပြဲစားမ်ား ဟုဆို၍ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

အဆိုပါသတင္းအရင္းအျမစ္သည္ ကိုေသတၱာ အေကာင့္ပိုင္ရွင္ ကိုေက်ာ္စြာမွ အခမဲ့ ေသြးအလွဴရွင္ေတြ ႏွင့္ ေသြးလွဴဘဏ္မ်ားရွိေနေသာ္လည္း ေသြးလိုေနေသာ လူနာရွင္မ်ားသည္ ေသြးတစ္ပုလင္းရယူရန္အတြက္ ေငြက်ပ္ငါးေသာင္းေပးေနရသည္ဟု ေဒၚေအးေအးဝင္း (ေဝဇယႏၲာ လူမႈကူညီေရးအသင္း) မွ ေျပာျပခ်က္မ်ားျဖင့္ ေသြးသြင္းလူနာမ်ားအတြက္ မခံမရပ္ႏုိင္ျဖစ္ကာ ေဒၚေအးေအးဝင္းအား ေမးျမန္ေနေသာ ဗြီဒီယိုဖိုင္ကို ကိုေသတၱာ အေကာင့္တြင္ တင္ျပခဲ့ျခင္းျဖစ္သည္။ ထိုသို႔တင္ျပခဲ့ရာတြင္ ဗြီဒီယိုဖိုင္ႏွင့္တကြ ေသြးပြဲစား ဟုထင္ခဲ့မိေသာ လူသံုးဦးရဲ႕ ပံုမ်ားကိုလည္း တစ္ပါတည္းတြဲကာ တင္ျပခဲ့ျခင္းျဖစ္သည္။

အဆိုပါပို႔အား AlinnMyay(အလင္းေျမ) သတင္းမီဒီယာေပ့မွ အေကာင့္ပိုင္ရွင္ ကိုေသတၱာ(ခ)ကိုေက်ာ္စြာအား ဆက္သြယ္ကာ ခြင့္ျပဳခ်က္ေတာင္းခံၿပီး တဆင့္ျပန္လည္ ျဖန္႔ေဝေပးခဲ့ရာမွ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႕ခဲ့ၿပီး ဓာတ္ပံုပိုင္ရွင္မ်ားျဖစ္ေသာ ထာဝရေမတၱာရွင္ေသြးလွဴရွင္မ်ားအသင္း၏ အသင္းသား ကိုေမာင္မ်ိဳး၊ မေနာၾကာျဖဴ လူမႈကူညီေရးအသင္းသားမ်ားျဖစ္ၾကတဲ့ ကိုရန္ႏိုင္ေက်ာ္ ႏွင့္ ေဒၚခ်ိဳ တို႔ မွ ေတြ႔ရွိကာ မိမိတို႔သည္ ေသြးပြဲစားမ်ား မဟုတ္ေၾကာင္း၊ အဆိုပါ သတင္းတြင္ မိမိတို႔ရဲ႕ ဓာတ္ပံုမ်ား ထည့္သြင္းေဖာ္ျပမႈေၾကာင့္ မိမိတို႔ရဲ႕ ဂုဏ္သိကၡာအား ထိခိုက္ညိႈးႏြမ္းေစသည္ျဖစ္၍ ျပန္လည္ဖ်က္ေပးရန္ႏွင့္ အမ်ားျပည္သူမ်ားသိေစရန္ သတင္းစာရွင္းလင္းပြဲ တစ္ခုျပဳလုပ္ ေတာင္းပန္ရန္ ေျပာၾကားလာခဲ့ပါသည္။

ထို႔ေၾကာင့္ သတင္း စတင္ တင္ျပခဲ့သူ ကိုေသတၱာ (ခ) ကိုေက်ာ္စြာမွလည္း ပရဟိတသမားမ်ား အခ်င္းခ်င္း အခုလို အထင္အျမင္လြဲမွားခဲ့ျခင္းအား ဒီေန႔ (၁၄.၁၁.၂၀၁၉) ရက္ေန႔ ေန႔လည္ (၂)နာရီအခ်ိန္၊ မတၱရာၿမိဳ႕ ေအာင္ေျမသုခ ပရိယတၱိစာသင္တုိက္တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာ ဓာတ္ပံုမ်ား မွားယြင္းေဖာ္ျပခဲ့ေၾကာင္း ႏွင့္ အဆိုပါမွားယြင္းေဖာ္ျပခဲ့မႈအတြက္ ကာယကံရွင္မ်ား အား ေလးလးစားစား ေတာင္းပန္ခဲ့ေၾကာင္းသိရသည္။

ဓာတ္ပံုပိုင္ရွင္မ်ားျဖစ္ၾကေသာ ထာဝရေမတၱာရွင္ေသြးလွဴရွင္မ်ားအသင္း၏ အသင္းသား ကိုေမာင္မ်ိဳး၊ မေနာၾကာျဖဴ လူမႈကူညီေရးအသင္းသားမ်ားျဖစ္ၾကတဲ့ ကိုရန္ႏိုင္ေက်ာ္ ႏွင့္ ေဒၚခ်ိဳ တို႔ မွလည္း အဆိုပါေတာင္းပန္မႈကို ေက်နပ္စြာ လက္ခံခဲ့ေၾကာင္းသိရသည္။

#AlinnMyay(အလင္းေျမ)