ကြိုးချည်စွန့်ပစ်ခံထားရပေမယ့်၊ ကလေးတွေကို နို့တိုက်မပျက်တဲ့ ခွေးမကြီး

129

ခွေးမကြီးတစ်ကောင်ဟာ တိုင်တစ်ခုမှာ ကြိုးနဲ့တင်းကျပ်စွာချည်နှောင်ပြီး စွန့်ပစ်ထားခံရလင့်ကစား၊ သူမရဲ့ ကလေးတွေကိုတော့ နို့တိုက်မပျက်ဘဲ ရှိနေတာကို သနားစို့နင့်ဖွယ်ရာ တွေ့ရပါတယ်။ ခွေးမကြီးဟာ ကင်မရာဆရာကိုတောင် သူ့ကလေးတွေ ရန်မူလေမလား မသင်္ကာအကြည့်နဲ့ ကြည့်နေတာပါ။

ဒီအကြောင်းကို The Sun မှာ ဖော်ပြထားတာ ဖြစ်ပြီး၊ AlinnMyay ကနေ ဘာသာပြန်တင်ဆက်လိုက်တာပါ။ ခွေးမကြီးကို အိုင်ယာလန်နိုင်ငံ၊ Roscommon ကောင်တီ၊ Elphin မြို့က ခြံတစ်ခုက စည်းရိုးမှာ ချည်နှောင်စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ခွေးမကြီးကို Irish Society for Prevention of Cruelty to Animals (ISPCA) က ကယ်တင်ထားနိုင်ခဲ့ပြီလို့ သိရပါတယ်။ သူမကို ချည်နှောင်ထားတဲ့ သံကြိုးဟာ တိုင်ကို ခဲရာခဲဆစ် ရစ်ပတ်ပြီး ချည်နှောင်ထားတာဖြစ်လို့၊ မူလ စွန့်ပစ်သူရဲ့ ရည်ရွယ်ချက်က အသက်ရှင်ဖို့ ရည်ရွယ်ပုံမရပါဘူး။

ဒီနေရာမှာ သူမတို့ မိသားစု ဘယ်လောက်ကြာကြာ ချည်နှောင်ခံခဲ့ရတယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ ဒါပေမယ့် ကျန်းကျန်းမာမာပါ။ ခွေးလေးတွေကလည်း မိခင် နို့ကို ကောင်းကောင်းစို့ရလို့ အတော်လေးကို ဝဖြိုးနေပါတယ်။ ခွေးမကြီးဟာ အသက်(၂)နှစ်လောက်ပဲ ရှိပါသေးတယ်။

သာမန်အားဖြင့်တော့ အိုင်ယာလန်က ခွေးတွေမှာ Microchip တွေ တပ်ဆင်ထားလေ့ရှိပြီး၊ အဲဒီကနေတစ်ဆင့် ခွေးပိုင်ရှင်ကို ခြေရာခံလို့ရပါတယ်။ ဒါပေမယ့် ဒီခွေးမကြီးကတော့ Microchip မပါတဲ့အတွက် ဘယ်သူများ တမင်သက်သက် ကြိုးချည်ထားခဲ့တာလဲ စဉ်းစားစရပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)