ရေးမြို့၌ ဆိုင်ကယ်အိတ်ဇောပိုက်တပ်ဆင်မောင်းနှင်သူများကို အရေးယူ

147

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ပါဝါအိတ်ဇောပိုက် တပ်ဆင်မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်တွေကို အရှိန်မြှင့် လှုပ်ရှားမှုတရပ်အနေနဲ့ ထိရောက်စွာ အရေးယူနေတယ်လို့ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ပြောပါတယ်။

ပါဝါအိတ်ဇောပိုက်တပ်ဆင် မောင်းနှင်လာတဲ့အခါ လူတွေ ညအိပ်ချိန် အသံကျယ်လောင် ဆူညံသံတွေက ပတ်ဝန်းကျင်တခုလုံး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ယာဉ်အန္တရာယ်တွေ ဖြစ်စေသလို စိုးရိမ်ထိတ်လန့်တာတွေလည်း ဖြစ်နေကြလို့ ဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက တာဝန်ရှိသူတဦးက ပြောပါတယ်။

ပါဝါအိတ်ဇောပိုက် တပ်ဆင်မောင်းနှင်တဲ့သူတွေကို အနိမ့်ဆုံး ငွေဒဏ်ကျပ် ၃ သောင်းကနေ အမြင့်ဆုံးကျပ် ၅၀ သိန်းအထိ အပြင် ထောင်ဒဏ် ၃ လ နဲ့ ငွေကျပ် ၁ သိန်း ဒဏ် ၂ ရပ်လုံး ကျခံရမယ်လို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

This news is published with the permission of DVB .

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္အတြင္းရွိ ပါဝါအိတ္ေဇာပိုက္ တပ္ဆင္ေမာင္းႏွင္တဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြကို အရွိန္ျမႇင့္ လႈပ္ရွားမႈတရပ္အေနနဲ႔ ထိေရာက္စြာ အေရးယူေနတယ္လို႔ ၿမိဳ႕နယ္ယာဥ္စည္းကမ္းလမ္းစည္းကမ္း ထိန္းသိမ္းႀကီးၾကပ္ေရးေကာ္မတီက ေျပာပါတယ္။

ပါဝါအိတ္ေဇာပိုက္တပ္ဆင္ ေမာင္းႏွင္လာတဲ့အခါ လူေတြ ညအိပ္ခ်ိန္ အသံက်ယ္ေလာင္ ဆူညံသံေတြက ပတ္ဝန္းက်င္တခုလုံး စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့အျပင္ ယာဥ္အႏၲရာယ္ေတြ ျဖစ္ေစသလို စိုးရိမ္ထိတ္လန႔္တာေတြလည္း ျဖစ္ေနၾကလို႔ ဥပေဒေတြနဲ႔အညီ အေရးယူသြားမယ္လို႔ ယာဥ္စည္းကမ္းလမ္းစည္းကမ္း ထိန္းသိမ္းႀကီးၾကပ္ေရးေကာ္မတီက တာဝန္ရွိသူတဦးက ေျပာပါတယ္။

ပါဝါအိတ္ေဇာပိုက္ တပ္ဆင္ေမာင္းႏွင္တဲ့သူေတြကို အနိမ့္ဆုံး ေငြဒဏ္က်ပ္ ၃ ေသာင္းကေန အျမင့္ဆုံးက်ပ္ ၅၀ သိန္းအထိ အျပင္ ေထာင္ဒဏ္ ၃ လ နဲ႔ ေငြက်ပ္ ၁ သိန္း ဒဏ္ ၂ ရပ္လုံး က်ခံရမယ္လို႔ ယာဥ္စည္းကမ္းလမ္းစည္းကမ္း ထိန္းသိမ္းႀကီးၾကပ္ေရးေကာ္မတီက ထုတ္ျပန္ထားပါတယ္။

This news is published with the permission of DVB .