အမာခံအားပေးတဲ့ပရိသတ်တွေအတွက် အေးမြဖြူ ရဲ့ အရေးပေါ်မေတ္တာရပ်ခံ ချက်တစ်ခု
276
အမာခံအားပေးတဲ့ပရိသတ်တွေအတွက် အေးမြဖြူ ရဲ့ အရေးပေါ်မေတ္တာရပ်ခံ ချက်တစ်ခု
ပရိသတ်ကြီးရေ ၊ မနေ့ညက မြန်မာသံ တေးသီချင်းလေးကို အကောင်းဆုံးသီဆိုပြခဲ့တဲ့ အေးမြဖြူလေးတစ်ယောက်ကို မမေ့ကြသေးပါဘူးနော်။
အေးမြဖြူလေးက တော့ အဆင့်တိုင်းမှာအကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် Winner ဖြစ်နိုင်မယ့်သူဆိုပြီး တစ်ပြေးနေတာလည်း ဖြစ်ပါတယ်။
အေးမြဖြူတစ်ယောက် ချစ်ရတဲ့ အမာခံပရိသတ်တွေအတွက် အရေးပေါ်ကျေညာချက်တစ်ခုနဲ့ မေတ္တာရပ်ခံလိုက်ပါတယ်။ “သမီးကို ချစ်တဲ့ပရိသတ်တွေ ကျေးဇူးပြုပြီး တခြားပြိုင်ပွဲဝင်တွေကို မတိုက်ခိုက်ဖို့ မဆဲဆိုဖို့ မေတ္တာရပ်ခံပါတယ် ရှင့်။
အေးမြဖြူ ဖန်တွေ ရိုင်းတယ်လို့ အပြောမခံချင်လို့ပါရှင့် နားလည်ပေးကြပါနော်” ဆိုပြီးလူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။
နှစ်တိုင်း အိုင်ဒေါအချိန်ရောက် ပရိသတ်အချင်းချင်း ဖောင်းထုတဲ့ ကိစ္စတွေဖြစ်နေကြတာလည်း အစဉ်အလာတစ်ခုလိုဖြစ်နေတာပါ ။
အေးမြဖြူရဲ့မေတ္တာရပ်ခံချက်လေးကို သူ့ပရိသတ်တွေသိအောင် ဖြန့်ဝေပေးကြပါဦး။Source – Aye Mya Phyu