တစ်လကို မြန်မာငွေ ၉ သိန်း အထက် ရရှိနေတဲ့ သူတောင်းစားများ ရဲ့ နည်းပညာ

179

အေးအေးဆေးဆေး တစ်လကို မြန်မာငွေ ၉ သိန်း အထက် ရရှိနေတဲ့ သူတောင်းစားများ ရဲ့ နည်းပညာ

နည်းပညာတွေ တိုးတက်လာတဲ့နဲ့ အမျှ လူသားတို့ရဲ့ နေထိုင်မှု ပုံစံတွေဟာလည်း ပြောင်းလဲလာပါတယ်။ ယခင်နေ့တဓူဝ လုပ်ငန်းတွေမှာ နည်.ပညာတွေကို အစားထိုးလာကြပါတယ်..။

၂၁ ရာစု မှာ တရုတ်နိုင်ငံရဲ့ နည်းပညာတိုးတက်မှုဖြစ်စဉ်ဟာ အတော်လေးကို လျင်လျင်မြန်မြန် တိုးတက်လာတာ အားလုံးအသိပါပဲနော်..

ဒါကြောင့် တရုတ်နိုင်ငံမှာ လမ်းဘေး တောင်းရမ်းသူတွေတောင် နည်းပညာကို အသုံးပြုလာကြတာကိုလည်းတွေ့ရပါတယ်..။

တောင်းရမ်းသူတွေဟာ ခွက်အစား QR Code တွေက တစ်ဆင့် ပေးကမ်းစွန့်ကြဲနိုင်အောင် ဆောင်ရွက်လာကြတာပါ..။

ဒါဟာ သဒ္ဓါပေါက်ပြီး စေတနာမြောက်ပေမယ့် အကြွေမှာမလောက်လို့ မဖြစ်တော့သလို တောင်းရမ်းသူရော ၊ ပေးကမ်းသူပါ အဆင်ပြေစေတဲ့ နည်းလမ်းလို့ဆိုကြပါတယ်..။

ယခင်လို ခွက်ထဲမှာ ပြည့်လျှံနေရင် မထည့်ကြတော့တဲ့ အခက်အခဲ ၊ ပိုက်ဆံအနွမ်းအစုတ်လေးတွေ ထားပြီး သနားအောင် လုပ်ရတဲ့အခက်အခဲတွေကနေ တမူခြားနားသွားတယ်လို့လည်းသိရပါတယ်..။

အကြွေးမပါလည်း လှူချင်သူတွေက QR Code ကို ဖတ်လိုက်တာနဲ့ လက်ကိုင်ဖုန်းကတစ်ဆင့် ပေးလှူသွားနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်..။

လက်ရှိမှာတော့ သူတို့ဟာ တစ်လကို အမေရိကန် ၇၀၀ မြန်မာငွေ ၁၀ သိန်း ဝန်းကျင်ခန့် ရရှိတယ်လို့ သိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံက အစိုးရဝန်ထမ်း ညွှန်ကြားရေးမှူချုပ် လစာထက် ၂ ဆများနေပါသေးတယ်..။

Writer- SMT(Shwe Yaung Lan)

ေအးေအးေဆးေဆး တစ္လကို ျမန္မာေငြ ၉ သိန္း အထက္ ရရွိေနတဲ့ သူေတာင္းစားမ်ား ရဲ႕ နည္းပညာ

နည္းပညာေတြ တိုးတက္လာတဲ့နဲ႔ အမွ် လူသားတို႔ရဲ႕ ေနထိုင္မႈ ပုံစံေတြဟာလည္း ေျပာင္းလဲလာပါတယ္။ ယခင္ေန႔တဓူဝ လုပ္ငန္းေတြမွာ နည္.ပညာေတြကို အစားထိုးလာၾကပါတယ္..။

၂၁ ရာစု မွာ တ႐ုတ္ႏိုင္ငံရဲ႕ နည္းပညာတိုးတက္မႈျဖစ္စဥ္ဟာ အေတာ္ေလးကို လ်င္လ်င္ျမန္ျမန္ တိုးတက္လာတာ အားလုံးအသိပါပဲေနာ္..

ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ လမ္းေဘး ေတာင္းရမ္းသူေတြေတာင္ နည္းပညာကို အသုံးျပဳလာၾကတာကိုလည္းေတြ႕ရပါတယ္..။

ေတာင္းရမ္းသူေတြဟာ ခြက္အစား QR Code ေတြက တစ္ဆင့္ ေပးကမ္းစြန႔္ႀကဲႏိုင္ေအာင္ ေဆာင္႐ြက္လာၾကတာပါ..။

ဒါဟာ သဒၶါေပါက္ၿပီး ေစတနာေျမာက္ေပမယ့္ အေႂကြမွာမေလာက္လို႔ မျဖစ္ေတာ့သလို ေတာင္းရမ္းသူေရာ ၊ ေပးကမ္းသူပါ အဆင္ေျပေစတဲ့ နည္းလမ္းလို႔ဆိုၾကပါတယ္..။

ယခင္လို ခြက္ထဲမွာ ျပည့္လွ်ံေနရင္ မထည့္ၾကေတာ့တဲ့ အခက္အခဲ ၊ ပိုက္ဆံအႏြမ္းအစုတ္ေလးေတြ ထားၿပီး သနားေအာင္ လုပ္ရတဲ့အခက္အခဲေတြကေန တမူျခားနားသြားတယ္လို႔လည္းသိရပါတယ္..။

အေႂကြးမပါလည္း လႉခ်င္သူေတြက QR Code ကို ဖတ္လိုက္တာနဲ႔ လက္ကိုင္ဖုန္းကတစ္ဆင့္ ေပးလႉသြားႏိုင္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္..။

လက္ရွိမွာေတာ့ သူတို႔ဟာ တစ္လကို အေမရိကန္ ၇၀၀ ျမန္မာေငြ ၁၀ သိန္း ဝန္းက်င္ခန႔္ ရရွိတယ္လို႔ သိရပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံက အစိုးရဝန္ထမ္း ၫႊန္ၾကားေရးမႉခ်ဳပ္ လစာထက္ ၂ ဆမ်ားေနပါေသးတယ္..။

Writer- SMT(Shwe Yaung Lan)