နည်းပညာတက္ကသိုလ်ကပေးတဲ့ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ယူပြီး ဒေါက်တာဘွဲ့ ဆက်ယူဦးမယ့် ၉ နှစ်အရွယ် ကလေး

156

နည်းပညာတက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ယူတော့မယ် အသက် (၉) နှစ် ကလေးလေး








နယ်သာလန်နိုင်ငံက Laurent Simons ဟာ အသက် (၉) နှစ်အရွယ်သာ ရှိသေးပေမဲ့လည်း Electrical Engineering လို့ ခေါ်တဲ့ လျှပ်စစ် အင်ဂျင်နီယာဘွဲ့ကို ရရှိတော့မှာပါ။ သူကတော့ ဒီနှစ် ဒီဇင်ဘာလမှာ နယ်သာလန်နိုင်ငံက Eindhoven နည်းပညာ တက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ယူတော့မှာပါ။

သူက လျှပ်စစ် အင်ဂျင်နီယာဘွဲ့ကို ယူပြီးရင် ဒေါက်တာဘွဲ့ကို ယူချင်တယ်လို့လည်း ပြောခဲ့ပါတယ်။သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပထမဆုံး သတိထားမိတာက သူ့ရဲ့ အဘိုး နဲ့ အဘွား ဖြစ်ပြီး သူ့ရဲ့ မိဘတွေက ချဲ့ကားနေတာပါလို့ ထင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကျောင်းဆရာ တစ်ဦးက Laurent မှာ ထူးခြားမှုရှိတယ်လို့ ပြောခဲ့ အချိန်မှာတော့ သူ့ရဲ့ မိဘတွေက ယုံခဲ့ကြပါတယ်။ Luarent ဟာ စာမေးပွဲကို တစ်တန်းပြီး တစ်တန်း ဖြေခဲ့ပြီး၊ အမှတ်မြင့်မြင့်နဲ့ အောင်ခဲ့တာကြောင့် တက္ကသိုလ် တက်ခွင့် ရရှိခဲ့ပါတယ်။

WorldofBuzz သတင်းက Laurent ဟာ အထက်တန်း ကျောင်းကို (၁) နှစ်တည်းနဲ့ ပြီပြီး၊ တက္ကသိုလ် ဆက်တက်ခဲ့တာပါလို့ ဖော်ပြခဲ့ပါတယ်။ သူဟာ Eindhoven နည်းပညာ တက္ကသိုလ်မှာ တက်ရောက်ပြီး တက္ကသိုလ် ဆရာတွေက သူ့ကို စာတတ်လွယ်တဲ့ ကျောင်းသားလို့ ပြောခဲ့ကြပါတယ်။

သူဟာ အသက် (၉) နှစ်နဲ့ နည်းပညာကျောင်း ပြီးသွားခဲ့တာကြောင့် လျှပ်စစ် အင်ဂျင်နီယာဘွဲ့ကို ဆွတ်ခူးတော့မှာပါ။သူဟာ ယခုနှစ် လာမယ့် ဒီဇင်ဘာလမှာ ဘွဲ့ရမှာ ဖြစ်ပြီး သူက ဒီဘွဲ့ရပြီးဆိုရင် လျှပ်စစ် အင်ဂျင်နီယာနဲ ပက်သက်တဲ့ ဒေါက်တာဘွဲ့ကို ယူချင်တယ်လို့ ပြောခဲ့ပါတယ်။

သူက တက္ကသိုလ်မှာ ပညာ ဆက်လက် မသင်ကြားခင် ဂျပန်နိုင်ငံကို အားလပ်ရက် ခရီးထွက်ချင်တယ်လို့လည်း ပြောခဲ့ပါတယ်။ Laurent ဟာ အသက် (၉) နှစ်သာ ရှိသေးပေမဲ့ ထူးချွန်လွန်းတာကြောင့် လျှပ်စစ် အင်ဂျင်နီယာဘွဲ ရရှိတော့မှာပါ။

Ko Khant ( D Nae Khit Media )