ငွေေကြေး အကန့်အသတ်မရှိ ထောက်ပံ့ ခံလိုက်ရတဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ

276

ပြည်တွင်းဘဏ်တစ်ခုကနေ ငွေေကြေး အကန့်အသတ်မရှိ ထောက်ပံ့ ခံလိုက်ရတဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ

အီဂ်စ္မွာ ေ႐ႊတံဆိပ္ဆုကိုရယူၿပီး လက္ရွိခ်န္ပီယံဆု ကို ကာကြယ္ထားႏိုင္ခဲ့ ျမန္မာ့ဂုဏ္ေဆာင္ ၾကက္ေတာင္မယ္သက္ထားသူဇာဟာ အခုရက္ပိုင္းမွာေတာ့ ယူႏိုက္တက္အမရာဘဏ္နဲ႔ စပြန္ဆာစာခ်ဳပ္တစ္ခုခ်ဳပ္ဆိုသြားခဲ့တာပါ။

ယူုူႏိုက္တက္အမရာဘဏ္က အိုလံပစ္ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာ ကုန္က်မယ့္ စရိတ္ေတြနဲ႔ နည္းျပငွားရမ္းခေတြကိုေပးေခ်သြားမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းက ၂ ႏွစ္အထိ ရွိမွာျဖစ္ကာ ထပ္မံတိုးသြားဖို႔လည္းရွိေနတယ္လို႔ သိရပါတယ္။

သက္ထားသူဇာဟာ လက္ရွိမွာ ကမာၻ႔အဆင့္ ၆၅ မွာေရာက္ရွိေနတာျဖစ္ၿပီး လက္ရွိမွာ ေလ့က်င့္မႈေတြျပဳလုပ္ေနကာအေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ ဆီးဂိမ္းအတြက္ ျပင္ဆင္ေနတာပါ။

သက္ထားသူဇာနဲ႔ယူႏိုက္တက္အမရာဘဏ္တို႔နဲ႔စပြန္ဆာစာခ်ဳပ္လက္မွတ္ေရးထိုးပြဲကို ယူေအဘီတာဝါမွာ ႏိုဝင္ဘာ ၁၅ ရက္ေန႔က က်င္းပခဲ့တာျဖစ္ၿပီး မီဒီယာအမ်ားအျပားလည္းတက္ေရာက္ခဲ့ၾကပါတယ္။

ဒီလက္မွတ္ေရးထိုးပြဲမွာ သက္ထားသူဇာက “အားကစားသမားတစ္ေယာက္အေနနဲ႔အိုလံပစ္ အားကစားၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရတာဟာ ႏိုင္ငံဂုဏ္ေဆာင္တာျဖစ္သလို အားကစားသမားတစ္ေယာက္အတြက္လည္း ပိုၿပီး ႀကိဳးစားခ်င္စိတ္ကို ျဖစ္ေပၚေစပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ယူႏိုက္တက္အမရာဘဏ္ အမႈေဆာင္အရာရွိခ်ဳပ္ကလည္း သက္ထားသူဇာကို ၂ ႏွစ္အထိ လိုအပ္မည့္ ကုန္က်စရိတ္မ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္သလို ေထာက္ပံ့မည့္ေငြေၾကးပမာဏကလည္း အကန္႔အသတ္မရွိဘူးလို႔ ေၾကျငာခဲ့တာပါ…..

သက္ထားသူဇာအတြက္ ေနာက္ဆံမတင္းပဲ ၿပိဳင္ပြဲေတြကိုအားႀကိဳးမာန္တက္ ယွဥ္ၿပိဳင္သြားႏိုင္မယ့္ အခြင့္အေရးမလို႔ ဝမ္းသာစရာသတင္းေလးလို႔ ဆိုရမွာပါ။ ပရိသတ္ႀကီးလည္း သက္ထားသူဇာေလးအတြက္ဝမ္းသာႏိုင္ေအာင္ တင္ဆက္ေပးလိုက္ရပါတယ္ေနာ္။Writer – Magic (Shwe Yaung Lan)

unicode

အီဂျစ်မှာ ရွှေတံဆိပ်ဆုကိုရယူပြီး လက်ရှိချန်ပီယံဆု ကို ကာကွယ်ထားနိုင်ခဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်သက်ထားသူဇာဟာ အခုရက်ပိုင်းမှာတော့ ယူနိုက်တက်အမရာဘဏ်နဲ့ စပွန်ဆာစာချုပ်တစ်ခုချုပ်ဆိုသွားခဲ့တာပါ။

ယူုူနိုက်တက်အမရာဘဏ်က အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကုန်ကျမယ့် စရိတ်တွေနဲ့ နည်းပြငှားရမ်းခတွေကိုပေးချေသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ်အထိ ရှိမှာဖြစ်ကာ ထပ်မံတိုးသွားဖို့လည်းရှိနေတယ်လို့ သိရပါတယ်။

သက်ထားသူဇာဟာ လက်ရှိမှာ ကမ္ဘာ့အဆင့် ၆၅ မှာရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာ လေ့ကျင့်မှုတွေပြုလုပ်နေကာအရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းအတွက် ပြင်ဆင်နေတာပါ။

သက်ထားသူဇာနဲ့ယူနိုက်တက်အမရာဘဏ်တို့နဲ့စပွန်ဆာစာချုပ်လက်မှတ်ရေးထိုးပွဲကို ယူအေဘီတာဝါမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး မီဒီယာအများအပြားလည်းတက်ရောက်ခဲ့ကြပါတယ်။

ဒီလက်မှတ်ရေးထိုးပွဲမှာ သက်ထားသူဇာက “အားကစားသမားတစ်ယောက်အနေနဲ့အိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတာဟာ နိုင်ငံဂုဏ်ဆောင်တာဖြစ်သလို အားကစားသမားတစ်ယောက်အတွက်လည်း ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အမရာဘဏ် အမှုဆောင်အရာရှိချုပ်ကလည်း သက်ထားသူဇာကို ၂ နှစ်အထိ လိုအပ်မည့် ကုန်ကျစရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သလို ထောက်ပံ့မည့်ငွေကြေးပမာဏကလည်း အကန့်အသတ်မရှိဘူးလို့ ကြေငြာခဲ့တာပါ…..

သက်ထားသူဇာအတွက် နောက်ဆံမတင်းပဲ ပြိုင်ပွဲတွေကိုအားကြိုးမာန်တက် ယှဉ်ပြိုင်သွားနိုင်မယ့် အခွင့်အရေးမလို့ ဝမ်းသာစရာသတင်းလေးလို့ ဆိုရမှာပါ။ ပရိသတ်ကြီးလည်း သက်ထားသူဇာလေးအတွက်ဝမ်းသာနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။Writer – Magic (Shwe Yaung Lan)