လူတိုင်း မသိသေးတဲ့ အိမ်တွင်း ရွက်လှပင်ရဲ့ ကြောက်စရာ အကြောင်းအရင်းများ

294

(ကလေးရှိတဲ့ မိသားစုတွေ အတွက် ဆင်ခြင်နိုင်ဘို့ အောက်ပါ ရွက်လှပင် အကြောင်း ဖတ်ပြီး ဆင်ခြင် နိုင်ကြပါစေ..)***

အိမ်တွင်း ခြံတွင်း ရုံးတွင်း နေရာတွေမှာ ရွက်လှပင် အမျိုးမျိုးကို အလှပန်း အိုးတွေ အဖြစ် စိုက်ထားလေ့ ရှိကြတယ်။ မျက်စိ ပသာဒ ဖြစ်စေ သလို၊ အခန်းတွင်း လေ သန့်ရှင်း စေလို့၊ကြည့်ရတာလည်း လှလို့ စာရေးသူ လည်း သဘောကျ မိတယ်။ အောက်ဖော်ပြပါ စာဆက် ဖတ်ကြည့်ရင်တော့ အဲလို အပင်မျိုးအလှ အဖြစ်တောင် ဘယ်နေရာမှ မစိုက် သင့်တော့ပါဘူး။

အစိမ်း၊ အဝါနုနဲ့ အဖြူရောင်စပ်ကြား အရွက်ဖားဖား (ဓါတ်ပုံပါ) ရွက်လှပင်ရဲ့အရွက်ဟာ စားမိမယ်ဆိုရင်၊ ကလေးဆိုရင် မိနစ်ပိုင်း အတွင်း လူကြီးဆို ရင်လည်း ၁၅ မိနစ် အတွင်း အသက် သေစေနိုင်ပါသတဲ့။

Keep (+) Healthy မှာ မိခင် တစ်ယောက်က ပြောတာ ကို အခုလို တွေ့ရတယ်။

( ကျွန်မ သမီးလေး အသက်ဆုံးရှုံးရတော့ မလို ဖြစ်သွား ရတယ်။ အသ်ိဦးပေ လို့သာ။အဲဒီ အရွက် တစ်ပိုင်းတစ်စ ကို ကလေးက ပါးစပ်ထဲ ထည့်လိုက်တာ ချက်ချင်း လက်ငင်း သမီးရဲ့လျှာတွေ ထူထဲ ရောင်ရမ်းလာတယ်။ အသက်ရှူရ ခက်ခဲလာတယ်။အဲဒီအရွက် နည်းနည်းလေး ဝါးမိတဲ့ ကျွန်မ သမီးလေးသေတော့မလို ဖြစ်သွားရတယ်။လူအတော်များများကဒီအရွက်က အဆိပ် ပြင်းမှန်း၊မသိကြဘူး။သတ်ိလည်း မထားမိ ကြ ဘူး။)

အဲဒီအရွက်ကသိပ်ပြီးအသက်အန္တရာယ်ပေးနိုင်ပါတယ်။ သူ့လို နဲ့ သူ့လောက် အသက်အန္တရာယ် ခြိမ်းချောက် တဲ့ အပင် များများ စားစား မရှိလှဘူး။

အဲလို ရွက်လှပင်တွေ အိမ်တွင်းအိမ်ပြင် လုံးဝ မစိုက် သင့် ပါဘူး။ တကယ်လို့ ရှိနေခဲ့ရင်၊ ကလေးနဲ့လက်လှမ်း မမှီတဲ့နေရာ၊ အဝေး နဲ့ အမြင့် တစ်နေရာ တင်ထားတာ ကောင်းပါတယ်။ ကလေးကို အဲဒီအနား မသွားစေဘို့ မျက်ခြေမပြတ် ထိန်းသိမ်း စောင့်ရှောက်နေသင့်ပါတယ်။ ကလေးရောက်နိုင်တဲ့ (သို့) ကစားနိုင်တဲ့နေရာ နဲ့ အိပ်ယာတွေကို၊ အဲဒီအပင်နဲ့ ခပ်လှမ်းလှမ်း ဟိုးအဝေး မှာ ထားရှိ သင့်ပါတယ်။

အဲဒီအရွက်ပင်ကို၊ စာရေးသူတို့ဆီမှာတော့… (#ရွက်လှဂမုန်း) လို့ ခေါ်ကြတယ်။ စာရေးသူတောင် ကြည့်ရတာ လှလို့ ဘုန်းကြီးကျောင်းက တောင်းပြီး နှုတ်လာကာ၊ ပန်းအိုးနဲ့ စိုက်ထား မိသေးတယ်။

ကိုယ်ပိုင်ကလေး မရှိပေမဲ့ လူနာ ကလေးလေးတွေ မတော်တဆ အိမ်ခေါင်းရင်း ရောက်သွား ဆော့ကစား စားမိရင်၊ ကလေးတွေ ဒုက္ခများမှာ စာရေး သူလည်း ပြေးပေါက်မှားမှာ စိုးရိမ်လို့၊ ဒီစာရေးပြီးရင် သွားရောက် ဖယ်ရှား ပစ်တော့မယ်။

အဲဒီ ရွက်လှပင်ကို၊ အင်္ဂလိပ်လိုတော့၊ Dieffenbachia လို့ ခေါ်ပါတယ်။ သူ့အရွက်တွေ တိုင်းမှာ…”ကယ်လ်စီယမ် အောက်ဇဲလိတ် ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ်ဓါတ်တွေ အမြောက်အများ… ( အသက်သေစေလောက်တဲ့ အထိ) ပါဝင်တယ်။

အသက်ငယ်လွန်းတဲ့ ကလေးတွေ စားမိရင်၊ချက်ချင်း သေဆုံးစေနိုင်သလို၊ အရွယ်ရောက်ပြီး သူတွေမှာတော့ ၁၅ မိနစ် မိနစ် ၂၀ အတွင်း၊ သေဆုံးစေနိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။

အရွက်ရဲ့အဆိပ်က ဘယ်လောက်ပြင်းထန် သလဲဆိုရင် ၊ မျက်စိထဲဝင်မိရင် မျက်စိတောင် ကွယ်စေ မျက်စိကန်း စေနိုင်တယ်။

ချစ်စွာသော စာရှုသူ။ သင်တို့ အိမ်မှာ ရုံးမှာ … အဲဒီရွက်လှပင် ရှိနေပါသလား။ အခုပဲ သွားရောက် နှုတ်ပစ် ဖယ်ရှား လိုက်တာက သင့်အတွက်ရော မိသားစုအတွက်ရော၊ မိတ်ဆွေတွေ သားသမီးတွေ အတွက်ပါ ၊ အဆိပ်ဘေးမှ စိတ်ချရ ပါလိမ့်မယ်။***

Credit:ဒေါက်တာမြမြချယ်