မွေးချင်းမောင်နှမကပေးတဲ့ ကျန်းမာရေးကောင်းကျိုး

110

မွေးချင်းမောင်နှမဆိုတာ မိဘတွေရဲ့ သဘော ထား၊ အခြေအနေ၊ အကြောင်းအရပ်ရပ်ပေါ် အဓိက မူတည်ပါတယ်။ တစ်ဦးတည်းသော သားသား၊ မီးမီး လေးတွေရှိသလို မွေးချင်းမောင်နှမ အများကြီး ရှိသူတွေလည်း ရှိပါတယ်။ ဒါကလည်း ကံတရား တစ်ခုလို့ ဆိုနိုင်လေမလား။ တစ်ဦးတည်းနေရတာ ကြိုက်နှစ်သက်တဲ့ကလေးတွေရှိသလို မွေးချင်းမောင် နှမတွေ လိုချင်တဲ့ကလေးတွေလည်း ရှိပါတယ်။ သုတေသန လေ့လာတွေ့ရှိချက်တွေအရတော့ အစ်ကိုကြီး၊ မောင်လေး၊ ညီလေး၊ ညီမလေး၊ အစ်မ ကြီး စသဖြင့် မွေးချင်းမောင်နှမတွေရှိတာဟာ ကျန်း မာရေးအတွက် ကောင်းကျိုးပေးနိုင်တယ်လို့ ဖောjfပ ထားပါတယ်။

(၁) ကျန်းမာရေးလိုက်စားစေတယ်

လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုအပေါ် ၄၀ ရာခိုင်နှုန်းက မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုရှိတယ်လို့ ဆိုထားပါတယ်။ သင်ဝလာရင် ဝလာပြီလို့ သတိပေးမယ့် မွေးချင်းမောင်နှမတွေ ရှိ တာက သင့်ကို ကျန်းမာရေးလိုက်စားစေမှာပါ။

(၂) အသက်ရှည်စေတယ်

သုတေသနတွေ့ရှိချက်တွေအရ မွေးချင်း မောင်နှမတွေနဲ့ ပျော်ရွှင်ခိုင်မာတဲ့ ရင်းနှီးမှုတည် ဆောက်ထားသူတွေဟာ သက်ရှည်ကျန်းမာစေတယ် လို့ ဆိုပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်စေတယ်

မွေးချင်း အစ်မ ဒါမှမဟုတ် ညီမရှိတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုကို မိဘတွေ မပေးနိုင်တာထက် ပိုပြီး အထောက်အကူပြုနိုင်တယ်လို့ သုတေသန လေ့လာချက်တွေက ဆိုထားပါတယ်။ သူငယ်ချင်း ထက်ပိုတဲ့ သွေးသားတော်စပ်တဲ့ ညီအစ်မ၊ နှမ ရှိတာဟာ မိဘကို ဖွင့်မပြောဖြစ်တဲ့ အကြောင်းအရာ လေးတွေကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်ပြောဆိုနိုင် မှာ ဖြစ်ပါတယ်။

(၄) ကိုယ်ချင်းစာစိတ်ရှိစေတယ်

သုတေသနတွေရဲ့ လေ့လာချက်အရ မွေးချင်း မောင်နှမရှိတဲ့သူတွေဟာ ကိုယ်ချင်းစာစိတ်ရှိစေဖို့ ကူညီပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါကလည်း ကိုကြီး အတွက်၊ ညီလေးအတွက်၊ မမအတွက်၊ ညီမလေး အတွက်ဆိုပြီး ငယ်စဉ်ကတည်းက ဘာမဆို မျှမျှတတ ခွဲဝေယူခဲ့တဲ့ အလေ့အကျင့်တွေကြောင့် ဖြစ်ပါတယ်။

(၅) ပိုပြီး ပျော်ရွှင်စေတယ်

မွေးချင်းမောင်နှမရှိတယ်ဆိုတာ ဘဝတစ်သက် တာအတွက် စိတ်ခွန်အား ဖြစ်စေဖို့ အထောက်အပံ့ ကောင်းတစ်ခု ဖြစ်စေပါတယ်။ အသက်ကြီးလာတဲ့ အခါမှာလည်း အချင်းချင်းမှီတည်နိုင်တဲ့ အကျိုး ကျေးဇူးကို ရရှိမှာဖြစ်လို့ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေပါတယ်။

ထူးဒါလီကိုကို (MPharm)