အန္တရာယ်ရှိလို့ လက်မောင်းထဲထိုးသွင်းထားတဲ့ Gel တွေကို ခွဲစိတ်ဖယ်ရှားခဲ့ရသူ

81

ကာတွန်းဇာတ်ကောင် Popeye နဲ့ ခိုင်းနှိုင်းပြီး အဲဒီနာမည်ကိုပါ နာမည်ပြောင်အဖြစ် ပိုင်ဆိုင်ထားသူကတော့ ယခင်က သူရဲ့ ကြီးမားလှတဲ့ လက်မောင်းကြီးတွေကြောင့် နာမည်ကျော်ခဲ့သလောက် အခုဆိုရင် အဲဒီလက်မောင်းကြီးတွေထဲက ကြွက်သားအသေတွေကို ဖယ်ထုတ်လိုက်ရပါပြီ။

ဒီသတင်းကို DailyStar က ဖော်ပြထားတာ ဖြစ်ပြီး AlinnMyay က ဘာသာပြန်လိုက်တာပါ။ အဲဒီအမျိုးသားဟာ လက်မောင်းတွေ လှုပ်မရအောင် နာကျင်ခဲ့တာကြောင့် ဒေါက်တာတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူဟာ ဧရာမလက်မောင်းကြီး ရဖို့ Gel တွေ ထိုးသွင်းခဲ့သူပါ။

ဒါပေမယ့် ကာလကြာလာတဲ့အခါ လက်မောင်းတွင်းကြွက်သားတွေ သေကုန်ပါတယ်။ Popeye ရဲ့နာမည်အရင်းကတော့ Kirill Tereshin ဖြစ်ပါတယ်။ သူဟာ အသက်(၂၃)ဖြစ်ပြီး၊ ရုရှားစစ်ဘက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ဒေါက်တာတွေက အခုအချိန်မှာ မခွဲစိတ်ဖူးဆိုရင် လက်ကို ဖြတ်ပစ်ရမယ်လို့ ပြောပါတယ်။

ဒီလိုပဲ အသက်အန္တရာယ်ကိုလည်း ထိခိုက်နိုင်တာကြောင့် ဆက်ကြာနေရင် Kirill အတွက် ဘာမှ အကျိုးမရှိနိုင်ပါဘူးတဲ့။ နောက်ဆုံးတော့ Kirill ဟာ ခွဲစိတ်မယ့်အစီအစဉ်ကို လက်ခံလိုက်ရပါတယ်။ အခုမြင်နေရတဲ့ ဓာတ်ပုံတစ်ခုကတော့ သူ့လက်မောင်းထဲက သေနေတဲ့ ကြွက်သားတွေကို ဖယ်ထုတ်ထားတာပါ။

အသားစတွေဟာ (၃)ပေါင်အထိ အလေးချိန်ရှိပါတယ်။ ဒီအသားစတွေထဲမှာ သူထိုးသွင်းထားတဲ့ Petroleum Gel လည်း ပါဝင်ပါတယ်။ သူ့ကို ခွဲစိတ်ပေးခဲ့တဲ့ ဒေါက်တာကတော့ Alana Mamaeva ဖြစ်ပြီး အသက်(၃၂)ပါ။ ဒီလို Gel ကြောင့် အမှားအယွင်းဖြစ်ခဲ့တဲ့သူတွေကို ကူညီပေးနေသူ ဖြစ်ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)