ကလေး(၄)ယောက်မိခင် ကိုယ်တစ်ခြမ်းသေဝေဒနာခံစားနေရသည့် မအေးသီတာကို ဆေးကုသဖို့ကူညီပါ

174

ကျုးကျော်တဲမှာနေထိုင်သည့်ကလေး(၄)ယောက်မိခင် ကိုယ်တစ်ခြမ်းသေဝေဒနာခံစားနေရသည့် မအေးသီတာကို ဆေးကုသဖို့ကူညီပါ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ကျုးကျော်တဲတွင်နေထိုင်ကာ ကလေး(၄)ဦး၏မိခင် မအေးသီတာသည် သတိလစ်လဲကျကာ ကိုယ်တစ်ခြမ်းသေဝေဒနာခံစားနေရသည့်အတွက် ဆင်းရဲနွမ်းပါးသဖြင့် ဆေးကုသဖို့ကူညီးပေးပါလို့ ကာယကံရှင်မှ တောင်းခံထားကြောင်းသိရသည်။

ပုသိမ်မြို့နယ် ကင်မလင်းကျွန်းအဝေးပြေးကားဝန်းအနီးတွင်နေထိုင်သည့် မအေးသီတာသည် ၂၀၁၉ခုနှစ် နိုဝင်ဘာ(၁၈)ရက်က သတိလစ်လဲကျပြီး မျက်စိ၊လက်၊ခြေထောက်တစ်ဖက် ခန္ဓာကိုယ်တစ်ခြမ်းသေ ဝေဒနာကိုခံစားနေရပြီး သားသမီး(၄)ဦးရှိကာ ၎င်း၏အမျိုးသားမှာ ဆိုက္ကားနင်းလုပ်ငန်းလုပ်ကိုင်ကြောင်း သိရသည်။

မအေးသီတာသည် ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ဆင်းရဲနွမ်းပါးသည့်အတွက် ဆေးဖိုးနှင့် အခြားအသုံးစရိတ်များ လိုအပ်နေသဖြင့် ကူညီပေးဖို့ မအေးသီတာမှ မေတ္တာရပ်ခံထားကြောင်းသိရသည်။

“သူတို့မိသားစုက ဆင်းရဲနွမ်းပါးတယ် ဒါပေမယ့် ကောင်းရောင်းကောင်းဝယ်လုပ်စားကြတယ် ကျုးကျော်မြေမှာတဲဆောက်ပြီးနေနေတာလည်းဟုတ်တယ် အလုပ်လုပ်နိုင်တဲ့သားသမီးတွေကလည်း မပါသေးတော့ ပိုဆိုးတာပေါ့ အခုဆေးရုံတင်တာတောင် ဒေသကအမျိုးသမီးတစ်ယောက်က ကူညီပေးလို့ လူမှုကူညီရေးအသင်းက ကားနဲ့ပုသိမ်ဆေးရုံကြီးကို ပို့လိုက်တာပါ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် တက်အားသရွေ့ ကူညီလှူဒါန်းပေးပါလို့ တိုက်တွန်းချင်ပါတယ် ”ဟု ပုသိမ်မြို့ ကင်မလင်းကျွန်းဒေသမှ ဒေါ်ဆွေဆွေခိုင်က ပြောသည်။

ဝေဒနာရှင် မအေးသီတာကို ကူညီလှူဒါန်းလိုသည့်သူများအနေဖြင့် မည်သူမဆို ဖော်ပြပါဖုန်းနံပါတ် 09799789655 ကို ချိတ်ဆက်လှူဒါန်းနိုင်ပါကြောင်း သိရသည်။

သတင်းတာဝန်ခံ- အောင်ကျော်ကျော်၊#AlinnMyay(အလင်းမြေ)