ဆိုးရွားတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ သားအဖ နှစ်ယောက်ကို ကူညီကြပါ

235

လွေးကစ်ဆိုတဲ့ ကလေးနဲ့ ဖခင်ဖြစ်သူတို့ ဟာ ‌အင်မတန်လှပတဲ့ လားရှိုးမြို့နယ် မိုင်းယော် တောင်ထိပ်ပေါ်က လွယ်ပတ်ဆိုတဲ့ရွာမှာလို့ သိရပါတယ်။

ဒီအကြောင်းအရာလေးကို Mai A Naing ဆိုတဲ့ အကောင့်ပိုင်ရှင်မှ တင်ပြထားတာကို တွေ့ရတာဖြစ်ပါတယ်။

အသက်က ရနှစ် ဝန်းကျင် အရွယ်သာ ရှိပြီး တစ်ကိုယ်လုံးမှာ ယားနာပေါက်ကာ အနာတွေ ဖြစ်နေတဲ့ ကလေးတစ်ဦးရယ် ဗိုက်ဖောင်းတဲ့ ရောဂါကို ခံစားနေရတဲ့ ဖခင်ဖြစ်သူတို့ နှစ်ဦး မိသားစုအားလုံးပေါင်းမှ ဒီနှစ်ယောက်သာ ရှိတယ်လို့ သိရပါတယ်။ ကလေးငယ်ဟာ အနာတွေပေါက်နေတဲ့နေရာ အဆိုးဆုံးက ခေါင်းနဲ့ မျက်နှာတွေမှာဖြစ်တယ်လို့ Mai A Naing အကောင့်ပိုင်ရှင် တင်ပြထားချက်အရသိရတာပါ။

အခုတော့ လွေးကစ်ဟာ တကိုယ်လုံး အနာနဲ့ ရောဂါ ဝေဒနာ ခံစားနေရတဲ့ အပြင် လမ်းမလျှာက်နိုင် မသွားနိုင်ဖြစ်နေတဲ့ အဖေဖြစ်ကို ထမင်းဟင်းချက်ပြီး ကျွေးမွေးနေရကြောင်း သိရပါတယ်။

သူတို့ သားအဖ ချက်ပြုတ်စားသောက်ဖို့ ဆန်တွေကိုတော့ ရွာထဲက သူတို့အမျိုးအိမ်တွေဆီမှာ တောင်းရမ်းကာ ချက်ပြုတ်စားသောက်နေရကြောင်း သိရပါတယ်။

လားရှိုးမြို့နယ် မိုင်းယော် တောင်ထိပ်ပေါ်က လွယ်ပတ်ဆိုတဲ့ရွာလေးဟာ မြို့ပြနဲ့ ဝေးလွန်ပြီး လမ်းခရီးလည်း ကြမ်းတာမို့ ဆေးဝါးဆိုတာ ရရှိဖို့ မလွယ်ကူကြောင်းလည်းသိရပါတယ်။ ဒါကြောင့် တစ်နေ့တစ်ခြားရောဂါက ပိုဆိုးလာနေပါတယ်လို့ ဆိုပါတယ်။

အိမ်တွင်းပဲ အောင်းနေတဲ့ အဆိုပါ သားအဖ နှစ်ယောက်ကို ကျောင်းဆရာက တွေ့‌တော့ လောလောဆယ် ရှိတဲ့ ဆေးနဲ့ ကုထားပါတယ်။ ဒါပေမဲ့ ရောဂါပျောက်သွားတဲ့လောက်ထိ မဖြစ်နိုင်ကြောင်း သူ့အဖေကလည်း ဗိုက်က ပိုပိုကြီးလာတော့ ရှေရေးအတွက် စိတ်ပူရကြောင်း လို့ Mai A Naing အကောင့်ပိုင်ရှင် က ဖော်ပြထားခဲ့ပါတယ်။

၂ယောက်လုံးရဲ့ ရောဂါ ပျောက်ဖို့အတွက် ဆေးနည်းသိရင် ပေးခဲ့စေလိုသလို၊ ရောဂါပျောက်ဖို့ ကူညီပေးလိုသူတွေရှိခဲ့ရင်လည်း ပိုကောင်းတဲ့အကြောင်း လို့ Mai A Naing အကောင့်ပိုင်ရှင် က ဖော်ပြထားချက်များအရ သိရှိရတဲ့အတိုင်း AlinnMyay(အလင်းမြေ) သတင်း မီဒီယာမှ ထပ်ဆင့် ပြန်လည် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

အဆိုပါ ကျေးရွာလေးနဲ့ နီးစပ်ပြီး အကူအညီ ပေးနိုင်တဲ့ အလှူရှင် ကုသိုလ်ရှင် စေတနာရှင်များ သိအောင် တတ်နိုင်သလောက် မျှဝေပေးကြဖို့ AlinnMyay(အလင်းမြေ) သတင်း မီဒီယာမှ လေးစားစွာ အကူအညီတောင်းခံပေးလိက်ပါတယ်ခင်ဗျာ..။

သတင်း အချက်အလက် နှင့် ဓာတ်ပုံ – Mai A Naing #AlinnMyay(အလင်းမြေ)

(Zawgyi)

ဆိုးရြားတဲ့ ေရာဂါေဝဒနာ ခံစားေနရတဲ့ သားအဖ ႏွစ္ေယာက္ကို ကူညီၾကပါ

ႏုိဝင္ဘာ(၁၉)AlinnMyay(အလင္းေျမ)

ေလြးကစ္ဆိုတဲ့ ကေလးနဲ႔ ဖခင္ျဖစ္သူတို႔ ဟာ ‌အင္မတန္လွပတဲ့ လားရွိုးၿမိဳ႕နယ္ မိုင္းေယာ္ ေတာင္ထိပ္ေပၚက လြယ္ပတ္ဆိုတဲ့ရြာမွာလို႔ သိရပါတယ္။

ဒီအေၾကာင္းအရာေလးကို Mai A Naing ဆိုတဲ့ အေကာင့္ပိုင္ရွင္မွ တင္ျပထားတာကို ေတြ႔ရတာျဖစ္ပါတယ္။

အသက္က ၇ႏွစ္ ၀န္းက်င္ အရြယ္သာ ရွိၿပီး တစ္ကိုယ္လုံးမွာ ယားနာေပါက္ကာ အနာေတြ ျဖစ္ေနတဲ့ ကေလးတစ္ဦးရယ္ ဗိုက္ေဖာင္းတဲ့ ေရာဂါကို ခံစားေနရတဲ့ ဖခင္ျဖစ္သူတုိ႔ ႏွစ္ဦး မိသားစုအားလံုးေပါင္းမွ ဒီႏွစ္ေယာက္သာ ရွိတယ္လို႔ သိရပါတယ္။ ကေလးငယ္ဟာ အနာေတြေပါက္ေနတဲ့ေနရာ အဆိုးဆုံးက ေခါင္းနဲ႔ မ်က္ႏွာေတြမွာျဖစ္တယ္လို႔ Mai A Naing အေကာင့္ပိုင္ရွင္ တင္ျပထားခ်က္အရသိရတာပါ။

အခုေတာ့ ေလြးကစ္ဟာ တကိုယ္လုံး အနာနဲ႔ ေရာဂါ ေဝဒနာ ခံစားေနရတဲ့ အျပင္ လမ္းမလၽွာက္နိုင္ မသြားနိုင္ျဖစ္ေနတဲ့ အေဖျဖစ္ကို ထမင္းဟင္းခ်က္ၿပီး ေကၽြးေမြးေနရေၾကာင္း သိရပါတယ္။

သူတို႔ သားအဖ ခ်က္ျပဳတ္စားေသာက္ဖို႔ ဆန္ေတြကိုေတာ့ ရြာထဲက သူတို႔အမ်ိဳးအိမ္ေတြဆီမွာ ေတာင္းရမ္းကာ ခ်က္ျပဳတ္စားေသာက္ေနရေၾကာင္း သိရပါတယ္။

လားရွိုးၿမိဳ႕နယ္ မိုင္းေယာ္ ေတာင္ထိပ္ေပၚက လြယ္ပတ္ဆိုတဲ့ရြာေလးဟာ ၿမိဳ႕ျပနဲ႔ ေဝးလြန္ၿပီး လမ္းခရီးလည္း ၾကမ္းတာမို႔ ေဆးဝါးဆိုတာ ရရွိဖို႔ မလြယ္ကူေၾကာင္းလည္းသိရပါတယ္။ ဒါေၾကာင့္ တစ္ေန႔တစ္ျခားေရာဂါက ပိုဆိုးလာေနပါတယ္လို႔ ဆိုပါတယ္။

အိမ္တြင္းပဲ ေအာင္းေနတဲ့ အဆိုပါ သားအဖ ႏွစ္ေယာက္ကို ေက်ာင္းဆရာက ေတြ႕‌ေတာ့ ေလာေလာဆယ္ ရွိတဲ့ ေဆးနဲ႔ ကုထားပါတယ္။ ဒါေပမဲ့ ေရာဂါေပ်ာက္သြားတဲ့ေလာက္ထိ မျဖစ္နိုင္ေၾကာင္း သူ႔အေဖကလည္း ဗိုက္က ပိုပိုႀကီးလာေတာ့ ေရွေရးအတြက္ စိတ္ပူရေၾကာင္း လို႔ Mai A Naing အေကာင့္ပိုင္ရွင္ က ေဖာ္ျပထားခဲ့ပါတယ္။

၂ေယာက္လုံးရဲ့ ေရာဂါ ေပ်ာက္ဖို႔အတြက္ ေဆးနည္းသိရင္ ေပးခဲ့ေစလိုသလို၊ ေရာဂါေပ်ာက္ဖို႔ ကူညီေပးလိုသူေတြရွိခဲ့ရင္လည္း ပိုေကာင္းတဲ့အေၾကာင္း လို႔ Mai A Naing အေကာင့္ပိုင္ရွင္ က ေဖာ္ျပထားခ်က္မ်ားအရ သိရွိရတဲ့အတိုင္း AlinnMyay(အလင္းေျမ) သတင္း မီဒီယာမွ ထပ္ဆင့္ ျပန္လည္ မွ်ေဝေပးလိုက္ျခင္းျဖစ္ပါတယ္ခင္ဗ်ာ။

အဆိုပါ ေက်းရြာေလးနဲ႔ နီးစပ္ၿပီး အကူအညီ ေပးႏုိင္တဲ့ အလွဴရွင္ ကုသိုလ္ရွင္ ေစတနာရွင္မ်ား သိေအာင္ တတ္ႏုိင္သေလာက္ မွ်ေဝေပးၾကဖို႔ AlinnMyay(အလင္းေျမ) သတင္း မီဒီယာမွ ေလးစားစြာ အကူအညီေတာင္းခံေပးလိက္ပါတယ္ခင္ဗ်ာ..။

သတင္း အခ်က္အလက္ ႏွင့္ ဓာတ္ပံု – Mai A Naing #AlinnMyay(အလင္းေျမ)