ဧရာမမြေကျွံပေါက်ကြီးတွေကို တရုတ်သစ်တောတစ်ခုအတွင်းမှာ တွေ့ရှိ

103

တရုတ်နိုင်ငံ၊ Guangxi စီရင်စု၊ Baise မြို့အနီးက တောနက်ကြီးတစ်ခုထဲမှာ အလွန်ကြီးမားတဲ့ မြေကျွံပေါက်ကြီးတွေကို တရုတ်ဘူမိပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ မြေကျွံပေါက် အားလုံးစုစုပေါင်းလိုက်ရင် (၁၉)ခုအထိရှိပြီး၊ ကမ္ဘာ့အကြီးဆုံး မြေကျွံပေါက်တွေလို့တောင် ပြောလို့ရပါသတဲ့။

ဒီအကြောင်းကို DailyStar က ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay က ဘာသာပြန်လိုက်တာပါ။ Avatar ဇာတ်ကား ရိုက်ကွင်းနဲ့ အလွန်နီးစပ်စွာ တူညီနေကြောင်း ဆိုပါတယ်။ တိုင်းတာကြည့်လိုက်တဲ့အခါ 1000000 m³ လောက်ထိရှိတယ်လို့ ဆိုပါတယ်။

မြေကျွံပေါက်ဖြစ်ရခြင်းမှာ အဓိကအားဖြင့် မြေသားနုခြင်းနဲ့ မိုးများခြင်းကြောင့်ဖြစ်ပြီး၊ တစ်ခါတလေမှာမြေအောက် မြစ်တွေကြောင့်လည်း အခုလို ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီမြေကျွံပေါက်ကြီးတွေကို Geological Survey of the Ministry of Natural Resources က ရှာတွေ့ခဲ့တာပါ။

အဲဒီဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတွေကို Guangxi နဲ့ နယ်နိမိတ်ချင်းဆက်နေတဲ့ Hunan စီရင်စုက Zhang Jia Jie National Forest Park မှာ အများဆုံးရိုက်ကူးခဲ့တာပါ။ အခု မြေကျွံပေါက်ကြီးတွေထဲမှာ ရေတံခွန်တွေ၊ ကြီးမားတဲ့ လိုဏ်ဂူတွေ၊ သစ်ပင်မျိုးစိတ်တွေ တွေ့ခဲ့ရပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)