သက်သေအဖြစ် တင်သွင်းတဲ့သေနတ်က ကျည်ထွက်ပြီး၊ ရှေ့နေတစ်ဦးကို ထိမှန်

128

တောင်အာဖရိကနိုင်ငံ၊ KwaZulu-Natal မှာတည်ရှိတဲ့ Ixopi Regional Court တရားရုံးမှာ မတော်တဆ သေနတ်ထိမှန်မှုဖြစ်ပွားခဲ့ပြီး၊ ရှေ့နေတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ ဒီသတင်းကို Mirror က ဖော်ပြထားတာဖြစ်ပြီး AlinnMyay က ဘာသာပြန်လိုက်တာပါ။

ဒေသခံသတင်းတွေအဆိုအရ သေဆုံးသူမှာ အကြီးတန်းရှေ့နေတစ်ဦးဖြစ်တဲ့ Addelaid Ferreira-Watt လို့အမည်ရတဲ့ အမျိုးသမီးဖြစ်ပြီး၊ တရားရုံးသက်သေအဖြစ် တင်သွင်းလာတဲ့ သေနတ်ဟာ မတော်တဆ ကြမ်းပြင်ပေါ်ကို ပြုတ်ကျခဲ့ပါတယ်။ ကျည်ဆံ ဖွာပြီးထွက်တဲ့ သေနတ်ဖြစ်လို့-

ကျည်ဆန်တွေဟာ Addelaid ရဲ့ခြေထောက်ကို အရင်ထိမှန်ခဲ့ပါတယ်။ တစ်ချို့ကျည်ဆံတွေက ဘက်ဘက် တင်ပါးအတွင်းကနေ အပေါ်တည့်တည့် စိုက်ဝင်သွားခဲ့တာပါ။ သေနတ်ဒဏ်ရာတွေကြောင့် Addelaid ဟာ ငယ်ငံပါအောင် အော်ခဲ့ပြီး၊ သွေးတွေ ဒလဟော ပန်းထွက်လာလို့ ရုံးတော်လာရောက်သူတွေက တက်နိုင်သလောက် ပြုစုခဲ့ပါတယ်။

သေနတ်ကျည်ဆံတစ်ခုက Addelaid ရဲ့ သွေးလွှတ်ကြောမကြီးကို ထိမှန်ခဲ့တာကြောင့် ဒါဟာ သူမကို သေဆုံးစေတဲ့ အဓိကအကြောင်းအရင်းဖြစ်ခဲ့တယ်လို့ ဒေါက်တာတွေက ကောက်ချက်ချခဲ့ပါတယ်။ လူနာတင်ကား အမြန်ရောက်လာခဲ့ပေမယ့် သူမရဲ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။

သက်သေအဖြစ်တင်သွင်းတဲ့ သေနတ်ဟာ ဘာကြောင့် ကျည်အပြည့်ဖြစ်နေရတာလဲဆိုတာရယ်၊ သေနတ်ဟာ မောင်းတင်လျှက်သား ဘာလို့ဖြစ်နေသလဲဆိုတာရယ်ကို တောင်အာဖရိက ရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေပါတယ်။ ရှေ့နေ Addelaid မှာ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)