ည ၁၁ နာရီလောက်မှာ ဖုန်းဒိုင်းဆိုတဲ့ အသံအကျယ်ကြီး ကြားပြီးတဲ့နောက်

385

ဒီအကြောင်းအရာလေးကတော့ လူမှုကွန်ယက်အကောင့်ပိုင်ရှင်ဖြစ်တဲ့ Naung Naung Kyaw ဆိုတဲ့ အကောင့်ပိုင်ရှင်မှ ကိုယ်တိုင် အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို လူတိုင်း သိရှိပြီး သတိထားမိစေဖို့ တင်ပြထားခြင်းဖြစ်ပါတယ်။ အဆိုပါအဖြစ်အပျက်ကို အားလုံးသိစေဖို့ အားလုံး သတိထားကြမိစေဖို့ ရည်ရွယ်ချက်ဖြင့် တစ်ဆင့် ပြန်လည် မျှဝေးပေးလိုက်ခြင်းဖြစ်ပါတယ်။

ည ၁၁ နာရီ ၄ မိနစ် ကျွန်တော် တို့ အိပ်ခန်းထဲ က Air Con စဖွင့် ပြီး ၁ မိနစ်လောက် အကြာ မှာ ဖုန်း ဒိုင်း ဆိုတဲ့ အသံ အကျယ်ကြီး နဲ့ ပေါက်ကွဲ သံ စကြား ရပြီး မီးလောင်တော့ အခန်းထဲမှာ သမီးက တစ်ယောက်ထဲ ကလေးဆော့ တဲ့ အသံမည် Laptop နဲ့ သီချင်းတွေ ဖွင့် နေတော့ AirCon ပေါက်ကွဲ မီးလောင်သံ ကို သူ့ရဲ့ laptop သီချင်းသံ လို့ ထင်မိ သေးတာ ကျွန်တော် က ထမင်းစား ခန်းထဲ မှာ ရေနွေး သောက် နေတာပါ ၅ စက္ကန့် လောက် နေတော့ ကျွန်တော် ရိပ်မိ လာတယ်

အသံမည် ပုံက ပုံမှန် မဟုတ်တာကို အခန်းထဲ ပြေးသွားပြီး ကြည့်တော့ AirCon က မီးလောင်ပြီး မီးခိုးတွေ အင်မတန် ထွက်နေပြီ သမီးက သူ့ ရဲ့ ကစားစရာ laptop ကနေ မျက်နှာ မခွာ နိုင်အောင် စိတ်ဝင်စား နေတယ် မီးတောက် က သူ့ ခေါင်းပေါ် မှာ သူ မသိဘူး

ကျွန်တော် တို့ မိသားစု ကံကောင်းတာ က 5 years guarantee 2 KG မီးသတ် ဆေးဘူး ဝယ်ဆောင်ထားပြီး မီးလောင်ရင် အဲဒီ ဆေးဘူး ကို ဘယ်လို အသုံးပြု ရသလဲ ဆိုတာ အိမ်သူ အိမ်သား အားလုံး ကို ၃ ၄ ခါ သင်ကြား ပြသ ပေးထါးတာရယ် အိပ်ခန်းရဲ့ မျက်နှာကျက် ကို ကျောက်ပြား AC Sheet နဲ့ မိုးထားမိတာပါ

အိပ်ခန်း က လွဲလို့ တစ်အိမ်လုံး Ceiling Sheet installation ကို Aluminum composite ပြားတွေနဲ့ မိုးထားမိတာပါ။

အိပ်ခန်း သာ AC Sheet မမိုးထားမိရင် ကျွန်တော် တို့ မိသားစု ၃ ယောက်စလုံး အိပ်ပျော် နေချိန် ကျမှ မီးလောင် ခဲ့ရင် အသက် အန္တရာယ်များ လွန်းပြီး နိုးလို့ ငြိမ်း လို့ မနိုင် လို့ လူလွတ်အောင် ပြေးရရင် အိမ်ဆုံးရှုံးပြီး အိမ်ထောင်ဦးစီး ကျွန်တော် က ထောင်နန်းစံ ရမှာပါ ဒီလို AirCon မီးမလောင်ခင် ၃ ရက်လောက်က အဲကွန်းက အနံ့ဆိုး တွေ ထွက်သေးတယ်

ဒါပေမဲ့ ကျွန်တော် က gasoline generator တစ်နေကုန် နှိုးထားပြီး အလုပ် လုပ်လို့ အဲဒီ ဓာတ်ဆီ မီးစက် က ထွက်တဲ့ ကာဗွန်မိုနော့ဆိုက် အငွေ့အသက်တွေ ကို AirCon ရဲ့ outdoor unit က တနေကုန် စုပ်ယူ ထားလို့ သာ indoor unit က အနံ့ဆိုးတွေ ထွက်တယ် ထင်ပြီး AirCon services ကို ခေါ်မပြမိဘူး

ဘာရယ် မဟုတ်ဘူး ဆွေမျိုး တွေနဲ့ မိတ်ဆွေ အပေါင်းတို့ ကို့ ကျွန်တော် တို့အိမ် ရဲ့ AirCon မီးလောင်မှု အား သင်ခန်းစာ သတိပြု ဆင်ခြင်နိုင် ပါရန် အားလုံး အကျိုးရှိစေမယ်ထင်လို့ မျှဝေပါ တယ် ခင်ဗျာ

ဒီနေ့ ည အဖို့ တော့ AirCon အေးအေး လေးနဲ့ အိပ် လိုက်ပါ ဦးမည် ။

အိပ်ခန်းထဲ လည်း မီးသတ် ဆေးဘူး ထဲက powder မှုန့် တွေ ပွထပြီး အလွန်မွေးပျံ့ နေလေရဲ့

ဒါပေမယ့် မနက်ဖြန် မီးသတ်ဆေးဘူး ၃ ဘူး ထပ်ဝယ်ပြီး ဆောင်ထားမှ အင်းစိန်ထောင်နဲ့ ဝေးပါမည်။

အားလုံး ပဲ မင်္ဂလာ ညချမ်းပါ

Credit – Naung Naung Kyaw