ဒီ ကလေး အသက်ဆက်ရှင်နိုင်ဖို့ ကူညီပေးကြပါရန်..

154

မွေးရာပါ ပုံမှန်ထက်ခေါင်းထက် ပိုကြီးသည့် ဝေဒနာခံစားနေရသော ကလေးအား ဆေးကုသရန်အတွက် ဝိုင်းဝန်းကူညီပေးကြပါရန်မိသားစုများက မေတ္တာရပ်ခံထားကြောင်းသိရသည်။

ခေါင်းအလုံးကြီး ဝေဒနာကိုခံစားနေရသည့် ကလေးသည် ဧရာဝတီတိုင်းဒေသကြီး မောင်းမကန်ကျေးရွာ၊တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ကလေး၏ခေါင်းမှ အလုံးကြီးသည် တစ်ရက်တစ်ခြားပိုမိုကြီးလာကာ ရောဂါဒဏ်ကို အသက်အရွယ်နှင့်မမျှအောင်ခံစားနရကြောင်း မိသားစုများထံမှသိရသည်။

အဆိုပါ ဝေဒနာခံစားနေရသည့် ကလေးငယ်သည် လသားအရွယ်ဖြစ်ပြီး ကလေးကို ဆေးကုသရန်အတွက် ငွေအခက် အခဲရှိနေသဖြင့် ချက်ချင်း မကုသနိုင်ခြင်းဖြစ်ကာ မိသားစုဆင်းရဲနွမ်းပါး တစ်ရက်လုပ် တစ်ရက်စားများဖြစ်ကြောင်း သိရသည်။

ကလေးအသက်ရှည်ဖို့ရေးအတွက် စေတနာရှင် ပြည်သူများ၏ ကူညီလိုအပ်နေပြီး ဝိုင်းဝန်း ကူညီပေးကြပါလို့ မိသားစုများက တောင်းဆိုထားသည်။

ဆက်သွယ် လှူဒါန်းပေးနိုင်ရန်အတွက် ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ၀၉-၂၅၄၈ ၂၁၇၆၈၊ ၀၉-၄၂၂၂၀၁၄၆၃ ဖြစ်ပါသည်။

သတင်းတာဝန်ခံ-ကျော်ခေတ်လင်း#AlinnMyay(အလင်းမြေ)

(Zawgyi)

အသက်အရွယ်နှင့် မမျှအောင် ဝေဒနာခံစား နေရသည့် ကလေး အသက်ရှင်ဖို့ ကူညီပေးကြပါ

ကျော်ခေတ်လင်း၊ နိုဝင်ဘာ(၂၁)#AlinnMyay(အလင်းမြေ)





