ရထားဂိတ် အလံပြအား ရထားဖြတ်ကြိတ်

182

တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ် ၊ရေနီမြို့ ဝန်ထမ်း အိမ်ယာအဝင် ရထားမောင်းတံဂိတ်တွင် နိုဝင်ဘာ ၂၂ ရက် မနက် ၂ နာရီဝန်းကျင် ရန်ကုန် – မန္တလေး အမှတ် ( ၁၃ ) အမြန်ရထားသည် ဂိတ်အလံ အချက်ပြ ဝန်ထမ်းအား တိုက်မိခဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

အတိုက်ခံရသူသည် ဂိတ်အလံ အချက်ပြ တာဝန်ထမ်းဆောင်နေသော ကိုနိုင်လင်းအောင် ( ၂၅ )နှစ် ဆိုသူဖြစ်ပြီး ၊ ရထားတိုက်မိခဲ့သောကြောင့် ခြေ နှစ်ဘက်ဖြတ်သွားခဲ့ကြောင်းသိရသည်။

​ရထားတိုက် ပြီး ခြေ နှစ်ဘက် ဖြတ်သွားသော ဂိတ်အလံ အချက်ပြ ဝန်ထမ်း ကိုနိုင်လင်းအောင် သည် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုမှုခံယူနေကြောင်းသိရသည်။

သတင်း – နေလင်းအောင် ( တောင်ငူ )/ ဓာတ်ပုံ – ko kyaw

#AlinnMyay(အလင်းမြေ )

(Zawgyi)


နိုဝင်ဘာ(၂၂)AlinnMyay(အလင်းမြေ )





#AlinnMyay(အလင်းမြေ )