သမီးပျောက်လို့ အပူမီးဝိုင်းနေတဲ့ ဖခင် အတွက် ကူညီပြီး မျှဝေပေးကြပါနော်..

1637

အရမ်းကို အရေးကြီးပါတယ် (၁၃) နှစ်အရွယ် သမီးလေး ပျောက်နေလို့ ကူညီပေးကြပါလို့ တောင်းဆိုပါရစေ။ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် အိမ်နံပါတ် (ဒဒ/၅) မှာ နေထိုင်သော ဖခင်ဖြစ်သူ ကိုတင်မြင့်ဇော် ရဲ့ သမီး မချယ်ရီအောင် အသက် (၁၃) နှစ်သည် ပြင်ဦးလွင်မှာ နေထိုင်သော ဖခင်နှင့် ကွဲနေသူ မိခင်ဖြစ်သူ မမိုးမိုးသန္တာဧ။် နောက်အိမ်ထောင် (ပထွေး) နှင့်အတူ ပြင်ဦးလွင်မှာနေထိုင်ရာကနေ (၁၆) ရက်နေ့ (၉) နာရီ (၁၀) နာရီလောက်မှာ အိမ်ကထွက်သွားပြီး ပျောက်နေတယ်လို့ ဖခင်အရင်းဖြစ်သူ ကိုတင်ဇော်မြင့်မှ AlinnMyay(အလင်းမြေ) မီဒီယာသို့ ပြောပြလာခဲ့ပါတယ်။

သမီးလေးက အရင်က ကျွန်တော်နှင့် အတူနေတယ် ကျွန်တော်က နယ်ဝေးမှာ အလုပ်သွားလုပ်တော့ သမီးလေးက အမေဆီနေချင်တယ်ဆိုလို့ ပို့ထားခဲ့ပါတယ်။ ကျွန်တော် အလုပ်ကနေပြန်လာရင် တော့ သားအဖနှစ်ယောက် အတူတူနေတော့မယ်လို့ စိတ်ကူးထားတယ်။ ပိုတဲ့ ပိုက်ဆံလေးနဲ့ အထည်လေးလည်း လုပ်ပေးမယ်လို့ စိတ်ကူးထားခဲ့တာ အခုကျွန်တော်ပြန်လာတော့ သမီးလေး ပျောက်နေတယ်။

ကျွန်တော် အလုပ်လုပ်လို့ ရလာတဲ့ ငွေလေးလည်း အခု သမီးလေးကို ရှာရတဲ့ စရိတ်နဲ့ ကုန်ပါပြီ။ ကျွန်တော်ငွေကုန်တာ မနှမြောပါဘူးဗျာ သမီးလေးကို ကျွန်တော်ပြန်ရရင် ကျေနပ်ပါပြီ။ သမီးလေးကို အမြန်ပြန်တွေ့ချင်ပါတယ်။ အားလုံးသော မိတ်ဆွေများ ကျွန်တော့်သမီးလေးကို တွေ့ ရင် ကျွန်တော့်ဆီကို အမြန်ဆုံးဆက်သွယ်ပေးကြပါ။ ကျွန်တော်ဘာမှ မလိုချင်ပါဘူး ကျွန်တော့်သမီးလေးကို ပြန်တွေ့ချင်ပါတယ်။ ကျွန်တော့်သမီးလေးကို ပြန်လိုချင်ပါတယ်လို့ ကိုတင်မြင့်ဇော်မှ AlinnMyay(အလင်းမြေ) မီဒီယာသို့ ကြေကွဲ ဝမ်းနည်းစွာ ပြောခဲ့ပါတယ်။

AlinnMyay(အလင်းမြေ) မီဒီယာ ပရိသတ်ကြီးနဲ့ အတူ အွန်လိုင်းအသုံးပြုသူများအားလုံး ဒီ ဗွီဒီယိုလေးကို ကြည့်ပြီး မျှဝေပေးကြပါရန်နှင့် သမီးလေး မချယ်ရီအောင်ကို တွေ့ရှိပါကလည်း ဖခင်ဖြစ်သူ ကိုတင်မြင့်ဇော်ရဲ့ ဖုန်းနံပါတ် – (၀၉ ၈၉၇၈၃၄၀၉၀) သို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် AlinnMyay(အလင်းမြေ) မီဒီယာ မှ လေးစားစွာဖြင့် ထပ်ဆင့်အကူအညီ တောင်းခံပေးလိုက်ပါတယ်ခင်ဗျာ။

#AlinnMyay(အလင်းမြေ)


နိုဝင်ဘာ(၂၃)AlinnMyay(အလင်းမြေ)





#AlinnMyay(အလင်းမြေ)