မိတ်ကပ် ဝယ်ချင်လို့၊ စျေးပေါတဲ့အရာတွေ စားခဲ့တဲ့ကောင်မလေးရဲ့အဖြစ်ဆိုး

170

မိန်းကလေးဆိုတာ အလှမက်တတ်တာ သဘာဝပါဘဲ။ သူတို့တစ်တွေရဲ့အလှကို အထောက်အကူပြုပေးနိုင်တဲ့ မိတ်ကပ်၊ ဆံပင်ဆိုးဆေး၊ အဝတ်အစား စတာတွေကို စျေးဘယ်လောက်ကြီးကြီး ဝယ်လိုကြတာ ဓမ္မတာပါ။ ဒါပေမယ့် အခုခေတ်မှာ မိတ်ကပ် Brand တွေက အပြိုင်ထွက်နေသလို၊ စျေးတွေလည်း ကြီးလှပါတယ်။

အခု WorldOfBuzz က ဖော်ပြထားတဲ့ အကြောင်းလေးမှာတော့ အမျိုးသမီးငယ်တစ်ဦးဟာ သူမကြိုက်တဲ့ မိတ်ကပ် Brand တွေ ဝယ်နိုင်ဖို့အတွက် အစားအစာဘက်မှာ ချွေတာပြီး ငွေစုခဲ့ပါတယ်။ သူမဟာ အစားအစာနဲ့ပတ်သက်ရင် စျေးပေါပေါပဲ သုံးပြီး ဗိုက်ပြည့်ရင် ပြီးတာပဲလို့ မှတ်ယူခဲ့ပါတယ်။

ဒီအကြောင်းကို AlinnMyay ကနေ ဘာသာပြန်လိုက်တာပါ။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အသက်(၂၆)နှစ်အရွယ် မိန်းမပျိုလေးဟာ စျေးပေါလွန်းတဲ့ အစားအစာတွေကို စားခဲ့မိတာကြောင့် ကံဆိုးစွာပဲ အစာအိမ်ကင်ဆာကို ခံစားခဲ့ရပါတယ်။ သူမဟာ အစားအစာနဲ့ပတ်သက်ပြီး ဘယ်တုန်းကတည်းက ဒီအကျင့်ဆိုး စခဲ့တယ်တောင် မသိပါဘူးတဲ့။

ဒီလိုနဲ့ သူမရဲ့ အစာစားချင်စိတ်ကို တဖြည်းဖြည်းထိခိုက်လာခဲ့ပါတယ်။ ဆေးရုံကိုသွားပြတဲ့အခါမှာတော့ သူမမှာ အစာအိမ်ကင်ဆာ ဖြစ်နေပါပြီ။ နောက်ဆုံးအဆင့်ဖြစ်တဲ့အတွက် ကုမရတော့ပါဘူး။ အလုပ်ကလည်း ထွက်လိုက်ရပါပြီ။ နေ့တိုင်း ဆေးရုံသွားရတဲ့အတွက် စုထားတဲ့ပိုက်ဆံ ကုန်နေပါပြီတဲ့။

စျေးပေါတဲ့အစားအစာတွေကြောင့် ကင်ဆာဖြစ်နိုင်တယ်လို့ တိုက်ရိုက်ပြောလို့မရသော်လည်း၊ ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေဟာ သင့်တော်တဲ့စျေးနှုန်းပေးမှ ရနိုင်ပါတယ်။ အလှအပအတွက် စဉ်းစားသလို၊ ဘဝရဲ့ ကျန်းမာရေးအတွက်လည်း စဉ်းစားသင့်ကြောင်း ဒီအဖြစ်အပျက်က သက်သေပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)