ပရော်ဖက်ရှင်နယ်ကျကျ အလှပြင်မယ်

109

မိတ်ကပ်ပရော်ဖက်ရှင်နယ်တွေ ပြင်ဆင်ခြယ်သထားတဲ့ Makeup Look တွေ ကြည့်ပြီး ကိုယ်တိုင်ပြင်ချင်စိတ်တွေဖြစ်မိမှာပါ။ ပရော်ဖက်ရှင်နယ်တစ်ဦးလို ပြင်ဆင် ခြယ်သနိုင်ဖို့ ညတွင်းချင်းတော့ မဖြစ်သွားနိုင်ပါဘူး၊

လှေကားထစ်လေးတွေ တက်သလို Sအနစ ဘပ Sအနစ လေ့လာသွားရမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အလှကြိုက်တဲ့ ပျိုမေတို့ အတွက် ပရော်ဖက်ရှင်နယ်ကျကျ ပြင်ဆင်တတ်စေဖို့ လိုအပ်တဲ့ အချက်တွေကိုရေးပေး လိုက်ပါတယ်။

(၁) လေ့ကျင့်ပါ

“Practice makes perfect” ဆိုတာ ကို လူတိုင်းသိပြီးသားပါ။ မိတ်ကပ်ပရော်ဖက် ရှင်နယ်တစ်ဦးဖြစ်ဖို့ကလည်း ဒီအချက်ကို ဖယ်ချန်ခဲ့လို့ မရပါဘူး။ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ခြယ်သတာပဲဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတစ်ဦးဦးကို ပြင်ဆင်ခြယ်သပေးတာ ဘဲဖြစ်ဖြစ် လေ့ကျင့်မှုများများရှိဖို့ လိုပါတယ်။

အလေ့အကျင့်များများရှိလေ ပိုပြီး ကျွမ်းကျွမ်း ကျင်ကျင်လုပ်နိုင်လေပဲ ဖြစ်ပါတယ်။ လက် တွေ့လုပ်ကြည့်ပါ၊ သင်ဘယ်နေရာတွေမှာ ကျွမ်းကျင်ပြီး ဘယ်နေရာတွေမှာ လိုအပ်လဲ ဆိုတာ သိလာပါလိမ့်မယ်။

(၂) အစဉ်မပြတ်လေ့လာပါ

သင်ဟာ ဘယ်လို Makeup Look မျိုး တွေကိုကြိုက်နှစ်သက်တာလဲ၊ ဘယ်သူတွေ က သင်စံထားထားတဲ့ မိတ်ကပ်ပရော်ဖက်ရှင် နယ်တွေလဲဆိုတာ လေ့လာပါ။ သင်ကြိုက်နှစ် သက်တဲ့ Makeup Look ကို သင့်မျက်နှာကျ ပုံစံ၊ မျက်လုံး၊ မျက်ခုံးပုံစံ၊ စသဖြင့်နဲ့ အလိုက် ဖက်ဆုံးဖြစ်အောင် ဘယ်လို ခြယ်သနိုင်မလဲ ဆိုတာအသေးစိတ်ဆည်းပူးလေ့လာပါ။

သင်နဲ့ ဘယ်လို Makeup Look မျိုးက လိုက်ဖက် တာလဲ၊ နဂိုအလှကို ပိုပြီး တောက်ပစေတာလဲ၊ ဘယ်အရောင်တွေက သင့်အသားရောင်ကို ပိုပြီး ပေါ်လွင်စေလဲဆိုတာကို အစဉ်မပြတ်လေ့ လာနေပြီး မှတ်သားထားဖို့လိုပါတယ်။ You­tube Channels တွေ၊Beauty Blogs တွေကနေ လေ့လာနိုင်ပါတယ်။

(၃) မှန်ကန်စွာရွေးချယ်ပါ

မိတ်ကပ်အလှကုန်ပစ္စည်း တွေက အများအပြားရှိသလို အလှကုန်တွေနဲ့ တွဲပြီးအသုံးပြုရ မယ့် Tools တွေကလည်း စုံစုံလင် လင်ရှိပါတယ်။ ကြော်ငြာတွေကြည့် ပြီး ကောင်းမယ်ထင်လို့တော့ ချက် ချင်းကောက်မဝယ်လိုက်ပါနဲ့။

ကုန် ပစ္စည်းနဲ့ပတ်သက်ပြီး Re­views တွေ အရင်ဖတ်ကြည့်ပါ၊ သင့်အသားအရေနဲ့ တည့်မတည့် Tester စမ်းသုံးကြည့်ပြီးမှ ဝယ်ပါ။ အရေအတွက်ထက် အရည်အသွေး ပိုကောင်းတာကို ဦးစားပေးရွေးဝယ်ပါ။ အလှ ကုန်ပစ္စည်းက သင့်အသားအရေပေါ်မှာ ရေ ရှည်အသုံးပြုမှာဖြစ်တဲ့အတွက် အန္တရာယ်မ ဖြစ်စေဘဲ စိတ်ချရတဲ့ အမှတ်တံဆိပ်မျိုးဖြစ်ဖို့ လည်း လိုပါတယ်။

(၄) နည်းလမ်းမှန်ကန်စွာအသုံးပြုပါ

ရွေးချယ်လိုက်တဲ့ အလှကုန်ပစ္စည်းက မှန်ကန်ပေမယ့် အသုံးပြုနည်းမှားနေရင်လည်း လိုချင်တဲ့ ရလဒ်မျိုး ရမှာမဟုတ်ပါဘူး။ နည်း လမ်းမှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ သင်ရဲ့ အလှကုန်ပစ္စည်း တစ်ခုချင်းစီတိုင်းရဲ့အားသာ ချက်၊ အားနည်းချက်တွေကို ချရေးထားပါ။

ဘယ်အလှ ကုန်ပစ္စည်းတွေကိုတွဲဖက်ပြီး ပြင် ဆင်ရင် ပိုကောင်းတဲ့ရလဒ်ရမလဲ၊ ဘယ် အလှကုန်တွေကိုတော့ တွဲဖက်ပြီး အသုံးမပြု သင့်ဘူးလဲဆိုတာကို သိ ထားဖို့ လိုပါတယ်။

(၅) စည်းစနစ်တကျလုပ်ဆောင်ပါ

မိတ်ကပ်အလှပြင်တာမှာ စည်းစနစ် ကျကျနဲ့ စိတ်ရှည်ဖို့လည်း လိုပါတယ်။ သင် ပြင်ဆင်မယ့်နေရာမှာ လိုအပ်မယ့် ပစ္စည်း တွေကို စနစ်တကျ ကြိုတင် ပြင်ဆင်ထားပါ။ လိုတော့မှ မွှေနှောက်ပြီး ရှာရတာမျိုး မဖြစ် အောင်လို့ပါ။ သတ်မှတ်ထားတဲ့အချိန်အ တွင်း၊ အချိန်ကိုက်ပြီး အောင်ပြင်ဆင်ခြယ်သ နိုင်ဖို့လည်း လိုပါတယ်။

အလှကုန်တွေကို တစ်ထပ်ပြီး တစ်ထပ်လိမ်းတဲ့အခါမှာ သူ့ အချိန်အတိုင်းအဆအလိုက် စောင့်ရတာရှိ သလို၊ ချက်ချင်းထပ်လိမ်းနိုင်တာလည်း ရှိပါ တယ်။ အလှကုန်တွေကို သူ့အစီစဉ်အလိုက် စနစ်တကျလိမ်းပါ၊ တွေ့ကရာကောက်ယူပြီး ပြင်ဆင်တာမျိုး မလုပ်ပါနဲ့။

(၆) ဝါသနာအရင်းခံပါ

ဘယ်အရာမဆို သင်ယူတဲ့အခါ ဝါသ နာအရင်းခံရှိပါမှ ကြိုးစားလိုစိတ်ရှိပြီး ဇွဲ မလျှော့မှာဖြစ်ပါတယ်။ တကယ်လို့သာ ဝါ သနာမပါဘူးဆိုရင် အခက်အခဲတစ်စုံတစ်ရာ ကြုံတာနဲ့ လုပ်လို့မရတော့ဘူး၊ မဖြစ်နိုင် တော့ဘူးဆိုပြီး လက်လျှော့မိပါလိမ့်မယ်။

ဒါကြောင့် သင်ဟာ မိတ်ကပ်ပြင်ဆင် တာကို ပရော်ဖက်ရှင်နယ်ကျကျဖြစ် စေဖို့ ဝါသနာအရင်းခံရှိဖို့၊ စဉ်းစား တီထွင်နိုင်စွမ်းကောင်းဖို့၊ အလှ အပမြတ်နိုးခံစားတတ်တဲ့စိတ်မျိုးရှိဖို့အရေးကြီးပါတယ်။

Darliko (Goodhealthmyanmar)