“​​ဈေး​ရောင်း​ကြေး ကစား​နေတဲ့ အ​မေ”

163

“​​ဈေး​ရောင်း​ကြေး ကစား​နေတဲ့ အ​မေ”

မောင်​ တစ်​ထမ်း မယ်​ တစ်​ရွက်​ လို့ ဆိုထား​ပေမဲ့ အ​ဖေ့ ​နေဝင်​ချိန်​​တွေ ​စော သွားကတည်းက ​မှောင်​သွားတဲ့ အိမ်​ငယ်​​လေးရဲ့ အသက်​ရှုသံဟာ အ​မေ့ ​ဦး​ခေါင်းနဲ့ပုခုံး​ထက်​မှာ အ​မေဟာ ထမ်းရင်း ရွက်​ခဲ့ရတယ်​။

အားကိုးရာ မဲ့ သွားတဲ့ မုဆိုးမကြီး အ​မေက အားကိုး ရှာ​နေတဲ့ သား အတွက်​ အားတင်းရင်း ပြုံးထားရ ဒီလိုနဲ့… ​ဈေးဗန်း​လေး ​ကောက်​ရွက်​လို့ အ​မေ့ ​ချွေးစက်​​တွေနဲ့ သား ပညာ​ရေးကို အသက်​ဆက်​​စေခဲ့တယ်​။

ပညာတတ်​ကြီး ဖြစ်​​စေချင်​ခဲ့တဲ့ တမလွန်​က အ​ဖေ့ ဆန္ဒ … ဖြည့်​​ဆည်း​ပေးချင်​ရှာတဲ့ အ​မေ့ ​လောဘ … ​ ဧည့်​ခန်းထဲ ချိတ်​ထားမဲ့ ဘွဲ့ဓာတ်​ပုံ​ဟာ အ​မေ့ ​အတ္တ …. အဖြူ​ရောင်​ အတ္တနဲ့ ​အ​ရောင်​မဲ့ ​လောဘ​တွေ ချနင်းရင်း သားငယ်​ဟာ မြို့​ကျောင်းကို ခရီး ဆက်​ခဲ့ရတယ်​။

အ​မေ့ ​ဈေးဗန်း​လေးထဲ ​ရော်​ရွက်​ဝါ​တွေ လွင့်​လွင့်​လူး သလို မိုးစက်​​တို့လည်း ​ကြွေခဲ့ နှင်းရည်​​အေးလည်း စိုရဲ့ ပြက္ခဒိန်​​တွေ တစ်​ရွက်​ခြင်း ချ နင်းရင်း သား ​လေး ဘွဲ့ယူရန်​ လက်​တစ်​ကမ်း အလို ​တွေးကြည့်​မိ​တော့ …. မျက်​ဝန်း က ခုန်​ ထွက်​လာတဲ့ ပီတိ​ဟာ ပါးပြင်​မှာ ​ဝေဆာ ပွင့်​ဖူးလို့။

တချပ်​ချပ်​ မည်​သံ​ပေးတဲ့ စက္ကန့်​သံဟာ တစ်​ပတ်​ပြီး တစ်​ပတ်​ လည်​​နေစဲ မြို့​ကျောင်း တက်​​နေတဲ့ သားလူ​လေး​တောင်​ စာ မလာ သတင်း မပါးတာ အ​တော်​ အတန်​ ကြာခဲ့ပြီ မြို့ပြ အ​ရောင်​စုံ​တွေကြား ဗျာ များ​နေ​မယ်​ထင်​ရဲ့ ​ငွေ မလို​သေးလို့ပဲ ဖြစ်​မယ်​ လို့ ​တွေးကြည့်​မိ​တော့ အ​မေ့ နှုတ်​ခမ်းဟာ အလိုလို ​ကွေးရဲ့ ပြုံး ​နေတာပဲ ဖြစ်​မယ်​ ထင်​တယ်​။

စိတ်​နဲ့​မောင်းတဲ့ အင်​ဂျင်​ကို ဘယ်​အရာက ရပ်​တန့်​နိုင်​မှာလဲ ဆန္ဒ​တွေရဲ့​နောက်​က ပြည့်​စုံခြင်းမှာ မာယာ​တွေ အလိမ်းလိမ်းနဲ့ မြို့က စာ လာတယ်​တဲ့​လေ။

အ​မေဟာ ပြုံးပြုံးကြီး ​ပျော်​လို့​​ကောင်းတုန်း ​အပြုံးရဲ့ ​နောက်​ကွယ်​က အရှုံးဟာ သားဘဝ ဖြစ်​မယ်​လို့ အ​မေ မရိပ်​စားမိ​သေး အနိစ္စ ဆိုတာ အမြဲ ​ခြေသံ လုံ ခဲ့သလို ​လောကဓံ ဆိုတာလည်း တကယ့်​ ​မှော်​ဆရာလို ပါပဲ အ​မေ။

အ​မေ ​မျှော်​​နေတဲ့ ဒီစာဟာ ​လေ​ပြေ ဖြစ်​ခဲ့ရင်​ ဖတ်​လိုက်​ရတဲ့ ​သေခြင်းတရားဟာ ရင်​ကို​မွှေတဲ့ မုန်​တိုင်းဖြစ်​ရဲ့ လက်​ဖဝါးထဲ ကိုင်​ဆုပ်​ထားတဲ့ စာလွှာ​လေးဟာ အ​မေ့ အ​ရေပြား​တွေလို တွန့်​လိမ်​ ​ကြေမွှ မျက်​ဝန်း တံခါးက ခုန်းဆင်းလာတဲ့ မျက်​ရည်​စဟာ ​မျှော်​လင့်​ချက်​ ​တွေလို ​မြေ​ပေါ် လွှင့်​စင်​ ကျ ခဲ့ရပြီ။

ရင်​ကို ထိုးဆွခဲ့တဲ့ စာသားမှာ အ​မေ့သား ကားဘီး​အောက်​က ​သွေးအိုင်​ထဲမှာ ဘဝ တစ်​ပါး လွင့်​ပါးသွားတာ ပွဲခြင်းပြီးတဲ့​လေ…… မျက်​​စေ့​ရှေ့က ငရဲဟာ စာရွက်​​ပေါ်မှာ မစဲ​တော့တဲ့ မုန်​တိုင်းထဲ အ​မေဟာ ဒုတိယ မပဋာ ဖြစ်​ခဲ့ရတယ်​။

သံသရာတစ်​ခန်း ရပ်​သွား​တော့ ​လောကဟာ ​မှောင်​အတိ အရာရာဟာ နတ္ထိ အ​မေ့ အတွက်​ ယူမ​ပေးနိုင်​​တော့တဲ့ အ​ဖေ့ရဲ့ ဆန္ဒ​လေး….

မျှော်​လင့်​ချက်​​တွေ အပြည့်​ ဖြည့်​ထားတဲ့ ​ဈေးဗန်း​လေးကို အားနာမိရဲ့ ကမ္ဘာ တခြား လွင့်​ပါးသွားရတဲ့ သားလည်း ​ အ​ဖေနဲ့​တွေ့ဖြစ်​ခဲ့ရင်​ မျက်​နှာ ပြရဲမယ်​ မထင်​ဘူး အ​မေ။

ဖြေစရာ တရားကို ဘယ်​ဘုရားမှာ သွားရှာရမလဲ သား အုတ်​ဂူ​ဘေး က​လေး​လေးလို ​ဈေး​ရောင်း​ကြေး ကစား​နေတဲ့ အ​မေ ​ရာသီ​ပေါ် သီးနှံ​တွေလည်း ငို​နေကြရဲ့ ​​ဗန်းထဲက ဘွဲ့လက်​မှတ်​ အတုမှာ မျက်​ရည်​​ အစစ်​​တွေ ရွှဲ​စို​နေဆဲ သီးကင်း​​လေး ​ကြွေကျသွားတာ မြန်​လွန်းခဲ့ပါတယ်​ အ​မေ။ ။

လူချို