မကုန်တဲ့ပင်လယ်စာတွေကို နောက်တစ်ရက်မှာ နွှေးပြီးစားခဲ့သူ၊ အဖြစ်ဆိုးကြုံရ

426

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က အသက်(၇၂)နှစ်အရွယ် အဖိုးအိုတစ်ယောက်ဟာ ညစာမှ စားလို့မကုန်တဲ့ ပင်လယ်စာတွေကို နောက်တစ်ရက်မှာ ဆက်နွှေးပြီးစားခဲ့တဲ့အတွက် သေလုမြောပါး အစာအဆိပ်သင့်မှုကို ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဆေးရုံကို ဒီထက်ပို နောက်ကျပြီးမှ ရောက်သွားခဲ့ရင် သေနိုင်ပါတယ်။

အဆိုပါ အဖိုးအိုဟာ ပင်လယ်စာအကြွင်းအကျန်တွေကို နွှေးပြီး စားသောက်ခဲ့ပြီးနောက် မကြာမီမှာပဲ ချက်ချင်းအဖျားတက်လာခဲ့ပါတယ်။ နောက် ဝမ်းလည်း အလွန်အမင်းလျှောခဲ့ပါတယ်။ ပြီးတော့ လူလည်း လေးလံထိုင်းမှိုင်းခဲ့ပြီး၊ အမြင်အာရုံ မကြည်မလင်တွေ ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ရက်ကျန်ပင်လယ်စာဆီမှာ အဆိပ်အတောက်တွေ ဝင်နေခဲ့ပြီး၊ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်ဆောင်မှု သာမန်ထက် (၃)ဆလောက် နှေးကုန်ပါတယ်။ ဒီအခြေအနေဟာ အလွန်အန္တရာယ်ရှိပြီး၊ အသက်ကိုတောင် သေစေနိုင်ပါတယ်။ သွေးတွင်းအဆိပ်တက်ခြင်းလို့ ဒေါက်တာတွေက ပြောပါတယ်။

သွေးကို ဒေါက်တာတွေက စစ်ဆေးတဲ့အခါ Gram-negative bacteria ကို တွေ့ရှိခဲ့ရပါတယ်တဲ့။ ဒေါက်တာတွေကတော့ မလက်ဆက်တဲ့ ပင်လယ်စာတွေဟာ တစ်ခြားအစားအစာတွေနဲ့မတူ အဆိပ်အတောက် အမြန်ဖြစ်စေလို့ အထူးရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)