ကျွန်မသမီးလေးကို ကယ်တင်ဖို့ ကူညီဆောင်ရွက်ပေးကြပါဦး ဟု မိခင်ဖြစ်သူဒေါ်ချို ပြော..

233

ကျမတို့က မရှိဆင်းရဲသားတွေဖြစ်လို့ ကျွန်မသမီးလေးကို ကယ်တင်ဖို့ ကူညီဆောင်ရွက်ပေးကြပါဦး ဟု မိခင်ဖြစ်သူဒေါ်ချို ပြော

စစ်ကိုင်းတိုင်း မင်ကွန်းတိုက်နယ် ကင်းကျေးရွာ မှ မိခင်ဖြစ်သူဒေါ်ချိုချိုရဲ့ သမီး မဝင်းမြတ်သူ (၁၄) နှစ်အား အမရပူရမြို့နယ် ရွှေကြက်ယက်ရွာမှာနေတဲ့ ယောင်းမ တော်စပ်သူ မစန်းမူ ဆိုသူထံ လဖက်ရည်ဆိုင်မှာထားပေးမယ်ဆိုပြီး ခေါ်သွားရာမှ တရုတ်ပြည်ကို အိမ်အကူလုပ်ရန်ဆိုပြီး မိခင် ဖြစ်သူ ဒေါ်ချို မသိရှိပဲ ရောင်းစားခံခဲ့ရတဲ့ ကိစ္စအား မိခင်ဖြစ်သူမှ နိုဝင်ဘာ(၂၇) ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှ ပြန့်နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကိုတွေ့ရှိရာမှ သိရပြီး

မစန်းမူ နေထိုင်တဲ့ အမရပူရမြို့နယ် ရဲစခန်းကို သွားရောက် အမူဖွင့်တိုင်ကြား ခဲ့ပေမယ့် အမရပူရ ရဲစခန်းမှ အမှုဖွင့်ပေးလို့ မရ၍ မိခင်ဖြစ်သူဒေါ်ချိုချို နေထိုင်ရာ နေရာမှာ မင်းကွန်းတိုက်နယ်ဖြစ်သည့်အတွက် စစ်ကိုင်ရဲစခန်းသို့ သွားရောက် အမှုဖွင့်ရမည်ဟုဆို၍ စစ်ကိုင်းရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း လိုက်ပါကူညီ ဆောင်ရွက်နေသူ ကိုကျော်စွာမှ ပြောသည်။

သို့ရာတွင် စစ်ကိုင်းရဲစခန်းမှလည်း အမှုဖွင့်ပေးခြင်းမရှိခဲ့ကြောင်း ကိုကျော်စွာမှ ဆက်လက်ပြောကြားသည်။ ထို့နောက် နိုဝင်ဘာ ၂၈ ရက် ၂၀၁၉ တွင် အမရပူရ ရဲစခန်းမှ လူပျောက် အမှတ်စဉ် (၂၃/၂၀၁၉) ဖြင့် အမှုလက်ခံ ဖွင့်ပေးခဲ့ပြီး မန္တလေးမြို့ အမှတ်(၁၁) လူကုန်ကူးမှု ထားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်လက်တိုင်တန်းခဲ့ကြောင်းသိရသည်။

#AlinnMyay(အလင်းမြေ)

က်မတို႔က မရွိဆင္းရဲသားေတြျဖစ္လို႔ ကၽြန္မသမီးေလးကို ကယ္တင္ဖို႔ ကူညီေဆာင္ရြက္ေပးၾကပါဦး ဟု မိခင္ျဖစ္သူေဒၚခ်ိဳ ေျပာ

နိုဝင္ဘာ(၂၈)AlinnMyay(အလင္းေျမ)

စစ္ကိုင္းတိုင္း မင္ကြန္းတိုက္နယ္ ကင္းေက်းရြာ မွ မိခင္ျဖစ္သူေဒၚခ်ိဳခ်ိဳရဲ့ သမီး မဝင္းျမတ္သူ (၁၄) ႏွစ္အား အမရပူရၿမိဳ႕နယ္ ေရႊၾကက္ယက္ရြာမွာေနတဲ့ ေယာင္းမ ေတာ္စပ္သူ မစန္းမူ ဆိုသူထံ လဖက္ရည္ဆိုင္မွာထားေပးမယ္ဆိုၿပီး ေခၚသြားရာမွ တ႐ုတ္ျပည္ကို အိမ္အကူလုပ္ရန္ဆိုၿပီး မိခင္ ျဖစ္သူ ေဒၚခ်ိဳ မသိရွိပဲ ေရာင္းစားခံခဲ့ရတဲ့ ကိစၥအား မိခင္ျဖစ္သူမွ နိုဝင္ဘာ(၂၇) ရက္ေန႔တြင္ လူမႈကြန္ယက္စာမ်က္ႏွာမွ ျပန႔္ႏွံ့လာတဲ့ ဗြီဒီယိုဖိုင္ကိုေတြ႕ရွိရာမွ သိရၿပီး

မစန္းမူ ေနထိုင္တဲ့ အမရပူရၿမိဳ႕နယ္ ရဲစခန္းကို သြားေရာက္ အမူဖြင့္တိုင္ၾကား ခဲ့ေပမယ့္ အမရပူရ ရဲစခန္းမွ အမႈဖြင့္ေပးလို႔ မရ၍ မိခင္ျဖစ္သူေဒၚခ်ိဳခ်ိဳ ေနထိုင္ရာ ေနရာမွာ မင္းကြန္းတိုက္နယ္ျဖစ္သည့္အတြက္ စစ္ကိုင္ရဲစခန္းသို႔ သြားေရာက္ အမႈဖြင့္ရမည္ဟုဆို၍ စစ္ကိုင္းရဲစခန္းသို႔ သြားေရာက္ကာ အမႈဖြင့္ တိုင္ၾကားခဲ့ေၾကာင္း လိုက္ပါကူညီ ေဆာင္ရြက္ေနသူ ကိုေက်ာ္စြာမွ ေျပာသည္။

သို႔ရာတြင္ စစ္ကိုင္းရဲစခန္းမွလည္း အမႈဖြင့္ေပးျခင္းမရွိခဲ့ေၾကာင္း ကိုေက်ာ္စြာမွ ဆက္လက္ေျပာၾကားသည္။ ထို႔ေနာက္ နိုဝင္ဘာ ၂၈ ရက္ ၂၀၁၉ တြင္ အမရပူရ ရဲစခန္းမွ လူေပ်ာက္ အမွတ္စဥ္ (၂၃/၂၀၁၉) ျဖင့္ အမႈလက္ခံ ဖြင့္ေပးခဲ့ၿပီး မႏၲေလးၿမိဳ႕ အမွတ္(၁၁) လူကုန္ကူးမႈ ထားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သို႔ ဆက္လက္တိုင္တန္းခဲ့ေၾကာင္းသိရသည္။

#AlinnMyay(အလင္းေျမ)