ဒီအမေနဲ့ ဒီသမီး အမြန်ဆုံး ပြန်လည် ဆုံစည်း စေချင်

575

ဒီအမေနဲ့ ဒီသမီး အမြန်ဆုံး ပြန်လည် ဆုံစည်းနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစား ကူညီပေးကြပါရန် လေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။

အမှုဖြစ်စဉ် သိရသလောက်… စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းတိုက်နယ်၊ ကင်းကျေးရွာမှ မိခင်ဖြစ်သူ မချို ရဲ့ အရင် အိမ်ထောင် ကိုသုမောင် နှင့် ရခဲ့သော သမီးဖြစ်သူ မဝင်းမြတ်သူ (၁၄) နှစ် အား မိခင်ဖြစ်သူ မချိုရဲ့ လက်ရှိအိမ်ထောင် ကိုမှတ်နီ (ပထွေး) တော်စပ်သူရဲ့ အမဖြစ်သူ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်၊ ခြောက်သွေးသောက်ရပ်ကွက်နေ မစန်းစန်းမူ မှ လဘက်ရည်ဆိုင်တွင် ထားပေးပါမည်။ တစ်လကို နှစ်သိန်းခွဲရမယ်လို့ လိမ်လည်ပြောဆိုခါ ခေါ်ဆောင်သွားခဲ့ပြီး မိခင်ဖြစ်သူ မချို မသိပဲ တရုတ်ပြည်မှာ ရောင်းစားခံထားရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

အဆိုပါ (၁၄) နှစ်သမီးလေး မဝင်းမြတ်သူ အား နိုဝင်ဘာလ (၂၆) ရက်နေတွင် လူမှု့ကွန်ယက် စာမျက်နှာ Kyaw Kyaw အကောင့်ပိုင်ရှင်မှ တင်ပြခဲ့သော တရုတ်ပြည်မှာ ရောင်းစားခံထားရတဲ့ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့လာကာ မိခင်ဖြစ်သူ မချိုရဲ့ အသိမိတ်ဆွေများမှ နင့်သမီး တရုတ်ပြည်မှာ ရောင်းစားခံထားရပြီဖြစ်ကြောင်း ဗွီဒီယိုဖိုင်ကို လာရောက် ပြသပြောဆိုရာမှ မိခင်ဖြစ်သူ မချိုသည် သမီးဖြစ်သူ တရုတ်ပြည်မှာ ရောင်းစားခံထားရကြောင်း သိရသည်ဟုဆိုသည်။

ထို့နောက်တွင် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို ခေါ်ဆောင်သွားသော မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်၊ ခြောက်သွေးသောက်ရပ်ကွက်နေ မစန်းစန်းမူ ထံသို့ နိုဝင်ဘာလ (၂၇) ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက် တွေ့ဆုံမေးမြန်သောအခါ အမှန်အတိုင်းပြောဆိုခြင်း မရှိပဲ လိမ်ညာပြောဆိုနေသဖြင့် မိမိနေရပ်သို့ ပြန်သွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းတိုက်နယ်၊ ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများကို ခေါ်ဆောင်ကာ နိုဝင်ဘာလ (၂၇) ရက်နေ့ ညပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရဲစခန်းသို့ သွားရောက် တိုင်ကြားကာ အမှူဖွင့်ပေးရန် တောင်းဆိုခဲ့သည်။

ထိုသို့ အမှုဖွင့်ပေးရန် တောင်းဆိုရာတွင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရဲစခန်းမှ တိုင်တန်းသူမှာ မင်းကွန်းတိုက်နယ် ကင်းကျေးရွာ ဖြစ်သည့်အတွက် စစ်ကိုင်း ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားစေရန် စေလွှတ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မိခင်ဖြစ်သူ မချို နှင့် ကင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့သည် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် စစ်ကိုင်းရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားရာတွင်လည်း မဝင်းမြတ်သူကို လိမ်လည်ခေါ်ဆောင်သွားသူ မစန်းစန်းမူမှာ အမရပူရမြို့နယ် ရွှေကြက်ယက် ဖြစ်သည့်အတွက် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရဲစခန်းသို့သာ ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။

ထို့နောက်တွင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရဲစခန်းသို့ နိုင်ဝင်ဘာလ (၂၈) ရက်နေ့တွင် ပြန်လည်သွားရောက် တိုင်ကြားရာမှ လူပျောက် အမှတ်စဉ် (၂၃/၂၀၁၉) ဖြင့် အမှုဖွင့်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် မန္တလေးမြို့ အမှတ်(၁၁) လူကုန်ကူးမှု ထားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်လက်တိုင်တန်းခဲ့ကြောင်းသိရသည်။

#AlinnMyay(အလင်းမြေ) #လူပျောက်

အင်တာဗျူး ဗွီဒီယိုဖိုင် ကြည့်ရန်